တနင်္သာရီတိုင်းတွင် ရေကြီး၊ မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုးဇလသတိပေး
diz_admin
May 22, 2022တနင်္သာရီနှင့် မွန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ရေကြီခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၂၂) သတိပေးချက် ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မေ ၂၂ မှ မေလ ၂၆ ရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ မိုးကြီး၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ရေကြီး၊ မြေပြိုနိုင်သည့်နေရာများတွင် နေသူများ သတိထားနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။ ယင်းအပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများနှင့် လေကြောင်းခရီးစဉ်သွားမည့်သူများလည်း သတိထားကြရန် သတိပေးထားသည်။ ယခုအပတ်တွင်လည်း မွန်နှင့် တနင်္သာရီတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့သည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး ရေးမြို့ […]