စစ်ကောင်စီ ဖမ်းတာခံခဲ့ရတဲ့ ပြည်သူတွေကို PDF နဲ့ ထောက်ပို့အဖြစ် ပုံဖော်သတင်းမှားဖြန့်
Dawei Watch
August 2, 2023တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက ဇူလိုင် ၂၇ ရက်နေ့ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေဟာ PDF တွေလို့ တယ်လီဂရမ်ချန်နယ် အချို့မှာ ဖြန့်ဝေနေပါတယ်။ Dawei Watch အနေနဲ့ ဒီဖြစ်စဉ်ကို အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ သတင်းမှား ဆိုတာ စိစစ်တွေ့ခဲ့ရပါတယ်။ ဖြန့်ချိနေသူတွေထဲမှာ Truth Media၊ The Fighters Media(TFM) တို့မှာ့မှ ဖမ်းဆီးခံရသူတွေကို “ရေဖြူ PDF ပဒက် နဲ့ ထောက်ပို့ ၃၀ ကျော်ဖမ်းဆီးရမိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး သတင်းဓာတ်ပုံနဲ့တကွ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီနေရာ နဲ ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။ ဒီ ဖြန့်ဝေမှုဟာ ဇူလိုင် ၂၈ ရက်ကနေ ဩဂုတ်လ ၂ ရက်နေ့အထိ ချန်နယ် ၂ ခုပေါင်း ကြည့်သူ 13,000 ကျော်အထိ ရှိခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ပြည်ချစ်သား ဝက်ဘ်ဆိုက်မှာတော့ ဇူလိုင် ၂၇ ရက်နေ့မှာ ရေဖြူမြို့နယ်ထဲက ကျေးရွာတွေက […]