BREAKING
October 18, 2024

သဘာဝဝန်းကျင်/ဥတုဘေး

စံချိန်တင် မြင့်တက်လာသည့် နေ့အပူချိန်နှင့် အာရှနိုင်ငံများအတွင်း  ပိုမိုဆိုးဝါးလာနိုင်သော အပူလှိုင်း

diz_admin

April 25, 2023

တောင်အာရှ နှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် ပြင်းထန်သော အပူလှိုင်း ဖြတ်သန်းလျက် ရှိသည်။  အိန္ဒိယ၏ အနောက်ဘန်ဂေါလ်ပြည်နယ်ကဲ့သို့ အပူပြင်းထန်နေသည့် ဒေသများတွင် မွန်းတည့်နေ၏ အပူရှိန်အောက် ကြက်ဥကြော်ပြနေမှုများ ရှိလာသည့်အထိ အပူချိန်များ စံချိန်တင် မြင့်တက်လျက် ရှိသည်။ နေ့အပူချိန်မြင့်တက်လာမှုသည် အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ဗီယက်နမ်၊ နီပေါနှင့် တရုတ်နိုင်ငံတို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်မှ ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက စောင့်ကြည့်လျက်ရှိသည်။ ဤကဲ့သို့ ဖြစ်စဉ်သည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများစု မကြုံစဖူးသော အပူချိန်များဖြစ်သည်။ အာရှတိုက်တစ်ဝှမ်း နေထိုင်သူများသည် ၎င်းတို့၏ လေအေးပေးစက်များနှင့် လျှပ်စစ်ပန်ကာများကို အဆမတန် သုံးစွဲနေရသဖြင့် […]

ထားဝယ်ခရိုင်တွင် ကျေးရွာအချို့ ရေအခက်အခဲဖြစ်

diz_admin

April 18, 2023

ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ဧပြီလ ပထမပတ်ကစပြီး ရေတွင်းများ ရေခန်းခြောက်လာကြသည့်အတွက် ရေအခက်အခဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ဝေဒီရွာ၊ မြောင်းပေါက်ရွာ၊ ပန်းဒလဲရွာစသည့်ကျေးရွာများရှိ ရေတွင်းများတွင် ရေထွက်ရှိမှု နည်းလာနေပြီဖြစ်ကြောင်း ဝေဒီရွာသူတစ်ဦးက ဆိုသည်။ “ကျွန်မတို့ဘက်ပိုင်းကတော့ နည်းနည်းရှိသေးတယ်။ (ဝေဒီရွာ) ကမ်းနားဘက်ပိုင်းကတော့ လုံးဝမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။ လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ရေတွင်း ရေခန်းခြောက်လာသည့်အတွက် သောက်ရေရရှိရန် ဘုန်းကြီးကျောင်းက ရေတွင်းကရေကိုသွားရောက်သယ်ယူနေကြရသည်ဟု ပန်းဒလဲရွာသူတစ်ဦးကပြောဆိုသည်။ “ရွာထဲမှကျတော့ ချိုးရေပဲ ရတော့တယ်။ သောက်ရေကျတော့ ကျောင်းမှာ သွားခပ်နေရတာပေါ့နော်” ဟု ၎င်းက ပြောသည်။ ထို့အ‌တူ ထားဝယ်မြို့နယ်ရှိ ကဒင်ဝရွာ၊ ကနိုင်းဒါကျေးရွာအနီးရှိ ပတ်ဝန်းကျင် ကျေးရွာများတွင်လည်း ရေအခက်အခဲ ဖြစ်နေကြပြီဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ “အခု ကျွန်နော်တို့ […]

မယ်ဆိုင်ဒေသတွင်း လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် အဆိုပြုချက်များ အစိုးရထံ တင်ပြမည်

diz_admin

March 29, 2023

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် ၊ မယ်ဆိုင်ခရိုင်တွင်း ပိုမိုဆိုးရွားလာသည့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်  ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ရေတိုနှင့် ရေရှည်အစီအမံများကို ဒေသဆိုင်ရာ အာဏာပိုင်များမှတစ်ဆင့် နိုင်ငံတော်အစိုးရထံ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေထုညစ်ညမ်းမှုသည် ယင်းခရိုင်နှင့် တခြားမြောက်ပိုင်းဒေသများတွင်း နေထိုင်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ၎င်းအဖွဲ့များ၏ ရေတိုအစီအစဉ် အနေဖြင့် မျက်နှာဖုံးများ၊ ဆေးဝါးများနှင့် လေသန့်စင်စက်များကဲ့သို့သော ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များအနေနှင့် မယ်ဆိုင်ခရိုင်အား အများပြည်သူ ဘေးဒုက္ခ ဇုန်အဖြစ် ကြေညာပေးစေလိုကြောင်း သိရသည်။ ထို့အပြင် ချင်းရိုင် မြို့တော်ဝန်ကိုလည်း မြန်မာနှင့် လာအိုနိုင်ငံများရှိ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့၏ ပြည်သူများအား တောမီး နှင့် လယ်ယာထွက် အမှိုက်များ မီးရှို့ဖျက်ဆီးမှုများကို […]

တနင်္သာရီတိုင်းတွင် ယခုတစ်ပတ်အတွင်း မိုးရွာနိုင်

diz_admin

March 11, 2023

တနင်္သာရီတိုင်းတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း မိုးရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ တနင်္သာရီတိုင်းတွင် ၃ ရက်မှ ၅ ရက်ခန့် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ မတ်လ ၁၁ ရက် နှင့် ၁၂ ရက်နေ့များတွင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက မတ်လ ၆ ရက် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတောင်ပိုင်းစွန်းနှင့် မြောက်ပိုင်းစွန်းတို့တွင် နေရာကွက်ကျားမိုးရွာနိုင်ပြီး ဒေသအချို့တွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာနိုင်သည်ဟု အထက်ပါထုတ်ပြန်ချက်က ဆိုသည်။ နွေဦးရာသီ ကူးပြောင်းသော ဆောင်းနှောင်းကာလတွင် […]

စိတ်ချမ်းမမြေ့ဖွယ် ဘုရားဖူးခရီး

diz_admin

February 20, 2023

နာမည်ကျော် ရှင်ကိုးရှင်ပါ ကလိန်အောင် ဆံတော်ရှင် စေတီတော်ကြီးနှင့် ၁၀ ပေခန့် အကွာတွင် အမှိုက်ပုံရှိနေသည်။ ဘုရားဖူးများက စည်းကမ်းမဲ့ ပစ်ထားသည့် အမှိုက်ပုံမဟုတ်။ စေတီတော်ကြီးကို စောင့်ရှောက်သည်ဟု ဆိုသော ဂေါပက အဖွဲ့က အမှိုက်ပစ်ရန် သတ်မှတ်ထားသော အမှိုက်ပုံ၊ အမှိုက်ပစ်ရာ နေရာကြီးဖြစ်သည်။ ဂေါပကတို့၏ စနစ်တကျ စီစဉ်ထားချက်အရဆိုလျှင် အမှိုက်တို့သည် စေတီတို့၏ ရင်ပြင်မှ အောက်ဖက်ရှိတောအုပ်အတွင်း၊ သစ်ပင်များအတွင်းသို့ ရောက်သွားမည်ဖြစ်ကာ တနေရာရာတွင် စုပုံနေမည်ဖြစ်သည်။ ထို့နောက်တွင်တော့ အမှိုက်များသည် မည်သို့ဖြစ်သွားမည်မသိပါ။ စာရေးသူမှာ ခဏတာ ဘုရားဖူးတစ်ဦးသာ။ အမှိုက်များကို ထိုသို့ ပြီးစလွယ် မစွန့်ပစ်သင့်သည်မှာ ယနေ့ကာလတွင် ကလေးများကပင် သိနေသော ကိစ္စဖြစ်ပါသည်။ အမှိုက်ဆိုသည်မှာ တနေရာတွင် အသုံးမဝင်တော့သည့် အသုံးမလိုတော့သည်အရာများ စွန့်ပစ်ထားသည့် ပစ္စည်းများပင်။ ထိုသို့သော […]

မြိတ်မြို့မှ စွန့်ဦးတီထွင်သူရဲ့ လက်ရာသစ် အုန်းဆံမျှင်အလှပန်းအိုး

diz_admin

January 12, 2023

မြိတ်မြို့ ဘလောက်စုရပ်ကွက်နေ ဦးသန်းဇော်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစပြီး အုန်းဆံမျှင်ကနေ အလှပန်းအိုးကို တီထွင်ထုတ်လုပ်နေတာပါ။ ဦးသန်းဇော်ဦးဟာ ၂၀၁၇ တုန်းကလည်း တစ်ခါသုံးထမင်းဘူး၊ တစ်ခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသအခေါ် ဘုတ်ဖတ်)ကို အသုံးပြုပြီးတော့ ထုတ်လုပ်ခဲ့တာကြောင့် စွန့်ဦးတီထွင်သူအဖြစ် လူသိများသူတစ်ဦးပါ။ သူ့ရဲ့ ဆန်းသစ်မှု တစ်ခုဖြစ်တဲ့ အုန်းဆံမျှင်အလှပန်းအိုးတွေ အကြောင်းကို မေးမြန်းတင်ဆက်လိုက်ပါတယ်။