ထားဝယ်တွင် ဖျက်မိုးကြောင့် ဆားအထွက်လျော့
diz_admin
February 20, 2022ထားဝယ်တွင် အချိန်အခါမဟုတ် ရွာသွန်းသည့် ရာသီဖျက်မိုးကြောင့် ဆားအထွက်လျော့သွားကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ မိုးကြောင့် ဆားကွင်းအတွင်း မိုးရေများပြည့်နေသဖြင့် ဆားချက်၍ မရဘဲ လုပ်ငန်းရပ်နားထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ပြင်ကြီးကျွန်းတွင် ဆားကွင်း ဧက ၂၁၀ ခန့်ရှိသည့် ထားဝယ်မြို့မှ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။ “တစ်ပတ်ကျော်ပြီပေါ့။ လုံးဝ နားထားရတယ်။ ကွင်းထဲမှာ မိုးရေချည်းပဲ ပြည့်နေတယ်။ ခါတိုင်းနှစ်ဆို ဒီအချိန်က ကျွန်တော့် ကွင်းအနေအထားနဲ့ဆိုရင် ဆား (ပိဿာ) ငါးသိန်း ခြောက်သိန်းကြားလောက် ရပြီပေါ့။ အခုကျတော့ ဆား တစ်သိန်းခွဲလောက်ပဲ ရသေးတယ်။ အဓိက မိုးကြောင့်ပဲ” ဟု ဦးသန်းဝင်းက ဆိုသည်။ ဖျက်မိုးကြောင့် ဆားအထွက်လျော့သွားသဖြင့် အလုပ်သမားခစရိတ် ကျေအောင်ပင် မနည်းလုပ်ရမည် ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောဆိုသည်။ […]