BREAKING
October 18, 2024

သဘာဝဝန်းကျင်/ဥတုဘေး

တနင်္သာရီတိုင်းတွင် ရေကြီး၊ မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုးဇလသတိပေး

diz_admin

May 22, 2022

တနင်္သာရီနှင့် မွန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ရေကြီခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၂၂) သတိပေးချက် ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မေ ၂၂ မှ မေလ ၂၆ ရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ မိုးကြီး၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ရေကြီး၊ မြေပြိုနိုင်သည့်နေရာများတွင် နေသူများ သတိထားနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။ ယင်းအပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများနှင့် လေကြောင်းခရီးစဉ်သွားမည့်သူများလည်း သတိထားကြရန် သတိပေးထားသည်။ ယခုအပတ်တွင်လည်း မွန်နှင့် တနင်္သာရီတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့သည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး ရေးမြို့ […]

တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

diz_admin

May 10, 2022

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသေးသော်လည်း မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေရာကွက်၍ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်၊ ပုလော၊ ကော့သောင်း စသည့် မြို့နယ်များတွင် မေလ ၅ ရက်နေ့မှ စတင်ကာ နေရာအချို့တွင် မိုးရွာသွန်းမှုများ ရှိနေကြောင်း‌ ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ […]

စိုက်ပျိုးစရိတ်ကြီးသဖြင့် လယ်သမားများ မိုးစပါးစိုက်ရန်အခက်ကြုံ

diz_admin

May 4, 2022

စိုက်ပျိုးစရိတ် ကြီးမြင့်သဖြင့် မြိတ်ခရိုင်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က လယ်တစ်ဧကလျှင် လယ်ထွန်စက် ငှါးရမ်းခ တစ်သောင်းရှစ်ထောင်ကျပ်ရှိခဲ့ရာမှ ယခုနှစ်မိုးရာသီလယ်လုပ်ချိန်တွင် သုံးသောင်းဝန်းကျင် ခန့်ရှိနေသည်။ အလားတူ ဓါတ်မြေသြဇာသည်လည်း တစ်အိတ်လေးသောင်းကျပ်မှ လက်ရှိတွင် တစ်သိန်းငါးထောင်ကျပ်အထိ စျေးထိုးတက်လာကြောင်း လယ်သမားများကပြောသည်။ “စားစရိတ်ကလည်းစျေးကြီး အလုပ်သမားခလည်း စျေးကြီးနဲ့ ဒီနှစ်အရှုံးပေါ်ဖို့များတယ်”ဟု မြိတ်မြို့နယ်၊တောင်ရှည်ကျေးရွာအုပ်စုနေ လယ်သမားတစ်ဦးကပြောသည်။ ယင်းသို့စရိတ်ကြီးမြင့်ခြင်းကြောင့် ယခုနှစ်မိုးရာသီ လယ်လုပ်ကြသူ ယခင်ထက်နည်းကြောင်း မြိတ်မြို့နယ်အတွင်းရှိ လယ်သမားများကပြောသည်။ “သိရသလောက်ကတော့ လယ်သမားသုံးပုံမှာတစ်ပုံလောက် ဒီနှစ်လယ်မလုပ်ကြတော့ဘူး မြင့်တက်နေတဲ့ ကုန်ကျစရိတ်တွေနဲ့ လုံးဝမကိုက်ကြဘူး”ဟု မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာအုပ်စုမှ လယ်လုပ်တောင်သူတစ်ဦး ကပြောဆိုသည်။ ပြီးခဲ့သည့်နှစ်က စပါးဝတ်ပန်းလန်းချိန် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူအများအပြား အထွက်နှုန်းလျော့ပြီး အရှုံးပေါ်ကြရသည်။ “ဒီနှစ်ကပိုဆိုးမယ် စရိတ်တွေကကြီး အမတော်ချေးငွေကလည်း(ရ/မရ)မသေချာ ခုတောင်သူလက်ထဲမှာ လယ်လုပ်ဖို့   ကြေးပြား(ငွေ)မရှိကြတော့ဘူး”ဟု […]

မြိတ်နှင့် ကော့သောင်းတွင် လေပြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီး

diz_admin

April 19, 2022

မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာတွင် ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင် အပါအဝင် လူနေအိမ် ၁၂ လုံး ထိခိုက် ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ “နေအိမ်ခြောက်လုံးက လုံးဝပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းအပါအဝင်ခြောက်လုံးက အမိုးလန်သွားတယ်” ဟု ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ အဆိုပါထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာသို့ မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ယနေ့ (ဧပြီ ၁၉) တွင် လာရောက်၍ ဆန်အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ငွေများ လာရောက် ပေးအပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ယင်းနေ့ ညနေပိုင်းက ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် […]

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုပြီ

diz_admin

March 31, 2022

တောရိုင်းတိရစ္ဆာန်တွေကို လွယ်လွယ်ကူကူရောင်းဝယ်နေမှုတွေ မတားဆီးနိုင်ရင် မြန်မာ့တောတောင်၊ ရေမြေ၊ ကောင်းကင်မှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာမယ်။ လူနဲ့တိရစ္ဆာန်အကြား ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်မယ်။ ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာ ရပ်ဖို့လိုနေပါပြီ။

အနီရောင်အဆင့် မုန်တိုင်းကြောင့် ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ခေတ္တရပ်နား

diz_admin

March 22, 2022

ကျွန်းစုနှင့် မြိတ်သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ လက်ရှိဖြစ်ပေါ်နေသည့် အနီရောင်အဆင့် မုန်တိုင်းကြောင့် ယနေ့ (မတ် ၂၂) မှ စတင်ကာ ခေတ္တရပ်နားထားရကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသွားပြည်သူများထံမှ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးနှင့် ကုန်တင်လှေအားလုံးကို မုန်တိုင်း အန္တရယ်ကြောင့် သက်ဆိုင်ရာက ခေတ္တရပ်နားခိုင်းထားကြောင်း အမြန်ယာဉ်ပိုင်ရှင်များက ပြောသည်။ “မုန်တိုင်းအခြေအနေကို ကြည့်ပြီးနားခိုင်းထားတာ။ ဘယ်နှစ်ရက် နားရမလဲဆိုတာတော့ ပြောလို့မရဘူး။ မုန်တိုင်းအပေါ် မူတည်တယ်” ဟု အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိရာသီဥတုအနေအထားအရ အနည်းဆုံး သုံးရက်ခန့် ရပ်နားထားရနိုင်ကြောင်း အမြန်ရေယာဉ်ပဲ့နှင်း တစ်ဦးက ဆိုသည်။ “အရေးပေါ်မဖြစ်မနေသွားရမယ့် ခရီးသည်တွေက အမြန်ယာဉ်မထွက်လို့ သဗ္ဗန်လှေငယ်တွေ ငှားပြီးသွား နေကြတယ်” ဟု အမြန်ရေယာဉ်ပိုင်ရှင် တစ်ဦးက ပြောပြသည်။ ကျွန်းစုမြို့နှင့် […]