ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှား
Dawei Watch
April 29, 2024မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ရေးဘီလူးအဖွဲ့ရဲ့ ခေါင်းဆောင် လုပ်ကြံခံရတယ်လို့ တယ်လီဂရမ်ချန်နယ်တချို့မှာ ဧပြီလ ၂၄ရက် ဖော်ပြခဲ့ကြပါတယ်။ အလှူငွေကိစ္စကြောင့် ရေးဘီလူးအဖွဲ့ရဲ့ ဒုခေါင်းဆောင်က လုပ်ကြံတာဖြစ်နိုင်တယ်လို့လည်း ရေးသားဖော်ြပထားပါတယ်။ အဲဒီဖော်ပြချက်ကို Dawei Watch က အချက်အလက် စစ်ဆေးတဲ့အခါမှာတော့ သတင်းအမှားဆိုတာကို တွေ့ရှိရပါတယ်။ အဲဒီသတင်းအမှားဟာ ဧပြီလ ၂၈ ရက်အထိ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ နောက်ထပ် သတင်းအမှား တွေလည်း ဆက်တိုက်ဖြန့်ချီနေတာ တွေ့ရပါတယ်။ Subscribe ပြုလုပ်သူ ငါးသောင်းကျော်ရှိတဲ့ Snow Queen အမည်နဲ့ တယ်လီဂရမ်ချန်နယ်က အဲဒီသတင်းအမှားကို ဧပြီ ၂၄ ရက် မနက် ၁၀ နာရီ ၃၅ မိနစ်မှာ စတင်ဖော်ပြပါတယ်။ ဧပြီ ၂၉ ရက်အထိ ကြည့်ရှူသူ တစ်သောင်းခွဲနီးပါး နဲ့ Reaction ပြုလုပ်သူ သုံးရာနီးပါး၊ မှတ်ချက်ပြုသူ ၂၆ ဦးနဲ့ ဆက်လက်ပျံ့နှံ့နေတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ အဲဒီ ဖော်ပြချက်ကိုပဲ linn nay အမည်နဲ့ တယ်လီဂရမ်ချန်နယ်က တချိန်တည်းမှာ ဖော်ပြခဲ့တာ ဒီနေရာမှာ […]