မြိတ်နှင့် ကော့သောင်းတွင် လေပြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီး
diz_admin
April 19, 2022မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာတွင် ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင် အပါအဝင် လူနေအိမ် ၁၂ လုံး ထိခိုက် ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ “နေအိမ်ခြောက်လုံးက လုံးဝပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းအပါအဝင်ခြောက်လုံးက အမိုးလန်သွားတယ်” ဟု ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ အဆိုပါထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာသို့ မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ယနေ့ (ဧပြီ ၁၉) တွင် လာရောက်၍ ဆန်အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ငွေများ လာရောက် ပေးအပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ယင်းနေ့ ညနေပိုင်းက ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် […]