BREAKING
December 3, 2024

Fact Check

ငါးဆယ်တန်၊ တစ်ရာတန် ကျပ်ငွေဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

Dawei Watch

September 30, 2023

ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်မှာ ကျပ်ငွေ ငါးဆယ်တန်နဲ့ တစ်ရာကျပ်တန်တွေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအမှားတစ်ခု Facebook ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့နေပါတယ်။ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၃” ဆိုတဲ့ စက်တင်ဘာလ ၂၉ ရက် ရက်စွဲနဲ့ အမိန့်စာကို ဖြန့်ဝေနေကြတာပါ။ ဒီအမိန့်စာမှာ ကျပ်ငွေ ငါးဆယ်တန်နဲ့ တစ်ရာကျပ်တန်တွေကို ဖျက်သိမ်းလိုက်ပြီဖြစ်လို့ ဗဟိုဘဏ်မှာ လာရောက်အပ်နှံကြဖို့၊ လက်ဝယ်ထားရင် အရေးယူမယ်ဆိုပြီး ရေးသားထားပါတယ်။ အဲဒီသတင်းကို Dawei Watch က စစ်ဆေးကြည့်ရာမှာတော့ အမိန့်စာအတုလုပ်ပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ သတင်းအမှားဖြန့် အဲဒီသတင်းကို Facebook က တရားဝင်အသိအမှတ်ပြု Blue Mark အမှတ်အသားရထားတဲ့ အကောင့်တစ်ခုနဲ့ M&T Labour […]

၅နှစ်အောက်ကလေးကို စာအလွတ်ကျက်ခိုင်း၊ စာရေးခိုင်းတဲ့အယူအဆအမှား

Dawei Watch

September 28, 2023

ရင်သွေးလေးတွေကို ပညာတတ်စေချင် ဇောနဲ့ အသက် ၅နှစ်အောက် ကလေးငယ်တွေကို စာအလွတ်ကျက်ခိုင်းတာ၊ စာရေးခိုင်းတာတွေ လုပ်တတ်ကြပါတယ်။ အသက် ၅ နှစ်တောင် မပြည့်သေးဘူး၊ ကလေးက A, B, C, D တစ်ပုဒ်လုံး၊ ကကြီး၊ ခခွေး တစ်ပုဒ်လုံး အလွတ်ဆိုတတ်နေပြီလို့ ကြွားဖူးတဲ့ ဖေဖေ၊ မေမေတွေလည်း ပတ်ဝန်းကျင်မှာ ရှိကြပါတယ်။ သားသမီးကို ပညာတတ်စေချင်ဇောနဲ့ လုပ်ကြတယ်ဆိုပေမယ့် မှန်ကန်တဲ့ နည်းလမ်းမဟုတ် လွဲမှားတဲ့ အယူအဆ တစ်ခုဖြစ်နေတာကို ရှင်းပြပေးသွားမှာပါ။ ကမောက်ကမ ပညာရေး အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသအတော်တော်များများ ကလေးတွေဟာ ကျောင်းပညာရေးနဲ့ လက်လှမ်းဝေးနေကြရပါတယ်။ တနင်္သာရီတိုင်းမှာဆိုရင်လည်း အခြေခံကျောင်းတွေ ရာနှုန်းပြည့် မဖွင့်နိုင်တော့ပါဘူး။ မူကြိုကျောင်းအားလုံးနီးပါး လည်း မဖွင့်‌နိုင်သေး‌ဘူးလို့ တိုင်းပညားရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက Dawei Watch […]

ဇမ္ဗူသီရိပရဟိတအဖွဲ့ ဦးဆောင်သူအသတ်ခံရတယ်လို့ သတင်းအမှားဖြန့်

Dawei Watch

September 27, 2023

ထားဝယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် အသတ်ခံရတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြပါတယ်။ Subscribe လုပ်ထားသူ တစ်သောင်းလေးထောင်ကျော်ရှိတဲ့ DGF21news၊ subscribe လုပ်ထားသူ တစ်သောင်း ရှစ်ထောင်ကျော်ရှိတဲ့ Snow Queen၊ subscribe လုပ်ထားသူ သုံးထောင့်ရှစ်ရာကျော်ရှိတဲ့ ရန်ကြီးအောင် တယ်လီဂရမ်ချန်နယ်တွေကနေ သတင်းမှား ဖြန့်ဝေကြတာပါ။ စက်တင်ဘာလ ၁၉ ရက် ည ၇ နာရီနဲ့ ၈ နာရီအကြားမှာ တစ်ပြိုင်နက်တည်း ဖြန့်ဝေခဲ့ကြပြီး စက်တက်ဘာလ ၂၆ ရက်မှာလည်း အဲဒီသတင်းအမှားကို ဆက်လက်ဖော်ပြထားဆဲဖြစ်ပါတယ်။ ဦးနိုင်မျိုးသွင် အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလသတင်းဟာ လူထုကြားထဲထိပါ ပြန့်နှံ့ခဲ့ပါတယ်။ ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ DVB သတင်းဌာနက ဖော်ပြတဲ့ သတင်းရဲ့ တစ်စိတ်တစ်ပိုင်းကို Screenshot […]

တော်လှန်ရေးအယောင်ဆောင် ငွေလိမ်အလှူခံတာတွေ သတိပြုပါ

Dawei Watch

September 24, 2023

ဆိုရှယ်မီဒီယာပေါ်မှာ အကောင့်တု၊ ပေ့ခ်ျ (Page) အတု ဖန်တီးလိမ်လည်တာတွေ အရမ်းပေါလာပါတယ်။ အဲဒီအထဲမှာ တော်လှန်ရေးသမား အယောင်ဆောင်လိမ်လည်တာတွေလည်း ပါဝင်ပါတယ်။ အယောင်ဆောင်သမားတွေ လိမ်လည်နေတဲ့ တိုင်းအတွင်းက အခြေအနေတွေကို အချက်အလက် စိစစ်ဖော်ပြ ပေးလိုက်ပါတယ်။ နာမည်နဲ့ ဓာတ်ပုံတွေ ခိုးယူအသုံးချတယ်။ တော်လှန်ရေးအဖွဲ့တွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ လှုပ်ရှားမှုတွေကို အကောင့်တု၊ ပေ့ခ်ျအတုတွေမှာ ကူးယူ ဖော်ပြပြီး လူတွေယုံကြည်လာအောင်လုပ်ပြီးတော့ ငွေကြေးအလှူခံ လိမ်လည်တာတွေ လုပ်ဆောင်နေကြတာပါ။ ငွေကြေးလိမ်လည်အလှူခံမယ့်သူဟာ မြေပြင်မှာ တော်လှန်ရေးအတွက် အမှန်တကယ်အလုပ်လုပ်နေတဲ့ တော်လှန် ရေးတပ်ဖွဲ့၊ တော်လှန်ရေးရဲဘော်၊ ထောက်ပို့တပ်သားတွေရဲ့ Facebook အကောင့်တွေနဲ့ နာမည်တူ ပုံစံတူအောင် ဆင်တူယိုးမှား အကောင့်တု ပေ့ခ်ျအတု ဖန်တီးလေ့ရှိပါတယ်။ တော်လှန်ရေးအဖွဲ့တွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ တရားဝင် အကောင့်၊ ပေ့ခ်ျတွေမှာ ဖော်ပြတဲ့ တော်လှန်ရေး အတွက် […]

အသက် ၆ လ အောက်ကလေးတွေကို ကတုံး တုံးပေးတဲ့ အယူအဆအမှား

Dawei Watch

September 22, 2023

အသက် ၆ လအောက် ကလေးငယ်တွေကို ဆံပင်သန်စေဖို့၊ ပူလို့၊ ဝမ်းတွင်းဆံပင်ဖြစ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကတုံး တုံးပေးနေကြတာဟာ လွဲမှားနေတဲ့အယူအဆဖြစ်ပါတယ်။ မွေးဖွားလာတဲ့ ကိုယ့်ရင်သွေးလေးတွေကို ပြည့်ပြည့်စုံစုံစင်လုံးချောလေးတွေဖြစ်ချင်ကြတာ ဖေဖေ၊ မေမေတိုင်းရဲ့ ဆန္ဒပါပဲ။ မွေးမွေးချင်းကလေး ဆံပင်လေး မသန်ရင်တောင် ဖေဖေ၊ မေမေတွေ စိတ်မချမ်းကြတော့ပါဘူး။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေကဖြစ်ဖြစ်၊ ဆွေမျိုး၊ မိဘ အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် အကြံပေးတဲ့အတိုင်း လိုက်လုပ်မိကြလေ့ရှိပါတယ်။ ဆေးပညာအကြောင်း၊ နုနယ်သေးတဲ့ကလေးတွေရဲ့ အရေပြားအကြောင်းစတာတွေကို နားမလည်တော့ စေတနာနဲ့ အကြံပေးကြတာဖြစ်ပေမယ့် ကလေးအတွက်က ဝေဒနာဖြစ်သွားစေနိုင်ပါတယ်။ ၆ လအောက် ကလေးတွေကို ကတုံး တုံးပေးတာတွေ မလုပ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူတွေရဲ့ ပြောဆို ရေးသားထားမှုတွေကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။ ကတုံး တုံးတာက ဆံပင်သန်စေတယ်ဆိုတဲ့ အယူအဆအမှား။ […]

ပုလောမှာ ရွာသားတွေဖမ်းဆီးခံရတာကို PDF တစ်ရာကျော်ကျတယ်လို့ ပုံဖော်သတင်းမှားဖြန့်

Dawei Watch

September 18, 2023

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ PDF တပ်ဖွဲ့ဝင် တစ်ရာကျော် ကျဆုံးတယ်လို့ တယ်လီဂရမ်ချန်နယ်တချို့မှာ သတင်းဖြန့်ဝေနေကြပါတယ်။ “ဘွတ်ကင်မွင်းခါးစာရင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ “တနင်္သာရီ၊ ပုလော (၁၀၀) ဦး” လို့ “Truth Media” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်ကနေ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၃၉ မိနစ်မှာ စတင်ဖြန့်ဝေပါတယ်။ ဒီဖြန့်ဝေချက်ကို “Snow Queen” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ကူးယူပြီး ည ၈နာရီ ၅၄ မိနစ်မှာ ထပ်ဆင့်ဖြန့်ဝေ ပါတယ်။ စက်တင်ဘာလ ၁၇ ရက်အထိ အဲဒီတယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖော်ပြထားဆဲဖြစ်ပါတယ်။ Truth Media ရဲ့ ဖော်ပြချက်ကို စက်တင်ဘာလ ၁၇ ရက်အထိ […]

NGO အလုပ်ခေါ်တယ်ဆိုပြီး ထိုင်းရောက်မြန်မာတွေကို ပစ်မှတ်ထားလိမ်လည်

Dawei Watch

September 10, 2023

ဘန်ကောက်အခြေစိုက် NGO မှာ အလုပ်လုပ်ရမယ်၊ လစာကောင်းတယ်ဆိုတဲ့ မက်လုံးတွေပေးပြီး ထိုင်းနိုင်ငံရောက် မြန်မာတွေကို ပစ်မှတ်ထားလိမ်လည်တာတွေ တွေ့ရှိနေရပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေးအသိပညာပေးရမယ်၊ အခြေခံလစာ ဘတ် ၁၇၀၀၀ ရမယ့်အပြင် နေစရိတ် စားစရိတ်ငြိမ်း စီစဉ်ပေးမှာဖြစ်ပြီး ရုံးကနေ ပေးထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ နေထိုင်ရမယ်ဆိုတဲ့ မက်လုံးပေးစည်းရုံးရေးသားပြီး လိမ်လည်နေတာပါ။ ထိုင်းရောက် မြန်မာတွေ တစ်စုတစ်စည်းတည်းရှိတဲ့ Facebook Group တွေထဲမှာ အကောင့်တုတွေနဲ့ အလုပ်ခေါ်စာ ကြော်ငြာတင်ပြီး စည်းရုံးနေကြတာပါ။ လျှောက်ထားသူတွေဆီကနေ လျှောက်လွှာကြေးတွေ တောင်းပြီး လိမ်လည်နေတာလည်း ဖြစ်ပါတယ်။ ထပ်ခါထပ်ခါ လိမ်ဖို့ကြိုးပမ်းနေတာတွေ့ရတယ်။ ဒီလို လိမ်လည်တာကို Dawei Watch က တွေ့ရှိတာက အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာပါ။ ‘Lwin Yati Hnin […]

သတိထားရမယ့် ချေးငွေအကြောင်းပြငွေကြေးလိမ်လည်မှု

Dawei Watch

September 9, 2023

ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ နည်းမျိုးစုံသုံးပြီး လိမ်လည်နေတာတွေထဲမှာ ချေးငွေအကြောင်းပြ ငွေကြေးလိမ်လည်မှုလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသေးစားချေးငွေတွေ ထုတ်ချေးပေးနေတယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ အမှန်တကယ် ချေးငွေထုတ်ချေး ပေးနေတာ မဟုတ်ဘဲ ငွေကြေးလိမ်လည်နေတာပဲဖြစ်တယ်ဆိုတာကို Dawei Watch ရဲ့ အချက်အလက် စစ်ဆေးချက်တွေအရ တွေ့ရှိရပါတယ်။ အကောင့်တု၊ Page အတုတွေ ဖန်တီးပြီးလိမ်လည်တာ။ ငွေကြေးလိမ်လည်သူတွေဟာ Facebook ပေါ်မှာ “အသေးစားငွေချေးလုပ်ငန်း” လို့ နာမည်တပ်ပြီး နာမည်ကြီး ပြည်တွင်းပုဂ္ဂလိကဘဏ်နာမည်တွေ၊ ထင်ရှားတဲ့လူပုဂ္ဂိုလ်နာမည်တွေ ရုပ်ပုံတွေ၊ ထင်ရှားတဲ့ ရွှေဆိုင်နာမည်တွေကို အသုံးပြုပြီး Facebook Page တွေ ဖန်တီးထားလေ့ရှိပါတယ်။ ဥပမာ KBZ ဘဏ် အသေးစားချေးငွေလုပ်ငန်း၊ ကမ္ဘာ့ရတနာဘဏ်ချေးငွေလုပ်ငန်း၊ 29 ရတနာချေးငွေလုပ်ငန်း စတဲ့ နာမည်ကိုတွေကိုသုံးပြီး Page အတုတွေ ဖန်တီးထားကြတာပါ။ Page […]