ဖြစ်သမျှကို
Dawei Watch
April 15, 2025“မီးရေ အဆင်ပြေလား” လို့ ကျနော် စာပို့လိုက်တယ်။ ပြီးတော့မှ သတိရစွာနဲ့ပဲ “မီးနဲ့ ရေကို ပြောတာနော်” လို့ တစ်ဆက်တည်း ထပ်ပြောလိုက်ပါတယ်။ ငလျင်ကြီးလှုပ်ပြီးလို့ နောက်တစ်ရက်မှာ ရန်ကုန်က သူငယ်ချင်းကောင်မလေးတစ်ယောက်ကို လှမ်းပြီးတော့ စကားပြောဖြစ်တာပါ။ သူငယ်ချင်းက ကျနော့်စာကို ဟဟပေးပြီး ပြန်ဖြေပါတယ်။ “အခုတော့ ဖုန်းအားကို သူများဆီမှာ သွားသွင်းနေရတယ်” တဲ့။ “ထမင်းရော စားရရဲ့လား၊ ရေရောချိုးရရဲလား” လို့ ကျနော်က မေးပါတယ်။ “ထမင်းကတော့ ချက်လို့ရသေးတယ်။ ရေကတော့ မချိုးရလည်း ပြဿနာမရှိပါဘူး။ ငါက နဂိုကတည်းက သန့်ပြီးသား” လို့ သူက ပြန်ဖြေပါတယ်။ ဒီလိုနဲ့ ကျနော်တို့ရဲ့ စကားသေတ္တာထဲမှာ ဟားတိုက်ရယ်မောတဲ့ အရုပ်ကလေးတွေ လူးလားခေါက်ပြန် ဖြစ်လို့နေပါတယ်။ ဘေးဒုက္ခတွေအကြားမှာ ဟာသထုတ်ပြီး ရယ်မောပျော်ရွှင်နေကြတာဟာ […]