ထိုင်းရောက်မြန်မာလုပ်သားများထံမှ အခွန်ရရှိရေး အပူတပြင်းလုပ်နေသည့် စစ်ကောင်စီအဖွဲ့ ဖူးခက်မြေပြိုမှုတွင် လာရောက်ခြင်းမရှိ
Dawei Watch
August 28, 2024ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြေပြိုမှုကြောင့် သေဆုံးခဲ့သော ထားဝယ်ဒေသခံများအနက် အချို့ကို ယနေ့ နေ့လယ်ပိုင်း သင်္ဂြိုဟ်လိုက်ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက လာရောက်ခြင်းမရှိကြောင်း သိရသည်။ ထိုင်းရောက်မြန်မာ အလုပ်သမားများထံမှ အခွန်ရရှိရေးသာ နည်းမျိုးစုံဖြင့် အပူတပြင်း လုပ်ဆောင်နေသည့် စစ်ကောင်စီအဖွဲ့မှာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးကိုထိထိရောက်ရောက် ကူညီပေးလေ့မရှိဟု အလုပ်သမားများထံမှ သိရသည်။ “ဘယ်မှာလဲ သူတို့။ အခုအလောင်းတောင် သင်္ဂြိုဟ်ပြီးနေပြီ။ ပန်းကုံးလေးတောင်မပို့ပေးဘူး။ နစ်နာကြေးရအောင် ဆောင်ရွက်ပေးဖို့ဆိုတာဝေး။ နောက်မှ ကျွန်မတို့ကိုယ်တိုင် နစ်နာကြေးတွေ ရအောင် လိုက်ပြီး ဆောင်ရွက်ရအုံးမယ်” ဟု ထားဝယ်ဒေသခံ တစ်ဦးက ဆိုသည်။ ယခုမြေပြိုမှုဖြစ်စဉ်တွင်လည်း မြန်မာနိုင်ငံသားများ အသက်ဆုံးရှုံးမှုရှိနေသော်လည်း စစ်ကောင်စီ၏ ထိုင်းသံရုံးမှ သံအမတ်အပါအဝင် မြန်မာအလုပ်သမား သံအရာရှိများက လာရောက်တွေ့ဆုံပြီး ကူညီဆောင်ရွက်ပေးမှုမရှိသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော […]