တနင်္သာရီတိုင်းတွင် စပါးဖျက်ရွှေခရုကျရောက်မှုပိုများလာ
Dawei Watch
July 13, 2023တနင်္သာရီတိုင်းရှိ လယ်ကွက်များထဲသို့ စပါးဖျက်ရွှေခရု ကျရောက်မှု ယခုနှစ်တွင် ပိုများလာသည်ကိုတွေ့ရကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ရွှေခရုကျရောက်မှုများလာသည့်အပြင် ရွှေခရုကျရောက်သည့် နေရာများပါ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့တွင် ၂၀၁၉ ခုနှစ်ကတည်းက ရွှေခရုစတင်တွေ့ရှိခဲ့ပြီး သတိပေးခဲ့သော်လည်း နှိမ်နင်းမှုအပိုင်းတွင် အားနည်းခဲ့ ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံက ပြောသည်။ တောင်သူများမှာ ဖမ်းယူစားသုံးသူများကြပြီး ဟင်းအမယ်အဖြစ် ရှုမြင်ကြသဖြင့် နှိမ်နင်းရာတွင် အားနည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “အခုဆိုရင် မြိတ်မှာ (ရွှေခရုနဲ့ ပတ်သတ်ပြီး) သဲကြီးမဲကြီး ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။ ၂၀၁၉ တွင် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ လယ်တို့တွင် ရွှေခရုဖျက်ဆီးသဖြင့် လယ်ကွင်းတစ်ခုလုံး ပျက်စီးသည့် အနေအထားရှိခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာတွင်လည်း နွေစပါးစိုက်တောင်သူအချို့တွင် […]