မြောက်ကျွန်းအသည်း နောက်ဆုံးခွဲ
diz_admin
September 26, 2020သဂုတ်လ ဆန်းပိုင်း။ညစာစားရန်ပြင်ဆင်နေကြရင်း နယူးဇီလန်ကလာသည့် ရေဒီယိုသတင်း ကြေညာချက်တစ်ခုကို ကြားလိုက်ကြသဖြင့် အားလုံးလိုလိုပင် စိတ်နည်းနည်းစီ ညစ်သွားခဲ့ကြသည်။ နယူးဇီလန်၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့တွင် ကိုဗစ်ရောဂါကူးစက်ခံရသူတချို့ရှိလာခဲ့ပြီး ထိုသူများမှာ ပြည်ပခရီးသွား ရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ ခြင်းလည်းမရှိသဖြင့် ဒေသတွင်း ကူးစက်မှုဟု ယူဆရသည်တဲ့။ ရောဂါပိုးတွေ့ရှိသူများမှာလည်း အားလပ်ရက်များတွင် နိုင်ငံအနှံ့ ခရီး ထွက်ခဲ့ကြသည်တဲ့လေ။ ကောင်းရော။ ထိုညက စားခဲ့သောညစာမှာ ဘာအရသာ ရှိမှန်းပင်မသိ။ ညစာစားရင်း ပြောဖြစ်ခဲ့ ကြသည်များကလည်း စိတ်မချမ်းမြေ့စရာ ကိုဗစ်ရောဂါအကြောင်းများသာ။ ညစာစားပြီး၍ အခန်းသို့ပြန်ကာ အလုပ်လုပ်ရန် ကွန်ပျူတာဖွင့်လိုက်မိသည်နှင့် ဝိတိုရိယတက္ကသိုလ်က မိမိတို့ကျောင်းသားများထံ ပို့ထားသော လျှပ်ချောစာတစ် စောင်ရောက်နှင့်နေသည်။ ကိုဗစ်သတိပေးချက်နှင့် တက္ကသိုလ်ပရဝုဏ်အတွင်း လိုက်နာရမည့် စည်းကမ်းများတဲ့။ ဖုန်းထဲသို့လည်း ကိုဗစ်နှင့် ပတ်သက်သည့် သတိပေး သတင်းစကားတချို့ရောက်နှင့် နေသည်။ […]