ခိုင်နှင်းဝေ အယောင်ဆောင်ပြီး ငလျင်ဘေးအလှူခံတာ သတိပြုဖို့လိုပါတယ်
Dawei Watch
March 30, 2025မြေငလျင် ဘေးဒဏ်သင့်ဒေသတွေကို ကူညီဖို့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက ၎င်းကိုယ်တိုင် ကျပ်သိန်းတစ်ထောင် မတည်ထားပြီး ပြည်သူများလည်း ပါဝင်လှူဒါန်းနိုင်ရန် ဆိုပြီး အင်တာနက်လူမှုကွန်ရက်မှာ သူ့ရဲ့လှုမှုကွန်ယက် စာမျက်နှာကနေ အလှူခံနေတာတွေ့ရပါတယ်။ “ခိုင်နှင်းဝေ မိဘမဲ့ကလေးများ ဂေဟာ” အမည်နဲ့ ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာတစ်ခုကနေ အလှူခံနေတာကို တွေ့ရပါတယ် ။ အဲဒီစာမျက်နှာကို Follower ပြုလုပ်ထားသူ ခြောက်ထောင်ကျော်ရှိ ပါတယ်။ အလှူခံ post အောက်မှာ ဖုန်းနံပါတ်တွေ ဖော်ပြပြီး viber နဲ့ ခေါ်ပြီးဖြစ်ဖြစ်၊ လူမှုကွန်ရက်စာမျက်နှာကနေ ဖြစ်ဖြစ် ဆက်သွယ်လှူဒါန်းနိုင်တယ်ဆိုပြီး လိမ်လည် အလှူခံနေတာကို တွေ့ရပါတယ်။ အဲဒီစာမျက်နှာ ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်တဲ့အခါ သရုပ်ဆောင် […]