BREAKING
November 23, 2024

အက်ဆေး

ကျန်းမာလို့ ချမ်းသာတာလား

diz_admin

December 19, 2020

အဖိုး၊ အဖွား၊ လူကြီးသူမတွေကို တစ်ခုခု ကူညီလုပ်ကိုင်ပေးတိုင်း ကျန်းမာ ပါစေ၊ ချမ်းသာပါစေဆိုပြီး အမြဲတမ်း ဆုပေးပါတယ်။ တကယ်တော့ အဲဒီဆု ကို လူကြီးတွေက တိုက်ရိုက်ပေးနိုင်တာ မဟုတ်လို့ ဆုတောင်းပေးတယ်ပြောရင် ပိုမှန်မယ်ထင်တယ်။ အဲဒီလို ဆုပေးသံကြားတိုင်း စိတ်ကြည်နူးမိတာတော့ အမှန်။ တကယ်ကို ပီတိဖြစ်ရပါတယ်။ အခု ကပ်ဘေးကြီးကြုံချိန်မှာတော့ လူကြီးသူမတွေ ဆုပေးနေကျ ကပ်ကြီး သုံးပါးကို ကျော်လွှားနိုင်ပါစေဆိုတဲ့ ဆုတောင်းစကားဟာ အလကားမဟုတ် ဘူးဆိုတာ ပိုသိလာခဲ့တယ်။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ ဆိုတာကိုတော့ Update လုပ်ရတော့မယ်ထင်တယ်။ အခုက အနာမျိုး ၉၆ ပါး ကတော့မှာ မဟုတ်ဘူး။ အခုနောက်ပိုင်း ရောဂါအသစ်တွေက တစ်နှစ်ကို အနည်းဆုံး တစ်မျိုးလောက် ပုံမှန်တိုးလာနေတာ မဟုတ်လား။ […]

လရောင်အောက်က အတွေးမှသည်

diz_admin

December 12, 2020

ဒီညက တန်ဆောင်မုန်းလပြည့်ညမို့ လရောင်က ထိန်ထိန်သာနေလိုက်တာ။ တန်ဆောင်မုန်းလပြည့်ညမှာ သာတဲ့လဟာ နှစ်တစ်နှစ်ရဲ့ အကြီးဆုံး အသာဆုံးလို့ ပြောစမှတ်ပြုကြတယ် မဟုတ်လား။ အခုလည်း ရွှန်းရွှန်းပပနဲ့ မြင်ရသူစိတ် နှလုံးကြည်လင်လာအောင် သာနိုင်စွမ်း လှပါတယ်။ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ဟိုတစ်ဆုပ်၊ ဒီတစ်ဆုပ် ပြန့်ကျဲနေတဲ့ ဖြူလွလွတိမ်တိုက်တွေက ဝန်းရံထားလေရဲ့။ ကောင်းကင်က သဘာဝပန်းချီကားကို အချိန်အတော်ကြာ သတိလက် လွတ်ငေးကြည့်နေမိပြီးမှ ဘေးပတ်ဝန်းကျင်ကို ပြန်သတိထားမိတော့တယ်။ အိမ်ဝန်းကျင်တစ်ဝိုက်မှာ ပေါက်နေတဲ့ သစ်ပင်၊ ပန်းပင်တွေပေါ်ကို ပက်ဖျန်းထားတဲ့ လရောင်လေးက ကြည်လင်ချမ်းမြမှု ကို ခံစားသက်ဝင်စေပြန်ပါတယ်။ သစ်ရွက်တွေပေါ်က တဖျတ်ဖျတ်နဲ့ လဲ့လဲ့လေးဖြစ်နေတဲ့ လရောင်ကို ငေးနေချိန်မှာပဲ ဆောင်းလေက ဖြန်းကနဲ တစ်ချက်ဝေ့လိုက်တော့ စိမ့်ကနဲ ဖြစ်သွားတယ်။ ဒီနေရာ၊ ဒီဝန်းကျင်မှာ သန့်ရှင်း လတ်ဆတ်တဲ့လေကို ရှူခွင့်ရနေတာတွေ၊ […]

လက်သန်း မင်တစ်စက်ရဲ့ မျှော်လင့်ချက်

diz_admin

November 22, 2020

အုတ်အော်သောင်းတင်း ဖြစ်ရတဲ့ ရွေးကောက်ပွဲကြီးလည်း ကျင်းပပြီးသွားခဲ့ပြီ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ဒေသအတွက် အလုပ်အကျွေး ပြုနိုင်မယ်လို့ ယုံကြည်တဲ့ ကိုယ်စားလှယ်တွေကို မဲထည့် ခဲ့ပြီးပြီ။ မင်စွန်းနေတဲ့ လက်သန်းကို ငေးကြည့်ရင်း မဲပေးတဲ့နေ့ကို ပြန်လည် မြင်ယောင်နေမိတယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ နေရာချထားတာမို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ရှည်မျောမျော လူအုပ်ကြီးတွေ။ သူတို့ရဲ့ မျက်လုံးထဲမှာ ထက်သန်တက် ကြွမှုနဲ့အတူ မျှော်လင့်ချက်ရောင်ခြည် တွေ ယှက်သန်းလို့။ သူတို့ဘာတွေကို မျှော်လင့်နေကြပါသလဲ။ ဒီရွေးကောက်ပွဲဟာ သူတို့ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလိုအပ်ချက် အဖုံဖုံကို ဖြည့်ဆည်း ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့များလား။ ဒါမှမဟုတ် ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စု၊ ခြေဥပြင်ဆင်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ စတဲ့ စတဲ့ တစ်သီ တစ်တန်းကြီးသော […]

သစ်ပင်ကြီးကပေးသောအတွေးများ

diz_admin

November 8, 2020

ကျွန်တော်ဟာ သဘာဝပတ်ဝန်းကျင်သမား တစ်ယောက်မဟုတ်သော်လည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ် နိုးရကောင်းမှန်းသိသူများထဲတွင်တော့ တစ်ယောက်အပါအဝင်ဖြစ်ကြောင်း စာရင်းသွင်းလိုပါသည်။ သစ်ပင်တွေကို မစိုက်ဖြစ်သည့်တိုင် သစ်ပင်ချစ်သူများထဲတွင်တော့ တစ်ယောက်အပါအဝင်ဖြစ် သည်။ ကျေးလက်တွင် မွေးဖွားကြီးပြင်းခဲ့ သူပီပီ သစ်ပင်တွေသည် ကျွန်တော်တို့ အတွက် အရင်းနှီးဆုံးမိတ်ဆွေများ ဖြစ်ခဲ့သည်။ ရွာအရှေ့လမ်းက ကတ္တီပါပင်ကြီး ကတော့ ကျွန်တော်တို့ ကလေးတစ်သိုက်အတွက် မျောက်လွှဲကျော်တွေလို တက်လိုက်ဆင်းလိုက်နှင့် ကစားရာနေရာ တစ်ခု။ အပင်ပေါ်မတက်လျှင်လည်း သူ့အရိပ်အောက်က မြေပြင်ဟာ ကျွန်တော်တို့အတွက် ကစားရာနေရာကောင်းတစ်ခုပါ။ သစ်ပင်ပေါင်းစုံမှရသည့် အသီးပေါင်းစုံကို ကျွန်တော်တို့ ခူးဆွတ်စား သောက်ခဲ့ရသည်။ သစ်ပင်နှင့် ကျွန်တော်တို့ကို ခွဲခြားထားလို့မရလောက်အောင် ကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ကျွန်တော်တို့ ကြီးပြင်းရာပတ်ဝန်းကျင်တိုင်းမှာ သစ်ပင်ကြီးတွေက အမှတ်တရအဖြစ် အမြဲရှိနေတတ်သည်။ ရွာဦးက တံတားထိပ်မှာပေါက်နေသည့် အုံ့ဆိုင်း ဆိုင်းအပင်ကြီးနားရောက်လျှင် အလိုလိုနေရင်း […]

သစ်အိုပင်တို့အတွက် နှုတ်ဆက်တေး

diz_admin

October 31, 2020

တစ်နေ့က ထားဝယ်သား အဆိုတော်လည်းဖြစ်တဲ့ မိတ်ဆွေက ဖုန်းဆက်လာပါတယ်။ တိုင်းရင်းသားပန်းခြံထဲက သစ်ပင်ကြီးတွေကို ခုတ်လှဲနေတာ မြင်လို့မကောင်းလို့ လာကြည့်ပါဦး ဆိုပြီး ခေါ်ပါတယ်။ ဖုန်းထဲမှာ ကြားရတဲ့ သူ့အသံက စိတ်ထိခိုက်နေပုံပါပဲ။ ပန်းခြံကို ရောက်သွားတော့လည်း တကယ့်စိတ်ထိခိုက်ဖွယ်ရာမြင်ကွင်းကို တွေ့ရပါတယ်။ သစ်ခုတ်အလုပ်သမားတွေနဲ့ လက်ကိုင်လွှစက်တို့ရဲ့ လက်ချက်နဲ့ အပင်ကြီးတွေဟာ တုံးလုံးပတ်လက် လဲကျနေပါ ပြီ။ တချို့အပင်တွေဆိုရင် သားသတ် ဆိုင်က အသားတစ်တွေလို အပိုင်းပိုင်း အပြတ်ပြတ် ခုတ်ထစ်ဖြတ်တောက်ပြီးသွားကြပါပြီ။ ဟာလာဟင်းလင်းဖြစ်သွားတဲ့ ကွင်းပြင်မှာ အေးမြတဲ့အရိပ်တွေ ပျောက်ဆုံးသွား ပြီဖြစ်သလို မြို့ရဲ့ကျန်းမာရေးအတွက် အရေးပါတဲ့ အဆုတ်တွေပျက်စီးသွားသလိုမျိုးလည်း ခံစားရပါတယ်။ အဲဒီလိုမလုပ်ဖို့အတွက် တားမြစ်နိုင်တဲ့အခြေအနေက ကျွန်တော်တို့မှာ ရှိမနေပါဘူး။ ရှိနေခဲ့မယ်ဆိုရင်တောင် နောက်ကျသွားခဲ့ပါပြီ။ ခုတ်လှဲပြီးသွား ပြီဖြစ်လို့ ဘယ်လိုလူကမှ ပြန်ပြီး ထောင်မတ် ရှင်သန်လာအောင် […]

ပြည်တော်ပြန်ခရီး မဝေး မနီး

diz_admin

October 7, 2020

အမှတ် (၁၀၆)၊ အော်စတင်လမ်း၊ ဝိတိုရိယတောင်ရပ်၊ ဝယ်လင်တန်မြို့။အိမ်နောက်ဧည့်ခန်းဆောင် မှန်ပြတင်းမှကြည့်သော် မြင်ရသည့် မြင်ကွင်းများကို ကျွန်တော် အမြဲလိုလို ငေးကြည့်ဖြစ်ပါသည်။ ပြတင်းမှန်၏ တူရူ တောင်ကုန်းမြင့်တွင်ရှိသော ဝိတိုရိယတက္ကသိုလ်၊ ကယ်ဘန်း ပရဝုဏ်ရှိ အဆောက်အအုံကြီးများ၊ ဘရွတ်ကလင်း လေရဟတ်ဟု သိကြပြီး လက်တံကြီးများ အမြဲအလုပ်ရှုပ် လျက်ရှိတတ်သည့် လျှပ်စစ်ထုတ်လေရဟတ်ကြီး၊ အဆောက်အအုံများအကြား သီးခြားထိုးထွက်လျက်ရှိသော စစ်ပွဲမှတ်တရ အဆောက်အအုံ ကြီးနှင့် များစွာသော ရောင်စုံ အိမ်ခေါင်မိုးများ၊ အဆောက်အအုံများ၊ ဝယ်လင်တန်၏ လေပြင်းကြောင့် တရစပ် ပုံပြောင်း ရွေ့လျားနေသော တိမ်များနှင့် အနှောင်အဖွဲ့ကင်းကင်းနှင့် လွတ်လပ်စွာ လိုရာကို ပျံသန်းနေကြသော ငှက်များ။ သည်မြင်ကွင်းများသည် ကျွန်တော် မြင်နေကျမြင်ကွင်းများပင်။ သို့သော် မကြာမီ သည်မြင်ကွင်းများသည် ကျွန်တော်၏ အတိတ်၌ ရေးရေးသာ ပေါ်တော့မည့် […]

နှာခေါင်းစည်းဖြင့် စက်ဘီးစီးခြင်း

diz_admin

October 4, 2020

စက်ဘီးသည် ကတ္တရာလမ်းတစ်လျှောက် မှန်မှန်ကလေးပြေးနေပါသည်။ ဘေးဘီအား ကြည့်လိုက်လျှင် တောင်စွယ်တောင်တန်းများ၊ တောအုပ်များကို မြင်နေရ၏။ ထိုအရာများ၏ သည်ဘက်ဆီမှာမူ မြေကွက်လပ်များ။ အားလုံးသည် တရိပ်ရိပ်နှင့် ကျွန်တော့်နောက်ဘက်ဆီသို့ ပြေးလွှားနေကြသည်။ ချောင်းနားဆီသို့ ရောက်လာသောအခါ ဓနိပင်တန်းများကိုလည်း တွေ့ရပြန်သည်။ ချောင်းပေါ်တွင် ဖြန့်ခင်းထားသည့် ကွန်ကရစ်တံတားအား ကျော်ဖြတ် လိုက်ပြီးသောအခါ မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရသည်။ ရှေ့သို့ မျှော်ကြည့်လိုက်လျှင် လမ်း၏တစ်ဘက်တစ်ချက်တွင် ထန်းပင်အစီအရီကိုလည်း တွေ့ရ၏။ မြင်ကွင်းများသည် လတ်လတ်ဆတ်ဆတ်ဖြင့် ရှိနေသည်ကိုတွေ့ရသည့်အခါ စိတ်ချမ်းမြေ့မှုအား ခံစားရပေသော်လည်း သဘာဝတရားကြီးအနေနှင့် ကျွန်တော်တို့လူသားများအပေါ်၌ မည်ကဲ့သို့ သဘောထားများ ရှိနေမည်နည်းဟူ၍ တွေးမိလိုက်လျှင် စိတ်ခံစားမှုသည် အုံ့မှိုင်း၍ သွား၏။ မြို့ထဲသို့ ဝင်တော့မည်ဖြစ်၍ စက်ဘီးကို လမ်းဘေးတွင် ရပ်လိုက်ပြီး ဘောင်းဘီအိတ်ထဲမှ နှာခေါင်းစည်းကို ဆွဲထုတ် လိုက်ပါသည်။ ပြီးလျှင် […]

မြောက်ကျွန်းအသည်း နောက်ဆုံးခွဲ

diz_admin

September 26, 2020

သဂုတ်လ ဆန်းပိုင်း။ညစာစားရန်ပြင်ဆင်နေကြရင်း နယူးဇီလန်ကလာသည့် ရေဒီယိုသတင်း ကြေညာချက်တစ်ခုကို ကြားလိုက်ကြသဖြင့် အားလုံးလိုလိုပင် စိတ်နည်းနည်းစီ ညစ်သွားခဲ့ကြသည်။ နယူးဇီလန်၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့တွင် ကိုဗစ်ရောဂါကူးစက်ခံရသူတချို့ရှိလာခဲ့ပြီး ထိုသူများမှာ ပြည်ပခရီးသွား ရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ ခြင်းလည်းမရှိသဖြင့် ဒေသတွင်း ကူးစက်မှုဟု ယူဆရသည်တဲ့။ ရောဂါပိုးတွေ့ရှိသူများမှာလည်း အားလပ်ရက်များတွင် နိုင်ငံအနှံ့ ခရီး ထွက်ခဲ့ကြသည်တဲ့လေ။ ကောင်းရော။ ထိုညက စားခဲ့သောညစာမှာ ဘာအရသာ ရှိမှန်းပင်မသိ။ ညစာစားရင်း ပြောဖြစ်ခဲ့ ကြသည်များကလည်း စိတ်မချမ်းမြေ့စရာ ကိုဗစ်ရောဂါအကြောင်းများသာ။ ညစာစားပြီး၍ အခန်းသို့ပြန်ကာ အလုပ်လုပ်ရန် ကွန်ပျူတာဖွင့်လိုက်မိသည်နှင့် ဝိတိုရိယတက္ကသိုလ်က မိမိတို့ကျောင်းသားများထံ ပို့ထားသော လျှပ်ချောစာတစ် စောင်ရောက်နှင့်နေသည်။ ကိုဗစ်သတိပေးချက်နှင့် တက္ကသိုလ်ပရဝုဏ်အတွင်း လိုက်နာရမည့် စည်းကမ်းများတဲ့။ ဖုန်းထဲသို့လည်း ကိုဗစ်နှင့် ပတ်သက်သည့် သတိပေး သတင်းစကားတချို့ရောက်နှင့် နေသည်။ […]