BREAKING
December 22, 2024

သရုပ်ဖော်ဆောင်းပါး

တောင်ပိုင်းသင်္ကြန် အကျပ်အတည်း

diz_admin

April 5, 2022

သင်္ကြန်ရေသေနတ် ရောင်းတဲ့ဆိုင်ရှေ့မှာတော့ အသက်ကိုးနှစ်အရွယ် ကလေးတစ်ဦးက ရေသေနတ်တွေကို သ‌ဘောကျပြီး ငေးကြည့်နေပါတယ်။ ပြီးတော့ သူ့အမေကို ရေသေနတ် ဝယ်‌ပေးဖို့ ပူဆာလိုက်တယ်။ လောင်းလုံးသူ ဒေါ်တင်လှက ဖိုးသားလေး ဆေးခန်းပြဖို့ ထားဝယ်ခေါ်သွားရာက ရေသေနတ်ဆိုင်ရှေ့ အရောက်မှာ ကလေးက ရေသေနတ်‌ဝယ်ပေးဖို့ ပူဆာနေတာဖြစ်ပါတယ်။ အမေဖြစ်သူကတော့ ဝယ်ပေးဖို့ တွန့်ဆုတ်၊ တွန့်ဆုတ်။ ၂ နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကို ဒီနှစ်မှာစည်ကားစွာ ကျင်းပနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေသလို စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့တွေကတော့ ဒီသင်္ကြန်မှာ မပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းနေပါတယ်။ အပြိုင်အဆိုင် အားပြိုင်နေကြတဲ့ ဒီနှစ်တောင်ပိုင်းသင်္ကြန်ပွဲတော်မှာ ဘယ်ဘက်ကအားသာ သွားမလဲဆိုတာကို ကြည့်ပြီး တော်လှန်ရေးရေချိန်ကို မှန်းဆနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ ၂၀၂၀ မှာ ကိုဗစ်ကြောင့် သင်္ကြန်ပွဲတော် […]

ခယောင်းလမ်းပေါ်က ဥယျာဉ်မှူးများ

diz_admin

March 29, 2022

“ထိုင်းမှာနေရင် ကိုယ်ပြန်လုပ်ပေးနိုင်တာ အများကြီးပဲ။ မြန်မာပြည်မှာနေရင် ဘာမှ လုပ်ပေးမနိုင်ဘူး။ ငါရအောင်သွားမယ်ဆိုပြီးတော့ အိမ်မပြန်ဘဲဆက်သွားခဲ့တာ” ဟုဆိုလာသူက CDM ကျောင်းဆရာမလေး မိုးကျမေ (အမည်လွှဲ) ဖြစ်သည်။ မိဘများမရှိတော့သဖြင့် အဒေါ်မိသားစုဖြင့် အတူနေထိုင်သူ မိုးကျမေနှင့်သူ့ညီမမှာ အတူနေမိသားစုနှင့် ရပ်ရွာနေသူအများစုက စစ်တပ်ထောက်ခံသူများဖြစ်သဖြင့် ရွာတွင်ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည့်အဆုံး ထိုင်းနိုင်ငံသို့ထွက်ခွာရန် ဆုံးဖြတ်လိုက်ရသည်။ လက်ထဲတွင် ပိုက်ဆံကမရှိ၊ ထိုင်းသို့ထွက်ရန်အတွက် ကျပ် ၁၅ သိန်းပေးရမည်ဆိုသဖြင့် နီးစပ်ရာများကို အကူအညီတောင်းကာ ပိုက်ဆံလိုက်ချေးရသေးသည်။ ၂၀၂၁ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်တော့ ထိုင်းသို့တောလမ်းမှနေ၍ စတင်ထွက်ခွာနိုင်ခဲ့ပြီဖြစ်သည်။ “တောကြိုတောင်ကြား ဖြတ်ရတယ်။ စစ်မြေပြင်မှာလိုပဲ ပုန်းလျိုးကွယ်လျိုးသွားရတယ်။ လယ်ကွင်းပြင်ကြီးကို ကုန်းကုန်းပြီး ဖြတ်ရတယ်။ လကလဲ သာနေတော့ နယ်ခြားစောင့်တွေလည်း မြင်နေတယ်။ ထိုင်းရဲက ဆလိုက်မီးတွေနဲ့ ထွန်းပြီး တစ်ခုခုအော်လိုက်တယ်။ […]

ထားဝယ် စစ်ကြောရေးမှ အပြန်

diz_admin

November 23, 2021

စစ်အာဏာသိမ်းပြီးတဲ့နောက် ပုံစံအမျိုးမျိုးတဲ့ အဖမ်းခံရတဲ့သူ ထားဝယ်ဒေသမှာ လူရာချီ ရှိပါတယ်။ အချို့က ရက်ပိုင်းနဲ့ ပြန်လွတ်လာကြသလို အချို့ကလည်း ဖမ်းဆီး တရားစွဲ၊ ထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။ တရားစွဲဆိုတဲ့ အဆင့်မရောက်မီ၊ ထောင်ထဲမရောက်မီ ထုံးစံအတိုင်း စစ်ကြောရေး ကာလကို ဖြတ်သန်းရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ အမျိုးမျိုးသော နှိပ်စက်ညှင်းပန်းမှု တွေပြုလုပ်ခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ လက လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူတွေက ရင်ဖွင့်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် ထားဝယ်စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်ညှင်းပန်းခံခဲ့သူတွေထဲမှာ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက ပြင်ပကျောင်းဆရာ ကိုရန်ပိုင်ဦးလည်း ပါဝင်ပါတယ်။ ကိုရန်ပိုင်ဦးဟာ ထားဝယ်မြို့ပေါ်က ကွမ်းယာဆိုင်တစ်ခုမှာ ကွမ်းဝယ်နေတုန်း အိမ်စီးကား တစ်စီးထိုးရပ်လာပြီး အရပ်ဝတ်နဲ့ လူ ၇ ယောက်လောက်က […]

၀မ်းရေးအတွက် နှစ်ဘီးတည်းဖြင့် မလောက်တော့ပါ

diz_admin

October 8, 2021

ဆိုင်ကယ်တက္ကစီမောင်းတဲ့ ဉီးလှိုင် တစ်ယောက် ဝင်ငွေထိုးကျနေတာ ကြပါပြီ။ ကိုဗစ်ကပ်ရောဂါ စဖြစ်ကတည်းက တစ်နေ့တစ်ခြား ဝင်ငွေထိုးကျလာတာ အခုဆိုရင် သူ့ဝင်ငွေဟာ အရင်ရနေတာနဲ့စာရင် သုံးပုံတစ်ပုံသာကျန်ပါတော့တယ်။ ကိုဗစ်မဖြစ်ခင်က တစ်နေ့ ငွေတစ်သောင်းကျော် ပုံမှန်ရခဲ့ပေမယ့် ခုဆိုရင် ပိုက်ဆံငါးထောင် ရဖို့ဆိုတာ အနိုင်နိုင်ပါပဲလို့ မြိတ်မြို့မှာ ပုံမှန် ဆိုက်ကယ်ဆွဲတဲ့ ဦးလှိုင် ကပြောပါတယ်။ “ဒီလောက်ရဖို့ကို မနက်အစောကြီး သူများအိပ်ကောင်းတုန်း ထဆွဲရတာ။ ကိုယ့်ထက် အရနည်းတဲ့သူတွေ တစ်ပုံကြီးရှိတယ်” လို့ အသက် ၆၀ ဇရာ အရွယ် ဝင်ရောက်လာနေပြီဖြစ်တဲ့ သူကပြောပါတယ်။ ကိုဗစ်တတိယလှိုင်းအတွင်း မြိတ်မြို့မှာ ဇူလိုင်လအထိ ကိုဗစ်ကပ်ရောဂါဖြင့် သေဆုံးတဲ့သူ နေ့စဉ်နှစ်ဦးသုံးဦး ပုံမှန်ရှိခဲ့ရာမှ သြဂုတ်လ ပထမပတ်ကစပြီး သေဆုံးသူ ဆယ်ဂဏန်းအထိ ခုန်တက်လာခဲ့ပါတယ်။ အဲဒါကြောင့် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် […]

ကိုဗစ် ကိုင်လှုပ်လိုက်သော အသုဘဓလေ့

diz_admin

September 25, 2021

ကိုဗစ်ကပ်ဘေးက ထားဝယ်ဒေသရဲ့ အသုဘဓလေ့တွေကို ပြောင်းလဲပစ်လိုက်တယ်လို့ ဆိုရမှာပါ။ ကိုဗစ်ရောဂါနဲ့ သေဆုံးကြပေမယ့် ကျန်ရစ်သူမိသားစုတွေမှာတော့ အသုဘနဲ့စပ်ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေကို ဘာတစ်ခုမှ လုပ်ခွင့်မရကြတော့ပါဘူး။ အရင်ကဆိုရင် လူတစ်ယောက်ဆုံးပါးပြီဆိုတာနဲ့ အလောင်းကိုရေချိုးပေးပြီး ဒေသက သိစင်လို့ ခေါ်တဲ့ ကုတင်တွေ ခြင်ထောင်တွေပြင်ဆင်။ ပြီးရင် အလောင်းကိုတင်ပြီး ရေခဲအုံ အစသဖြင့် လုပ်ရတာတွေက အများကြီး။ နောက်တော့ အလောင်းထည့်တဲ့ အအေးပုံးတွေ ပေါ်လာပြီး ရေခဲတင်စရာမလိုတော့ဘူးပေါ့။ နောက်ပြီး ဧည့်သည်များများ နားခိုလို့ရအောင် အိမ်ရှေ့မှာ တာလပတ်အမိုးဆောက်သူဆောက်ပေါ့။ ထားဝယ်ဒေသမှာက လူတစ်ယောက်သေဆုံးရင် အလောင်းကိုနေအိမ်မှာ အနည်းဆုံး ၂ ရက်ကနေ ၅ ရက်လောက်အထိ ထားပြီး ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေတွေက အသုဘရှုလေ့ရှိတာကိုး။ အချို့ကလည်း သေဆုံးသူရဲ့ အဝေးရောက်သားသမီးတွေကို စောင့်ပြီးမှ သင်္ဂြိုဟ်လိုတဲ့အတွက် အဲဒီအချိန်ထက်လည်း ပိုထားလေ့ရှိတယ်။ […]

အနာဂတ်မျိုးဆက်အတွက် ရဲဝံ့သောခြေလှမ်းများ

diz_admin

March 5, 2021

၂၀၂၀ တုန်းက ကိုဗစ်ကြောင့် မလွတ်မလပ်ဖြစ်ခဲ့တာတွေဟာ နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရမယ်ဆိုတဲ့ သတင်းနဲ့ ကိုဗစ်လူနာလျော့ကျလာတဲ့ သတင်းတွေကြောင့် အနည်းငယ်စိတ်သက်သာသွားရုံရှိသေးတယ်။ ၂၀၂၁ အစမှာပဲ မမျှော်လင့်တဲ့ အဖြစ်အပျက်ဆိုးက ရုတ်တရက် မုန်တိုင်းဝင်မွှေလိုက်သလို ပါပဲ။ ထိတ်လန့်စိုးရိမ်ရတာတွေ၊ နာကျင်ကြေကွဲရတာတွေအပြင် လူထုရဲ့ မယုံနိုင်စရာ စည်းလုံးညီညွတ်မှုတွေက တကယ် ကို တအံ့တသြဖြစ်စေခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဝမ်းနည်း ကြေကွဲရသလို ကိုယ်အထင်ကြီးလေးစား ခဲ့ရတဲ့ တချို့သော နိုင်ငံရေးသမား၊ စာရေးဆရာ၊ တတ်သိပညာရှင်တွေရဲ့ ဖောက်လွဲဖောက်ပြန် လုပ်ရပ်တွေကြောင့် ယူကျုံးမရ နှမြောတသ ဖြစ်ရပါတယ်။ အမှန်တရားရဲ့ ဘက်တော်သား ပြည်သူတွေအတွက် အားတက်ဂုဏ်ယူရသလို အရင်ကလို ပြန်ဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ကွက်ကျား ပေါ်လာတတ်ပြန်တယ်။ တစ်ချိန်လုံး ခံစားချက်ပေါင်း များစွာနဲ့ လှုပ်ရှားရုန်းကန်နေတဲ့စိတ် ကြောင့် စာရေးဖို့ […]

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့သစ်တော ပိုပြုန်းသွားနိုင်

diz_admin

March 3, 2021

စီးပွားရေး ပိတ်ဆို့မှု၊ ကုန်သွယ်ရေး ပိတ်ဆို့မှုများ၏ ဖိအားကြောင့် မြန်မာ့ တပ်မတော်သည် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများမရှိသော နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများကို သစ်လုပ်ကွက်များ ပိုချပေးလာနိုင်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု နှင့် နိုင်ငံခြားတိုင်းပြည်များနှင့် စီးပွားရေး လုပ်ငန်းများက မြန်မာပြည်အပေါ် ကုန်သွယ်ရေးသပိတ်မှောက်မှု မြင့်လာခြင်းတို့မှာ မြန်မာပြည်၏ သစ်တော ပြုန်းတီးမှုကို အားပေးရာရောက်နိုင်သည်။ တစ်နည်းဆိုသော် ထိုသို့သော အခြေအနေသည် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စံချိန်စံညွှန်းမျိုး မရှိ သော၊ အလေးမထားသော ရင်းနှီးမြှုပ်နှံ သူများလက်သို့ မြန်မာ့သစ်တောများ ပြန်ရောက်သွားနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက သတိပေး ကြပါသည်။ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို မြန်မာ့တပ်မတော်က ယခုလအတွင်း […]

ပုံပြင်

diz_admin

February 18, 2021

“မေမေ ပုံပြောပြနော်။ သမီး မအိပ် ချင်သေးလို့” ဟော ထုံးစံအတိုင်း စလာပြီ။ ကြီးကောင်ဝင်လာတာတောင် ပုံပြင် နားထောင်ချင်စိတ် မပျောက်သေး။ “ပုံပြင်တော်တော်များများက သမီး နားထောင်ပြီးသား ဖြစ်နေပြီလေ။” “မေကလဲ ခါတိုင်းလိုပဲ လက်တန်း စဉ်းစားပြီး ဟိုစပ်ဒီစပ်ပြောပြလေ”“အေးပါ အေးပါ” ဟိုးတစ်ခါတုန်းက စိမ်းလန်းစိုပြည်ပြီး သီးပင်စားပင်တွေလည်း ပေါကြွယ်ဝတဲ့ တောင်ခြေရွာလေးတစ်ရွာ ရှိသတဲ့။ ရွာသူရွာသားတွေကလည်း ရှိသမျှနဲ့ ရောင့်ရဲတင်းတိမ်ကြပြီး ပျော်ပျော်ပါးပါး နေတတ်ကြသတဲ့။ တစ်ရက်တော့ တောင်ပေါ်တောနက်ထဲက ဘီလူးမိစ္ဆာတစ်ကောင်ဟာ ရွာထဲ ကို ဝင်လာ၊ ရွာလယ်ဇရပ်ကို ခြေကုပ် ယူပြီး လူသားကော တိရစ္ဆာန်ပါမကျန် ဖမ်းဆီးစားသောက်ဝါးမျို ဖို့ကြံသတဲ့။ ဘီလူးကြီးက ဝရဇိန် လက်နက်ငါးမျိုး ကိုပါ ပိုင်ဆိုင်တာ သိကြတော့ ရွာသား တွေဟာ အင်မတန် […]