တောင်အာရှ နှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် ပြင်းထန်သော အပူလှိုင်း ဖြတ်သန်းလျက် ရှိသည်။ အိန္ဒိယ၏ အနောက်ဘန်ဂေါလ်ပြည်နယ်ကဲ့သို့ အပူပြင်းထန်နေသည့် ဒေသများတွင် မွန်းတည့်နေ၏ အပူရှိန်အောက် ကြက်ဥကြော်ပြနေမှုများ ရှိလာသည့်အထိ အပူချိန်များ စံချိန်တင် မြင့်တက်လျက် ရှိသည်။ နေ့အပူချိန်မြင့်တက်လာမှုသည် အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ဗီယက်နမ်၊ နီပေါနှင့် တရုတ်နိုင်ငံတို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်မှ ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက စောင့်ကြည့်လျက်ရှိသည်။ ဤကဲ့သို့ ဖြစ်စဉ်သည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများစု မကြုံစဖူးသော အပူချိန်များဖြစ်သည်။ အာရှတိုက်တစ်ဝှမ်း နေထိုင်သူများသည် ၎င်းတို့၏ လေအေးပေးစက်များနှင့် လျှပ်စစ်ပန်ကာများကို အဆမတန် သုံးစွဲနေရသဖြင့် […]