တနင်္သာရီတိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်
Dawei Watch
October 11, 2023မုတ်သုန်ဆုတ်ခွာမည့်ကာလတွင် တနင်္သာရီတိုင်း၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာ ဒုတိယ ၁၀ ရက်အပတ်ထဲတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။ အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးမှ မုတ်သုန်ဆုတ်ခွာဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းကာလအတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရက် ၇ ရက်မှ ၉ ရက်အထိ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ယင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ […]