BREAKING
March 24, 2025

ရသ

လူပျောက်စာရင်း

Dawei Watch

March 15, 2025

စာရင်းကရှည်၏။ ကြည့်၍ မဆုံးနိုင်အောင်ပင်ဖြစ်သည်။ နာမည်အချို့မှာ ရင်းနှီးနေသော်လည်း အချို့မှာ ခပ်စိမ်းစိမ်း။ ကိုယ်ကျင်လည်ခဲ့ဖူးရာ ရပ်ဝန်းက စာရင်းကို ရွေးကြည့်လိုက်မိသည်။ ကိုယ့်ဒေသကလေး ခပ်ငယ်ငယ်မှာပင် ပျောက်ဆုံးနေသူပေါင်း မနည်း။ လူစုံ၊ အသက်အရွယ်အစုံ။ အလုပ်အကိုင်နယ်ပယ်အစုံ။ ကိုယ့်အသိထဲ ဘယ်သူတွေပါသလဲ။ စိုးထိတ်စိတ်ကလေးဖြင့် နာမည်တွေကို ရှာကြည့်မိသည်။ မထင်မှတ်ထားသော နာမည်များ။ မထင်မှတ်ထားသော သူများ။ ရုတ်တရက် သဘာဝ မကျစရာ မေးခွန်းတွေ ထွက်လို့လာသည်။ နာမည်တလုံးကို ဖတ်လိုက်။ ထိုသူ့အကြောင်းစဉ်းစားမိလိုက်။ နောက်နာမည်တခုကိုဖတ်လိုက်။ နောက်တယောက်အကြောင်းခေါင်းထဲဝင်လာလိုက်နှင့်။ တွေး၍ မဆုံးသော အမေးများထွက်လာသည်။ လူပျောက် စာရင်းထဲ အုပ်စုနှစ်ခုထွက်လာသည်။ သေဆုံး၊ ဖမ်းဆီးခံရ၊ အိမ်မှတိတ်တဆိတ်ထွက်သွား၊ ပြန်မလာ အစရှိသည့် အကြောင်းရင်းစုံဖြင့် ပျောက်ဆုံးနေသူများ။ နောက်ထပ်အုပ်စုကတော့ ခပ်ဆန်းဆန်းဖြစ်သည်။ သူတို့သည် မပျောက်။ အသက်လည်းမသေသေး။ […]

ကိုအောင် ရှင့်မှာ ကိုယ်ဝန်ရှိနေတယ်

Dawei Watch

February 7, 2025

“ကိုအောင်ဆိုတာ ဘယ်သူလဲ။ ကိုအောင်မှာ ကိုယ်ဝန်ရှိနေတယ်” ထိုင်းလူမျိုး သူနာပြုဆရာမရဲ့ စကားကြောင့် အားလုံး ကြောင်တောင်တောင်ဖြစ်ကုန်တယ်။ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်အတွက် စလျှောက်ရာမှာ Name List လို့ခေါ်တဲ့ အမည်စာရင်းကျပြီးသူတွေ ကျန်းမာရေးအာမခံလုပ်ဖို့ ဆီး၊သွေးကို မဖြစ်မနေ သွားစစ်ရလေ့ရှိတာပါ။ ကိုအောင်ကလည်း အထောက်အထားမရှိသေးသူဖြစ်တဲ့အတွက် ပန်းရောင်ဘတ်လို့ခေါ်တဲ့ တရားဝင် အထောက်အထားလုပ်ဖို့ Name List တင်ထားတာပါ။ Name List သမားတွေက အလုပ်လုပ်ခွင့်လက်မှတ်လုပ်ဖို့ ရောဂါအခံတွေ ရှိ၊ မရှိ ဆီးစစ် သွေးစစ်ရလေ့ရှိပါတယ်။ ထိုင်းနိုင်ငံ ရနောင်းမြို့မှာ အလုပ်လုပ်နေတဲ့ ကိုအောင်အပါအဝင် ဘဝတူငါးဂိုဒေါင်က အလုပ်သမားတွေလည်း ဆီး၊သွေးစစ်ရမယ့်နေ့ ရောက်လာခဲ့ပြီ။ မနက်ဖြန်ကျန်းမာရေးစစ်ဆေးရမှာကို ကိုအောင်က သတိမထားမိဘဲ WY မူးယစ်ဆေးသုံးလိုက်မိရော။ ကျန်းမာရေးစစ်ဆေးချိန်ရောက်တော့ ကိုအောင်တစ်ယောက်ဇောချွေးပြန်နေလေပြီ။ ဘာကြောင့်ဆို မူးယစ်ဆေးသုံး ထားရင် […]

ဟွေးသွားတဲ့အခါ

Dawei Watch

January 26, 2025

စစ်ပွဲတွေ၊ အနိဋ္ဌာရုံတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ တချိန်က စာနယ်ဇင်းမှာရော၊ ရုပ်ရှင်တွေမှာရော ထင်ရှားခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ရှေးနန်းမြို့တော်ဟောင်း ဟွေး (Hue)ကို ရောက်သွားခဲ့တယ်။ စစ်ပွဲနဲ့ နိုင်ငံရေး ပဋိပက္ခတွေ အကြား နှစ်ပေါင်း ၄၀ လောက် ဗီယက်နမ်ကို ပြန်ခွင့်မရခဲ့သူ၊ နာတာရှည်ရောဂါနဲ့ စကားမပြောနိုင်တော့ချိန်မှာ သူသာသနာ့ဘောင်ဝင်ခဲ့တဲ့ ကျောင်းသိင်္ခမ်းကလေးမှာဘဝနေဝင်ချိန်ကိုကုန်ဆုံးခွင့်ရပြီး ထိုဝိဟာရမှာပဲ ခေါင်းချသွားခဲ့သူ၊ ကမ္ဘာကျော် ဇင်ဆရာတော်အရှင်သူမြတ်တပါးရဲ့ အမှတ်တရတွေရှိခဲ့တဲ့ ဟွေးမြို့ပေါ့။ ဟွေးဟာ ဗီယက်နမ်ရဲ့ အလယ်ပိုင်းမှာရှိတယ်။ တောင်နဲ့ မြောက် အကွဲအပြဲအက်ကြောင်း အကြီးကြီးရှိခဲ့တဲ့ နိုင်ငံမှာ ဟွေးဟာ တချိန်တုန်းကတော့ မြောက်ဗီယက်နမ်ရဲ့ တောင်ဘက်စွန်းကမြို့။ တောင်နဲ့မြောက် စစ်အားပြိုင်ခဲ့ကြတုန်းက တိုက်ပွဲကြီးတွေရဲ့ ဒဏ်ကို ခါးခါးသီးသီးခံခဲ့ရတဲ့အရပ်။ အခုတော့လည်း ဟွေးဟာ ဘယ်တုန်းကမှ အနိဋ္ဌာရုံတွေ မရှိခဲ့တဲ့ နန်းမြို့ဟောင်းလေးလို ရေမွှေးမြစ်ရေတွေနဲ့အတူ […]

ခိုးလမ်းမှာ ယောင်ချာချာ

Dawei Watch

December 8, 2024

“ဆင်း” ဆိုင်ကယ်သမားက အော်လိုက်တော့ ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ ကျနော်ဟာ ဘာမှန်းညာမှန်းမသိဘဲ ဆင်းလိုက်တယ်။ ဆိုင်ကယ်သမားရဲ့အသံဟာ ခပ်ဆတ်ဆတ်။ “အဲဒီခြုံထဲကို ဝင်” အဝေးပြေးလမ်းမရဲ့ နံဘေးဟာ သစ်ပင်ခြုံနွယ်တွေနဲ့ ပိတ်ဖုံးလို့။ လူတစ်ကိုယ်စာလောက် ပွင့်နေတဲ့ အပေါက်ကနေ ခြုံထဲကို တိုးဝင်လိုက်တယ်။ လူသွားလမ်းကလေးဟာ မြက်ရိုင်းတွေကြားထဲမှာ ကျနော်ကို စောင့်ကြိုနေပါတယ်။ ဆိုင်ကယ်သမားလည်း ပြန်ပြီး မောင်းထွက်သွားပြီ။ ဆိုင်ကယ်သမားဟာ ဘာဆိုဘာမှ မပြောပြခဲ့ဘူး။ ဘာလုပ်ရမယ်ဆိုတာကိုလည်း မညွှန်ကြားခဲ့ဘူး။ ဒီတော့လည်း ကိုယ့်အတွေးနဲ့ကိုယ်ပဲ လမ်းကလေးအတိုင်း လျှောက်လာခဲ့လိုက်တယ်။ စိုက်ခင်းတွေ၊ ဝါးတောတွေ၊ ရာဘာခြံတွေကို ဖြတ်လာခဲ့ပေမဲ့ ဘယ်ကိုသွားနေမှန်းလည်း ကိုယ်ကိုယ်တိုင် သိမနေပါဘူး။ လူသံသူသံတွေလည်း တိတ်ဆိတ်။ ထင်လိုက်တာက ဒီလမ်းအတိုင်း လျှောက်သွားရင် အဆုံးမှာ ကားလမ်းမကို ပြန်တွေ့လိမ့်မယ်၊ အဲဒီမှာ ဆိုင်ကယ်သမားက စောင့်နေလိမ့်မယ်၊ အဲဒီလိုတွေးမိတာ။ […]

စစ်ရှောင်ကလေးတို့ရဲ့ လပြည့်ည

Dawei Watch

November 20, 2024

“ညည လပြည့်ညဖိုးရွှေလက ဝင်းပပလရောင်အောက်မှာ ပျော်ရွှင်လို့တို့တွေ ကစားကြစို့” လမ်းဘေးမှာရပ်ထားတဲ့ သုံးဘီးကားတစ်စီးပေါ်က ကလေးတွေရဲ့ သောသောညံညံ စာကျက်သံတွေ။ စစ်ရှောင်ရင်း စာကျက်နေကြရရှာတဲ့ ဒီနိုင်ငံက ကလေးလေးတွေရဲ့ဘဝကို ဘယ်ဘုရားရှင်ကများ ကယ်တင်လေမလဲ။ ဟိုးခပ်ဝေးဝေးမှာတော့ ကောင်းကင်ဆီ ထိုးဖောက်တက်‌နေတဲ့ ရောင်စုံအလင်းတန်းကြီးတစ်ခု။ မပီကလာပီကလာနဲ့ သုံးနှစ်သားက‌လေးက အဲဒီအလင်းတန်းကြီးကို လက်ညှိုးထိုးပြီး စာကျက်နေရင်းကနေ လှမ်းမေးရှာတယ်။ “အဲဒါဘာလဲ မေမေ” ထားဝယ်မြို့ပေါ်က ဘာ‌သာရေးပွဲတော်တစ်ခုကျင်းပနေတဲ့နေရာက ထွက်ပေါ်လာနေတဲ့ အဲဒီအလင်းတန်းအကြောင်း သူ့အမေဟာ စိတ်ရှည်လက်ရှည် ရှင်းပြမနေတော့ပါ။ ကလေးတွေ စိတ်မကောင်းဖြစ်ကုန်မှာစိုးလို့တဲ့။ ဟုတ်တော့လည်းဟုတ်ပါတယ်။ ဒီနေရာကလူတွေ အသက်လုပြေးနေရတဲ့အချိန် မြို့ပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေအကြောင်း ရှင်းပြရင်လည်း သုံးနှစ်စွန်းစွန်းကလေးက နားလည်မှာ မဟုတ်တဲ့အပြင် သူ့အတွက်ပိုပြီးတောင် ရှုပ်ထွေးသွားနိုင်သေးတယ်မဟုတ်လား။ မန်ဂျန်ရှားအရွက်တွေကြားက လှမ်းမြင်နေရတဲ့ ဖိုးလမင်းဖက်ကို လက်ညှိုးညွှန်ရင်း သူ့အမေဟာ ကလေးတွေကိုချော့သိပ်နေရှာတယ်။ “ဖိုးဖိုးလထဲ […]

My Younger Brother …

Dawei Watch

October 31, 2024

We arrived in the middle of a quiet night and the door of the small house was open, but the place had the feel of a graveyard. When we arrived, we shone the beam of our torch at the door of the house. The door was open, but the small house belonged to a person […]

ညီလေးရေ . . .

Dawei Watch

October 23, 2024

တိတ်ဆိတ်တဲ့ညအလယ်။ ခြောက်ကပ်ကပ်နဲ့ သုသာန် တစပြင်လေလား ထင်ရတဲ့ အိမ်ငယ်လေးတစ်လုံးက အိမ်တံခါးပေါက်။ ကျွန်တော်တို့ရောက်သွားတဲ့အခါ အသင့်ပါလာတဲ့ လက်နှိပ်ဓာတ်မီးနဲ့ အိမ်တံခါးကို ထိုးကြည့်လိုက်တယ်။ ပွင့်လျက်သား အိမ်တံခါးပေါက်ဟာ မရှိတော့တဲ့သူတစ်ယောက် ဝင်လိုက်ထွက်လိုက် လုပ်နေသလိုမျိုး။ ညီလေးရေ . . . ။ အောက်တိုဘာလ ၁၆ ရက်မှာ စစ်မိစ္ဆာ စစ်ကောင်စီတပ်တွေက သူ့ကိုဖမ်းသွားခဲ့တာပါ။ သူအဖမ်းခံလိုက်ရတယ်ဆိုတာ သိလိုက်ရတဲ့အချိန် မသိစိတ်က ဘာလို့များ စိုးရိမ်ထိတ်လန့်နေသလဲလို့ ကိုယ့်စိတ်ကိုပြန်မေးပြီး သူ့အမေရှိရာ ထွက်လာခဲ့တာပါ။ သားပျောက်လို့ သောကပင်လယ်ဝေနေရှာတဲ့ မိခင်တစ်ယောက်ကို ကျွန်တော်တို့တတွေ အားပေးနှစ်သိမ့်ခဲ့ကြရတယ်။ တကယ်တမ်းကျတော့ ကိုယ်မဖြစ်စေချင်တဲ့အရာကို ငြင်းဆန်ပြီး အကောင်းဆုံးကို မျှော်လင့်နေခဲ့ကြတာ။ “အန်တီရေ… သိပ်လည်းစိတ်မပူပါနဲ့။ သူ့မှာဘာအပြစ်မှမရှိတာ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွတ်လာမှာပါ။ ကျွန်တော်တို့လည်း သူ့သတင်းကို တောက်လျှောက် စုံစမ်းနေပါမယ်” […]

မီးလောင်ပြင်က ပန်းတစ်ပွင့်

Dawei Watch

October 23, 2024

ထားဝယ်မြို့ လူစည်ကားသော လမ်းမထက်တွင် စက်ဘီးစီးအမျိုးသမီးတစ်ဦး ထမင်းဟင်းများကို ထုပ်ပိုးကာ တစ်နေရာရာကို ဦးတည်နေသည်။ ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ဈေးလမ်းသွယ်ထဲသို့ ချိုးကွေ့ဝင်လိုက်သည်နှင့် သူ့ကိုစောင့်ကြိုနေသူတို့က ပြိုင်တူအသံပေးကြသည်။ “ဝုတ်…ဝုတ်…ဝုတ်” ပါလာသည့်ထမင်းဟင်းများကို ခွက်ထဲ ကျကျနနထည့်ချကျွေးလိုက်ပြီး ဘေးမှရပ်ကြည့်ရင်း ပီတိဖြာနေသူမှာ ဒေါ်စန်းဝေပင်။ “ကျွန်မကျွေးတာကို မြိန်ရေရှက်ရေနဲ့ စားနေတာကို မြင်နေရာကိုက ကျွန်မပီတိဖြစ်တယ်” ဟု အသက် ၄၈ နှစ်အရွယ် ၎င်းက ဆိုသည်။ ဒေါ်စန်းဝေမှာ သာမန်ဆင်းရဲသားတစ်ဦးဖြစ်သော်လည်း လမ်းဘေးခွေးများအပေါ် လွန်စွာစာနာတတ်သူပင်။ ဆန်းချီတိုးချဲ့မြို့သစ်ရှိ သူမ၏နေအိမ်ခြံဝင်းမှာလည်း ခွေးအော်သံတို့ဖြင့် ဆူညံပွက်နေလေ့ရှိသည်။ ထိုခြံဝင်း‌ထဲရှိ အကြမ်းထည်တစ်ထပ်တိုက်ရှိ ပြတင်းပေါက်များကို သစ်သားပြားများဖြင့် ဖြစ်သလို ကြက်ခြေခတ်ကာရံထားသည်။ ထိုခြံဝင်းမှာ လမ်းဘေးခွေးတစ်သိုက်နှင့်အတူ ဒေါ်စန်းဝေတို့ မိသားစုဝင်လေးဦး ကွန်းခိုရာ။ တစ်ချိန်က ထားဝယ်ဆေးရုံတွင် မွေးကင်းစ ကလေးများကို […]