တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာ
diz_admin
July 13, 2022ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ယနေ့ (ဇူလိုင် ၁၃) စိုးရိမ်ရေအမှတ်ရောက်ရှိရန် တစ်ပေကျော်သာလိုတော့ကြောင်း တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေကို သတ်မှတ်ထားသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန် တိုင်းတာချက်အရ ၁၅ ပေ ၂ လက်မခန့်အထိ ရှိနေကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်နှင့်အထက် ကျော်လွန်ပါက နှစ်စဉ်နီးပါး မြို့ပေါ်လမ်းမတို့နှင့် နေအိမ်အချို့ ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ့ ရှိသည်။ တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်နှင့် အထက်ကျော်လွန်ပါက မြို့ပေါ်လူနေအိမ်တို့နှင့် ကျေးရွာအချို့တို့ရှိ နေအိမ်တို့ ရေလွှမ်းမိုးလေ့ရှိပြီး နီးစပ်ရာဆွေမျိုးတို့နှင့် ကယ်ဆယ်ရေးစခန်းများသို့ […]