BREAKING
February 23, 2025

သဘာဝဝန်းကျင်/ဥတုဘေး

ဒေသကိုထိခိုက်နိုင်သော်လည်း ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို အဆင့်မြှင့်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

Dawei Watch

March 1, 2024

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြေရှိသဖြင့်NLD အစိုးရလက်ထက်က အဆင့်မြှင့်တင်ခြင်း မလုပ်ခဲ့သည့် ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို စစ်ကောင်စီက ပြန်လည်အကောင်‌အထည်ဖော်ရန် စတင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရေအားလျှပ်စစ်မှာ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် တည်ရှိသည်။ စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy ကုမ္ပဏီကို အဆိုပါရေအားလျှပ်စစ်ဖြစ်မြောက်နိုင်ခြင်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာရန် ထားဝယ်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကနဦးသဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ လက်မှတ်ရေးထိုးအခမ်းအနားသို့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်အပါအဝင် အဖွဲ့တချို့တက်ရောက်ခဲ့ပြီး ကုမ္ပဏီဖက်မှ ဥက္ကဋ္ဌ ‌ဦးကျော်မင်းဦးတို့ တက်ရောက်ခဲ့ကြောင်း တိုင်းစစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ လတ်တလော ကီလိုဝပ် ရာဂဏန်းသာ လျှပ်စစ်ထုတ်လုပ်ပေးနေသော ကတ္တလူ ရေအားလျှပ်စစ်လုပ်ငန်းကို ၃ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် တိုင်းစစ်ကောင်စီက အဆင့်မြှင့်တင်လိုနေခြင်းဖြစ်သည်။ ကတ္တလူ အသေးစားရေအားလျှပ်စစ်ကို […]

ထားဝယ်နှင့် မော်လမြိုင်တွင် ​​နေ့အပူချိန်မြင့်တက်​နေပြီး စံချိန်သစ်တင်

Dawei Watch

February 27, 2024

ထားဝယ်မြို့နှင့် မော်လမြိုင်မြို့များတွင် ယခုအပတ်အတွင်း ​နေ့အပူချိန်ဆက်တိုက် မြင့်တက်​နေပြီး အပူချိန်စံချိန်အသစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ထံမှသိရသည်။ ယခုနှစ်မှာ အစွန်း​ရောက် ရာသီဥတုဖြစ်သည့် ပူပြင်း​ခြောက်​သွေ့​သော အယ်နီညိုရာသီဥတုကို ကြုံ​တွေ့ရမည်ဟု မိုး​လေဝသနှင့် ဇလ​ဗေဒပညာရှင်များက ​ပြောဆိုထားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက မိုးဇလ၏ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် လွိုင်လင်မြို့များ၏ အပူချိန်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်ချိုးခဲ့ကြောင်းဖော်ပြထားသည်။ မော်လမြိုင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်၌ အပူချိန် ၃၉ ဒသမ ၁ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က အမြင့်ဆုံးအပူချိန်စံချိန်ဖြစ်သည့် ၃၈ဒသမ၈ ဒီဂရီစင်တီဂရိတ် (၁၀၁ဒသမ၈ […]

မုန်တိုင်းအရှိန်ကြောင့် တိုင်းအတွင်း မိုးရွာဦးမည်

Dawei Watch

December 1, 2023

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းငယ်သည် ဒီဇင်ဘာလ ၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သော်လည်း လတ်တလော ခန့်မှန်းချက်များအရ မြန်မာနိုင်ငံကို ဦးတည်လာနိုင်ဖွယ်မရှိဟုဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံကို ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဒီဇင်ဘာလ(ပထမ)ဆယ်ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်သလို လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ထပ်မံ ဖြစ်ပေါ်နိုင်ပါသည်ဟုလည်း မိုးဇလထုတ်ပြန်ချက်များက ဆိုသည်။ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် ပင်လယ်တွင် လှိုင်းထန်ပြီးမိုးသက်လေပြင်းကျနိုင်ကြောင်း ရေလုပ်သားများကို သတိပေး

Dawei Watch

November 24, 2023

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် လှိုင်းလေထန်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ခြေရှိကြောင်း မိုးလေဝသ သတိပေးချက်ထုတ်ထားသည်။ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ Facebook စာမျက်နှာတွင် ပင်လယ်ပြင်ရေလုပ်သားများအတွက် သတိပေးချက်ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၂၃ ရက်က ရေးသားသတိပေးထားခြင်းဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်သည့် အခြေအနေတစ်ခု ထိုင်းပင်လယ်ကွေ့တွင် အစပြုနေကြောင်း ဦးဝင်းနိုင်က ရေသားထားသည်။ မုန်တိုင်းအစပြုရာမှ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်သည့်အချိန် နိုဝင်ဘာလ ၂၇ နှင့် ၂၉ ရက်ကြားတွင် မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ဆိုထားသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း၊ ကမ်းနီး၊ ကမ်းဝေးရေပြင်တွင် လှိုင်းလေထန်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။ နိုဝင်ဘာလ ၃၀ ရက်တွင်မူ မုန်တိုင်းဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီမိုင် ၁၀၀ အထိရှိလာနိုင်ပြီး လှိုင်းအမြင့် ၃၃ ပေခန့်အထိရှိနိုင်‌သည်ဟုဆိုသည်။ […]

မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးသက်လေပြင်းကျနိုင် ဟုဆို

Dawei Watch

November 16, 2023

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ပြောဆိုသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် အခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုင်းပင်လယ်ကွေ့ဘက်မှဝင်လာသည့် လေပွေလှိုင်းသည် ကပ္ပလီပင်လယ်တောင်ပိုင်းမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်ကို ရောက်လာပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း ဖြစ်လာသည်ဟု မိုးလေဝသပညာရှင်များက ပြောသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်ကိုရောက်နေပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်သည်ဟု မိုးလေဝသအခြေအနေများကို ဖော်ပြနေသည့် Joint Typhoon Warning Center-JTWC က ကြေညာထားသည်။ အထက်ပါမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက် နေ့အထိ နေရာအနှံ့မိုးရွာနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်ရေး သုတေသီ ဦးဝင်းနိုင်က ၎င်း၏ […]

တနင်္သာရီတိုင်းမှာ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်

Dawei Watch

October 21, 2023

တနင်္သာရီတိုင်းတွင် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်အတွင်း နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက သုံးသပ်ထားသည်။ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၂ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ အောက်တိုဘာ ၂၅ ရက်တွင် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ လေဖိအားနည်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် အောက်တိုဘာလ ၂၆ ရက်အထိ နေရာကွက်၍ […]

တနင်္သာရီကို ခြိမ်း‌ခြောက်လာတဲ့ ဥတုကပ်ဘေး

Dawei Watch

October 15, 2023

အယ်လ်နီညို ရာသီဥတုကြုံကြရတော့မယ်လို့ ကြားသိနေရပေမယ့် တနင်္သာရီတိုင်းတွင်တော့  ထူးပြီးစိုးရိမ်နေကြခြင်းမရှိပေ။ ပြင်ကြီးကျွန်းရွာသား ဦးမင်းအောင်လည်း ထို့အတူပင်။ မိုးရာသီ သောက်သုံးရေအလျှံအပယ်ဖြစ်နေတော့ လယ်ထဲဆင်းလိုက်၊ ထားဝယ်မြစ်ထဲ ငါးဖမ်းထွက်လိုက်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းနေပါတယ်။ မကြာခင် ရာသီဥတုကပ်ဘေးတစ်ခုကျရောက်လာမှာကို သာမန်တောင်သူတစ်ဦးဖြစ်တဲ့ ဦးမင်းအောင် ဂရုစိုက်ရကောင်းမှန်း၊ စိုးရိမ်ပူပန်ရကောင်းမှန်း မသိ။ “အယ်လ်နီညိုမဖြစ်လည်း ရေကနှစ်တိုင်း ရှားနေတာပဲလေ” လို့ ဦးမင်းအောင်ကဆိုပါတယ်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပြင်ကြီးကျွန်းကျေးရွာဟာ နွေရာသီဆို နှစ်တိုင်း သောက်သုံးရေ အကြီအကျယ်ပြတ်လပ်တဲ့ ဒေသတစ်ခုပါ။ နှစ်တိုင်း ရေအလှူရှင်ကိုမျှော်ရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ မနှစ်ကဆိုရင် ကျွန်းပေါ်သောက်သုံးရေ မရှိတော့တဲ့အထိဖြစ်သွားခဲ့လို့ တစ်ဖက်ကမ်း သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရွာမှာ လှေနဲ့သွားပြီး သောက်သုံးရေဝယ်သုံးခဲ့ရပါတယ်။ အချို့ဆို ချိုးရေမရှိတော့လို့ ထားဝယ်မြစ်ထဲ ရေဆင်းကူးရတဲ့အထိ ဖြစ်ခဲ့ကြတာပါ။ အခုလည်း ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုက ပြင်ကြီးကျွန်းရွာကို […]

တောင်ပိုင်းကို ရိုက်ခတ်လာတော့မယ့် အယ်လ်နီညို

Dawei Watch

October 15, 2023

စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာပြည်သူများမှာ ပဋိပက္ခများ၊ တိုက်ပွဲများနှင့် ကုန်ဈေးနူန်းကြီးမြင့်မှု အစရှိသော အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။ အခြားတစ်ဖက်တွင်လည်း မိုးရွာသွန်းမှု များပြားသည့်အတွက် ရေကြီးရေလျှံမှု၊ လယ်များရေမြုပ်မှု အစရှိသော သဘာဝဘေးဒဏ်များ ကြုံတွေ့နေရသည်။ သို့သော် မပြီးဆုံးသေး မြန်မာပြည်သူများအတွက် ဒုက္ခပေါ် ဒုက္ခထပ်ဆင့်လာမည့် ဖြစ်စဉ်တစ်ခုရှိနေသေးသည်။ ယင်းမှာ အလွန်ပူပြင်းခြောက်သွေ့ပြီး အဖျက်မိုးများ ရွာသွန်းနိုင်သည့် အယ်လ်နီညို ရာသီဥတုကပ်ဘေး ဖြစ်သည်။ အစွန်းရောက်ရာသီဥတုဖြစ်သည့် အယ်လ်နီညိုကြောင့် အပူချိန်များမြင့်တက်ခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါထူပြောခြင်း၊ အခါလွန်မိုး၊ အဖျက်မိုးရွာသွန်းခြင်း၊ မီးလောင်မှုများခြင်း စသော မူမမှန်သည့် ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့ရဖွယ်ရှိနေသည်။ အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံအနေဖြင့် ပုံမှန်အပူချိန်ထက် များစွာပိုပူမည်ဖြစ်ရာ အပူဒဏ်ခံရဦးမည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။ မကြာခင်ရောက်ရှိတော့မည့် ၂၀၂၃ ဒီဇင်ဘာလမှာ အယ်လ်နီညို အားအကောင်းဆုံးအချိန်ဖြစ်ပြီး နောက်နှစ်(၂၀၂၄ […]