ကျွန်းစုတွင် လေပြင်းကြောင့် နေအိမ်ငါးလုံးပျက်စီး
diz_admin
March 21, 2022အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် ကျွန်းစုမြို့နယ်၊ သဲချောင်း ကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာတွင် နေအိမ်ငါးလုံးပျက်စီးကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။ လူနေအိမ် ငါးလုံးမှာ အမိုးအကာပျက်စီးခြင်း၊ နေအိမ်အနောက်ခန်းပြိုကျခြင်း၊ ဝရန်တာပြိုကျခြင်း စသဖြင့် နေအိမ် တစ်စိတ်တစ်ပိုင်းပြိုကျခြင်းများရှိကြောင်း အထက်ပါဌာနမှ ခရိုင်ဦးစီးမှူးက ပြောသည်။ ယင်းဖြစ်ရပ်တွင် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။ နေအိမ်ပျက်စီးသဖြင့် ယင်းနေအိမ်တွင် နေထိုင်သူများကို မည်သည့်နေရာ ပြောင်းရွှေ့ထားသည်ကိုမူ မြို့နယ်အဆင့်က ပေးပို့သည့် သတင်းတွင် မပါသေးသဖြင့် မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ မြိတ်ခရိုင်ကျွန်းစုမြို့နယ်အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသနှင့် နီးသည့် ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ကျွန်းစုမြို့နယ်မှ ဒေသခံအချို့က ပြောသည်။ မောင်းမကန်ပင်လယ်ကမ်းခြေတွင်မူ ရေအနည်းငယ်တက်လာသည်မှလွဲ၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများမရှိကြောင်း […]