ကန်ချနဘူရီမှာ PDF ၁၇ ဦး အဖမ်းခံရတယ်ဆိုတဲ့သတင်းအမှား
Dawei Watch
October 31, 2023ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ တနင်္သာရီမြို့နယ်က PDF ၁၇ ဦး ဖမ်းဆီးခံထား ရတယ်လို့ တယ်လီဂရမ်ချန်နယ်နဲ့ Facebook လူမှုကွန်ရက်အသုံးပြုသူတချို့က ဖော်ပြနေတာကို တွေ့ရှိရပါတယ်။ အဲဒီအကြောင်းအရာကို Dawei watch က အချက်အလက် စိစစ်စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှား ဖြစ်နေတာကို တွေ့ရပါတယ်။ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၁နာရီ ၁၉ မိနစ်မှာ Truth media အမည်နဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုက အဲဒီ သတင်းအမှား စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး Facebook အသုံးပြုသူတချို့ကလည်း ထပ်ဆင့်ဖြန့်ဝေထားကြတာပါ။ Truth media ရဲ့ဖော်ပြချက်မှာ ကန်ချနဘူရီမှာ အောက်တိုဘာလ ၁၂ရက် ညပိုင်းက PDF ၁၇ဦးကို ပစ်ခတ်ဖမ်းဆီးခံရပြီး သူတို့ဟာ ထုံခါအကျဉ်းစခန်း တိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်ခဲ့သူတွေကို ကနဦးသိရတဲ့အကြောင်း […]