တိုင်းအတွင်း ဒီဇင်ဘာလတွင်လည်း မိုးရွာဦးမည်
diz_admin
December 1, 2022တနင်္သာရီတိုင်းအတွင်း မြို့နယ်များတွင် နိုဝင်ဘာလအတွင်းက မိုးရက်ဆက်ရွာသွန်းခဲ့ပြီး ယခု ဒီဇင်ဘာလ ၁၀ ရက်နေ့အထိလည်း မိုးရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်နေ့အထိ လေးရက်မှ ခြောက်ရက်ခန့် ရွာသွန်းမြဲထက် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ်ရှိဒေသအများအပြားတွင် မိုးရက်ဆက်ရွာသွန်းခဲ့သလို မြိတ်နှင့် ကော့သောင်းတို့တွင်လည်း၏ နှစ်ရက်၊ သုံးရက်ခြား မိုးရွာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ […]