ကိုဗစ်ပိုး ဘယ်အထိ တွေ့နိုင်လဲ
diz_admin
December 19, 2020ကိုဗစ်ကုသမှု ခံယူပြီးသူတွေကို ထပ်မံစစ်ဆေးတဲ့အခါ ပိုးတွေ့နိုင်ချေ ရှိပါသလား ဆိုတဲ့ အမေးကို မေးကြပါတယ်။ ကိုဗစ်-၁၉ ပေါ့စတစ် ဖြစ်ခဲ့သူ တစ်ယောက်ကို ဓာတ်ခွဲ စစ်ဆေးမည်ဆိုပါက သုံးလအထိ ပေါ့စတစ် ပြနေနိုင်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်မှာ ဆေးတက္ကသိုလ် ၂ မှ ပါမောက္ခ ဒေါက်တာ ဒေါ်သင်းသင်းနွဲ့က ထည့်သွင်းဖြေကြားသွားပါတယ်။ ဆေးပညာလောကနဲ့ ရင်းနှီးသူတွေအဖို့က မဆန်းပေမဲ့ အပြင်လောကက သူတွေအဖို့ အဆန်းတကြယ် ဖြစ်သွားခဲ့ကြတယ်။ ကူးစက်ရောဂါ တစ်ခု ကူးစက်မှု ရှိ၊ မရှိ ဆိုတာကို ဓာတ်ခွဲ စစ်ဆေးကြတဲ့ အခါ လှုံ့ဆော် ပဋိပစ္စည်းဖြစ်တဲ့ (Antigen) ကို စစ်ဆေးတာနဲ့ တန်ပြန် […]