တနင်္သာရီတိုင်းတွင် ယခုသီတင်းပတ် မိုးဆက်ရွာဦးမည်
Dawei Watch
November 11, 2024တနင်္သာရီတိုင်းတွင် ယခုသီတင်းပတ်အတွင်း မိုးဆက်ရွာဦးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၁ မှ ၁၇ ရက်အထိ တနင်္သာရီတိုင်းအပါအဝင် ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ မွန် စသည့် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း ဖော်ပြသည်။ မုတ်သုံရာသီပြီးဆုံးချိန်တွင် ပြီးခဲ့သည့်နှစ်ကထက် တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သော လေပွေလှိုင်းများ အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှုများပြားနိုင်သဖြင့် မိုးစပါးရိတ်သိမ်းချိန်တွင် ဖျက်မိုးကြုံရနိုင်သဖြင့် သတိပြုရန်လည်း အသိပေးထားသည်။ မိုးရွာသွန်းမှုများ ဆက်ရှိနေသေးသဖြင့် ရော်ဘာအစေးထုတ်လုပ်မှု ကောင်းကောင်းမလုပ်ဆောင်နိုင်သေးသလို စပါးရိတ်သိမ်းကာလတွင် လယ်ထဲ မိုးရေများရှိနေသဖြင့် စပါးရိတ်သိမ်း […]