BREAKING
February 23, 2025

သဘာဝဝန်းကျင်/ဥတုဘေး

တနင်္သာရီ ပဝရွာအုပ်စုရေကြီးမှု အခြေအနေ

Dawei Watch

August 2, 2024

တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတွင် ရေကြီးရေလျှံနေသည့် အခြေအနေအား ယနေ့ ဩဂုတ်လ ၂ ရက် နံနက်‌ပိုင်းက တွေ့မြင်ရသည့် မြင်ကွင်းများ ဖြစ်သည်။ စံချိန်တင် မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ မနေ့က စတင်ကာ ပြန်ကျလာပြီး လက်ရှိတွင် ၂၇ ပေ ဝန်းကျင်ရှိနေသည်။ ဇူလိုင်လ ၃၁ ရက်ကမူ မြစ်ရေမှာ ၃၁ ပေကျော်အထိ မြင့်တက်ခဲ့သည်။ လက်ရှိတွင် ရေပြန်ကျနေပြီဆိုသော်လည်း တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေအထက်တွင်ရှိနေဆဲဖြစ်သည်။

မြိတ်-ဘုတ်ပြင်းကားလမ်းတွင် ရေကြီးမှုကြောင့် ကားအစီးရေ ၈၀ ခန့်ပိတ်မိပြီး အစားအသောက်အခက်ကြုံ

Dawei Watch

August 1, 2024

မြိတ် – ဘုတ်ပြင်း ကားလမ်းမပေါ်ရှိ လယ်တောင်ယာရွာတွင် ဇူလိုင်လ ၂၈ ရက်စပြီး ယနေ့ ဩဂုတ်လ ၁ ရက်အထိ ရေကြီးရေလျှံမှုကြောင့် ကားလမ်းမရေကျော်နေ၍ ကားအစီးရေ ရှစ်ဆယ်ခန့်ပိတ်မိနေကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။ လယ်တောင်ယာရွာရှိ ဘုရားတောင်ကုန်းမြင့်ပိုင်းမှအပ ကျန်နေရာများအားလုံး ရေမြုပ်နေပြီး ဒေသခံ ၅ဝ၀ ‌ခန့်လည်း ရေလွတ်သည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း ရွာသားများက ဆိုသည်။ ရေဘေးသင့်သူများနှင့် ပိတ်မိနေသသည့် ကားသမား၊ ခရီးသည်များသည် အစားအသောက် အခက်အခဲ ကြုံနေရကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဆန်က သယ်မရလို့ မာမားခေါက်ဆွဲပဲစားနေရတယ်။ လာလှူတဲ့သူက နည်းတယ်။ မရှိသလောက်ပဲ။ ကားသမားတွေဆို တစ်ပတ်လောက်ရှိတော့မယ် ပိတ်မိနေတာ။ ရှိတာဝယ်စားပြီးနေနေကြရတယ်။ ဒီမှာက ဈေးလည်းကြီးတယ်၊ မာမားတစ်ထုပ် တစ်ထောင်။ ကြက်ဥတစ်လုံး […]

မြစ်ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေ အနည်းငယ်ပြန်ကျ

Dawei Watch

August 1, 2024

ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေသည် ယနေ့ ဩဂုတ်လ ၁ရက် နံနက်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်ကျလာကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ရက် နံနက်က ၃၁ ပေကျော်အထိ မြင့်တက်လာခဲ့ပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာဒါဇင်ပေါင်းများစွာ ရေကြီးရေလျှံခဲ့သည်။ အဆိုပါစံချိန်မှာ ၁၉၉၄နောက်ပိုင်း အမြင့်ဆုံးအထိ မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် ၁ ပေခန့်ပြန်ကျလာကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။ တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ပြီး လက်ရှိတွင် အန္တရာယ်ရေအမှတ်အထက် ငါးပေကျော်တွင် ရှိနေဆဲဖြစ်သည်။ မြစ်ရေအနည်းငယ် ပြန်ကျသဖြင့် ဩဂုတ်လ ၁ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၂၉ ပေ ၁၁ လက်မသာ ရှိတော့ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် တကူ၊ ညောင်ပင်ကွင်း၊ […]

တနင်္သာရီ ညောင်ပင်ကွင်းရွာအုပ်စုတွင် ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားအဖြစ်များလာ

Dawei Watch

August 1, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားရောဂါအဖြစ်များနေကြောင်း ရေဘေးသင့် ‌ပြည်သူများ၊ ကျန်းမာရေးနှင့် ကူညီကယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။ အူရောင်ငန်းဖျားနှင့် ဆက်စပ်ရောဂါများမှာ ကလေးအရွယ်မှစပြီး လူကြီးပိုင်းအထိ အဖြစ်များနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသည့် ဒေသခံအမျိုးသားက ပြောသည်။ ယခုလက်ရှိတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦး၏ စာရင်းအရ ၁၅ဦးအထိဖြစ်ပွားနေပြီး မြေပြင်တွင် ယင်းထက်ပိုများ နေနိုင်ကြောင်း ၎င်းက ဆိုသည်။ “အူရောင်ငန်းဖျားက ရေမတက်ခင်က တစ်ယောက် နှစ်ယောက်စဖြစ်ပေမယ့် အခုပိုဆိုးလာတယ်။ အခုဆိုရင် ၁၅ ယောက် လောက်ဖြစ်နေတယ်၊အရွယ်စုံပဲ။ လက်ရှိ ဆေးရုံပို့ပေးထားရတာ တစ်ယောက်ရှိတယ်။ မသက်သာသေးဘူး” ဟု ၎င်းက ပြောသည်။ အူရောင်ငန်းဖျားရောဂါ လက္ခာပြသူများကို စစ်ဆေးချိန်တွင် ရောဂါဖြစ်ပွားနေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။ အူရောင်ငန်းဖျားအပြင် ဝမ်းပျက်ဝမ်းလျှောနှင့် ငန်းဖျား၊ […]

တစ်ဘေးပေါ် တစ်ဘေးဆင့် ဘေးအမြင့် ပတ်ခြံရံ

Dawei Watch

July 31, 2024

ရေဘေးအကြား စစ်ကြောင်းက ထပ်ထိုးသေးသည်။ မကပါ။ လေကြောင်းကလည်း တိုက်သေးသည်။ တနင်္သာရီဒေသ၏ ရှေးဟောင်းမြို့ငယ် ကလေးမှာ တစ်ဘေးပေါ် တစ်ဘေးဆင့်ခံနေရသည်။ တနင်္သာရီမြစ် မြစ်ဖျားခံရာ ထားဝယ်အရှေ့တောဒေသသည်လည်း ထိုနည်းလည်းကောင်းပင်။ စစ်အာဏာသိမ်းထားသည့် ရက်ပေါင်း ၁၂၇၇ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင် ၃၁ တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အဖွဲ့က ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) အစည်းအဝေးခေါ်ပြီး အာဏာသိမ်းကာကို ခြောက်လ ထပ်မံသက်တမ်းတိုးလိုက်သည်။ စစ်ခေါင်းဆောင်နှင့် အဖွဲ့က အာဏာတည်မြဲရေး ကြိုးစားနေချိန်တွင် ပြည်သူများကတော့ ရေကြီးရေလျှံမှုများနှင့် ကပ်ဘေးအမျိုးမျိုးကို ခါးစည်းခံနေကြရသည်။ စစ်ကောင်စီက ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်နေသည့် တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးမပြတ်သလို မနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) ကလည်း လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဇူလိုင်လ […]

တနင်္သာရီ ရေကြီးမှုတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး၊ တစ်ဦးပျောက်ဆုံး

Dawei Watch

July 31, 2024

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ ပြည့်အေးရွာတွင် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ရေကြီးရေလျှံမှုအတွင်း အသက် ၃ဝ ဝန်းကျင် အမျိုးသားနှစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၉ ရက်က ရေနစ်ပျောက်ဆုံးနေသည့် ပြည့်အေးရွာသား ကိုဇော်ထွေး၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက်တွင် ပြန်ဆယ်ယူရရှိပြီး သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း တကူရွာသားတစ်ဦးက ဆိုသည်။ “တစ်ယောက်ပဲ ပြန်တွေ့သေးတယ်။ မနေ့ (၃ဝရက်) က နစ်တဲ့တစ်ယောက်ကတော့ ပြန်မတွေ့ရသေးဘူး။ ပျောက်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြစ်ရေတက်မှုကြောင့် တကူတိုက်နယ်ရှိ ရပ်ကွက် ၁၄ ခုစလုံး ရေကြီးရေလျှံနေပြီး ရေအဝင်များသည့် ရပ်ကွက်များတွင် နေထိုင်သူများသည် ကုန်းအမြင့်ပိုင်းရှိ စာသင်ကျောင်းနှင့် ရေလွတ်ရာ ရပ်ကွက်များရှိ ဆွေမျိုးနီးစပ်သူများထံ […]

စစ်ဘေးကြားက ရေဘေးဒုက္ခသည်များ

Dawei Watch

July 31, 2024

တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်ငါးသောင်းကျော် ရှိနေသည့် တနင်္သာရီတိုင်းတွင် ဇူလိုင်လတတိယပတ် ဝန်းကျင်မှစကာ မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။ မိုးသည်းထန်စွာရွာသွန်းပါက ကားလမ်းမရေကျော်ခြင်း၊ နေအိမ်ရပ်ကွက်များအတွင်း ရေဝင်ခြင်းများ ကြုံကြရပြီး မြို့နယ်အများစုတွင် မိုးစဲရေစဲဖြစ်လေ့ရှိသော်လည်း ရေပြန်မကျဘဲ ရက်ရှည်ရေကြီးသည့် ဒေသများလည်းရှိသည်။ အထူးသဖြင့် တိုက်ပွဲများပြင်ထန်ခဲ့ပြီး စစ်ဘေးရှောင် အများအပြားရှိနေသည့် တနင်္သာရီမြို့နယ်နှင့် ထားဝယ်အရှေ့တော ဒေသများတွင် ရက်ရှည်ရေကြီးလေ့ရှိသည်။ အဆိုပါဒေသများတွင် ယခင်ကာလများကတည်းက ရေကြီးရေလျှံလေ့ရှိသော်လည်း ကူညီပေးသည့် ပရဟိတအသင်းအဖွဲ့များ အားကောင်းသည့်အတွက် ရေဘေးကြုံရသူများမှာ အတော်အသင့်သက်သာရာရခဲ့သည်။ ထိုအပြင် နယ်မြေအေးချမ်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် ကုန်ဈေးနှုန်းအတက်အကျနည်းခြင်း စသည့်အချက်များကြောင့်လည်း ရေဘေးကြုံလာပါက လူထုစုပေါင်းအားဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ယခုအခြေအနေတွင် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်ကွပ်မှုများကြောင့် ပရဟိတအသင်းအဖွဲ့များ နည်းပါးနေသလို ရိက္ခာသယ်ယူခွင့် ကန့်သတ်မှုများလည်းရှိနေသည်။ ရေဘေးနှင့် စစ်ဘေးဒဏ်ပြင်းပြင်း ထန်ထန်ခံနေရသည့် တနင်္သာရီမြို့နယ်နှင့် […]

တနင်္သာရီတိုင်း ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်၍ ရေယာဉ်များ ထွက်ခွင့်မပေး

Dawei Watch

July 29, 2024

တနင်္သာရီတိုင်းပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်သည့်အတွက် ရေယာဉ်များ ပင်လယ်ပြင်မထွက်ကြရန် စစ်ကောင်စီ၏ တိုင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရေကြောင်း) က ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် စာထုတ်တားမြစ်ထားသည်။ မိုးဇလဌာနက ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ပင်လယ်ပြင်တွင် တစ်နာရီလေတိုက်နှုန်းမှာ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်မည်ဖြစ်သည့်အတွက် လှိုင်းကြီးမည်ဖြစ်ကြောင်း ရေကြောင်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။ မိုးဇလဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်းသွားခရီးသည်တင် အမြန်ရေယာဉ်များ လုံးဝထွက်ခွာခွင့် မပြုကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ရေကြောင်းဌာန၏ ထုတ်ပြန်ချက်တွင် ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုမည့်ရက်ကို ဖော်ပြထားခြင်းမရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ […]