BREAKING
January 22, 2025

သဘာဝဝန်းကျင်/ဥတုဘေး

တောင်ကိုရီးယားတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၇ ဦးသေဆုံး

Dawei Watch

July 16, 2023

တောင်ကိုရီးယားနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေကာ ၃ ရက်မြောက် ဖြစ်သည့် ဇူလိုင် ၁၅ ရက်နေ့တွင် မြေပြိုမှုများနှင့် ဆည်ရေလျှံတက်ခဲ့မှုကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိခဲ့သည်။ ယင်းအပြင် ပျောက်ဆုံးသူ ၃ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၇ ဦးအပြင် ပြည်သူ တစ်ထောင်ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၁၅၆၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးနှင့် ဘေးကင်းရေး ဝန်ကြီးဌာန၏ က ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၏ မြောက်ဘက် ချွန်းချောင်း ပြည်နယ်ရှိ ဆည်တစ်ခု သည် မိုးသည်းထန်မှုကြောင့် ရေလျှံတက်လာသဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရသူ ဦးရေမှာလည်း တိုးလာနိုင်ဖွယ် ရှိကြောင်း […]

ကမ္ဘာ့ရန်စွယ်ကို အံ့တုဖက်ပြိုင်ကြသူများ

Dawei Watch

July 15, 2023

အမှိုက်ပုံဖြစ်သွားလေ့ရှိသည့် ကွမ်းသီးပင်ဘုတ်ဖတ်မှာ ကိုသန်းဇော်ဦးနှင့်တွေ့ချိန်တွင်တော့ ဆိုင်ပေါ်တင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများအဖြစ် ပြောင်းလဲသွားသည်။ တနင်္သာရီတိုင်းတွင် ကွမ်းသီးပင်ဖြစ်ထွန်းအောင်မြင်သည့် ပူနွေးစိုစွတ်သည့် အီကွေတာရာသီဥတုဖြစ်သည့်အတွက် ကွမ်းသီးပင်ဘုတ်ဖတ်များ ပေါများသည့်ဒေသဖြစ်သည်။ ကွမ်းသီးဘုတ်ဖတ်ကို ဆေးလိပ် လိပ်ရာတွင်သာ အနည်းစုအသုံးပြုခဲ့ပြီး အများစုမှာ အမှိုက်ပုံသို့ ရောက်ရှိသွားလေ့ရှိသည်။ မြိတ်မြို့မှ စွန့်ဦးတီထွင်သူ ကိုသန်းဇော်ဦးကမူ အမှိုက်အဖြစ်စွန့်ပစ်နေရသည့် ကွမ်းသီးဘုတ်ဖတ်ကို ပုံစံတစ်မျိုးဖြင့် အသုံးပြုနိုင်မည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် အတွေးစတစ်ခု ရလာခဲ့သည်။ သူစိတ်ကူးပြီး အတွေးရလာသည့်အချိန်ကလည်း ဒီမိုကရေစီခေတ်ဦးဟု ဆိုနိုင်သည့် ၂၀၁၄ ခုနှစ်ဝန်းကျင်။ ထိုအချိန်က အမှိုက်ကောက်သည့်အဖွဲ့များ အပြိုင်အဆိုင်ပေါ်လာချိန် မြိတ်ဒေသတွင်လည်း ပရဟိတ အမှိုက်ကောက်အဖွဲ့များ ပေါ်လာသည်။ သို့ရာတွင် အမှိုက်ကောက်ခြင်းက သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အထောက်အကူပြုသော်လည်း ယင်းတစ်ခုတည်းဖြင့် လုံလောက်မည်မဟုတ်ကြောင်းကို ကိုသန်းဇော်ဦးက နားလည်လိုက်သည်။ “ဒီနေ့အမှိုက်ကောက်သွားတယ် ပြောင်တယ်။ နောက်တစ်နေ့ကျရင် […]

ထားဝယ် ဒေါင်းငူဈေးအနီး ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

Dawei Watch

July 14, 2023

ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ဒေါင်းငူဈေးအနီးတွင် ယနေ့ ညနေက ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၇နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညနေဈေး (ခေါ်) ဒေါင်းငူဈေးတွင် ဒူးရင်းသီးရောင်းသူ နှင့် ဝယ်သူအမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “ဈေးဘက်ထိုးထွက်နေတဲ့ ‌လုံးပတ် ၅ပေ အရှည်ပေ ၂၀ ရှိတဲ့ ညောင်ကိုင်းက ဈေးဘက်ကျိုးကျသွားတာ” ဟု ၎င်းက ဆိုသည်။ ညောင်ကိုင်းပိမိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးနှစ်ဦးစလုံးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ “တစ်ယောက်ကတော့ အသက် လေးဆယ်ကျော်လောက်ရှိမယ်။ သူကတော့ ခြေထောက်ဒဏ်ရာရထားတယ်။ ကျန်တစ်ယောက်က ကျွန်တော်တို့မရောက်ခင် သုံးဘီးနဲ့ ဆေးရုံတင်သွားလို့ […]

တနင်္သာရီတိုင်းတွင် စပါးဖျက်ရွှေခရုကျရောက်မှုပိုများလာ

Dawei Watch

July 13, 2023

တနင်္သာရီတိုင်းရှိ လယ်ကွက်များထဲသို့ စပါးဖျက်ရွှေခရု ကျရောက်မှု ယခုနှစ်တွင် ပိုများလာသည်ကို‌တွေ့ရကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ရွှေခရုကျရောက်မှုများလာသည့်အပြင် ရွှေခရုကျရောက်သည့် နေရာများပါ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့တွင် ၂၀၁၉ ခုနှစ်ကတည်းက ရွှေခရုစတင်တွေ့ရှိခဲ့ပြီး သတိပေးခဲ့သော်လည်း နှိမ်နင်းမှုအပိုင်းတွင် အားနည်းခဲ့ ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်‌ရေးတာဝန်ခံက ပြောသည်။ တောင်သူများမှာ ဖမ်းယူစားသုံးသူများကြပြီး ဟင်းအမယ်အဖြစ် ရှုမြင်ကြသဖြင့် နှိမ်နင်းရာတွင် အားနည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “အခုဆိုရင် မြိတ်မှာ (ရွှေခရုနဲ့ ပတ်သတ်ပြီး) သဲကြီးမဲကြီး ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။ ၂၀၁၉ တွင် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ လယ်တို့တွင် ရွှေခရုဖျက်ဆီးသဖြင့် လယ်ကွင်းတစ်ခုလုံး ပျက်စီးသည့် အနေအထားရှိခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာတွင်လည်း နွေစပါးစိုက်တောင်သူအချို့တွင် […]

အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုအတွက် ကြိုတင်ပြင်ဆင်ရန် ကျွမ်းကျင်သူများ တိုက်တွန်း

Dawei Watch

June 20, 2023

ထိုင်းနိုင်ငံ အနေနှင့် အယ်လ်နီညိုရာသီဥတုပုံစံကြောင့် မိုးရွာသွန်းမှုနည်းပါးမည့်အခြေအနေနှင့် မိုးခေါင်ရေရှားမှု ကြုံလာနိုင်မည့် အခြေအနေအပေါ် ကြိုတင်ပြင်ဆင်ထားရန် မိုးလေဝသ ကျွမ်းကျင်သူများက ထိုင်းအစိုးရကို သတိပေးလိုက်သည်။ ယင်းအပြင် ပြီးပြည့်စုံသော ရေစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တိုက်တွန်းလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ရက်နေ့ က ကျင်းပခဲ့သည့် ရေစီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံတွင် ထိုင်းနိုင်ငံ သိပ္ပံသုတေသနနှင့် ဆန်းသစ်တီထွင်မှု အင်စတီကျူ (TSRI) သည် ယခုနှစ်မှစ၍ ဒေသတွင်း ရင်ဆိုင်နေရပြီ ဖြစ်သည့် အယ်လ်နီညိုရာသီဥတု အပေါ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ TSRI မှ ဦးဆောင်ပံ့ပိုးထားပြီး မကြာသေးမီကမှ ထုတ်ပြန်ထားသော လေ့လာမှုတစ်ခုအရ ထိုင်းနိုင်ငံအတွင်း ကာလကြာရှည် မိုးရွာသွန်းမှု နည်းပါးသည့် အခြေအနေကို ကြုံတွေ့ရနိုင်ပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ တောင်ပိုင်းတွင် […]

ရာသီဥတုဖောက်ပြန်မှုကြောင့် အာရှ၏အပူလှိုင်းများ အဆ ၃၀ကျော် ပိုမို ပြင်းထန်ခဲ့ဟုဆို

Dawei Watch

June 20, 2023

တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများတွင် ပြီးခဲ့သည့် လများအတွင်းဖြစ်ပေါ်ခဲ့သည့် စံချိန်တင် အပူလှိုင်းများသည် အဆ ၃၀ ကျော် ပိုမို ပြင်းထန်ခဲ့ရကြောင်း နိုင်ငံတကာမှ သိပ္ပံပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ခု က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ ဒေသများတွင်း ပြီးခဲ့သည့် မေလ ၏ နေ့အပူချိန် သည် ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် ကို ကျော်လွန်ခဲ့သည်။ နိုင်ငံများအနေနှင့် ဘင်္ဂလားဒေ့ရှ်တွင် နှစ်ငါးဆယ်အတွင်း အပူဆုံး နေ့အပူချိန် စံချိန်သစ်များ ရှိလာခဲ့သလို ထိုင်းနိုင်ငံမှာလည်း ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိ ရောက်ခဲ့သည့် အပြင် လာအိုနိုင်ငံ တွင်မူ ၄၂ ဒီဂရီ ဆဲလ်ဆီးယပ်စ် ကို ကျော်လွန်ကာ အသီးသီး […]

မြိတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြို၊ ရပ်ကွက်အချို့ ရေကြီး

Dawei Watch

June 12, 2023

မြိတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကြောင်း မြို့ခံတို့မှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့ ညပိုင်းစတင်ကာ မိုးသည်းထန်စွာရွာသွားနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားကာ ဇွန်လ ၁၁ရက် ညတွင် မြို့အဝင် ကျွဲကူး-ကျောက်ဖျာတံတားအနီး ရန်ကင်းတောင်ပေါ်ရှိ ရပ်တော်မှုဘုရားရင်ပြင်တွင် မြေထိန်းနံရံပြိုကျကြောင်း ကျွဲကူးရွာသားအချို့က ပြောသည်။ အဆိုပါ မြေထိန်းနံရံအုတ်တံတိုင်း အလျားပေ ၈၀၊ အနံ ၁၂ ပေခန့် ပြိုကျခဲ့ကြောင်း ကျွဲကူးရွာနေသူတစ်ဦးက ဆိုသည်။ ထို့အပြင် ပါရမီ ပေ ၆ဝလမ်း၊ ကန်ဖျားမြေနီလမ်းမကြီးတစ်လျှောက်၊ ရွှေပြည်တန် စသည့်ရပ်ကွက်တို့နှင့် မြေနိမ့်ပိုင်းရပ်ကွက်တို့ရှိ လမ်းများနှင့် နေအိမ်တို့အထိ ရေလွှမ်းခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့မှ သိရသည်။ “ညအိပ်နေရင်းနဲ့ ရေရောက်လာတာ။ ညဘက်ကြီးပဲ အခြားအိမ်ကို […]

မုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီနေပုံများဖြင့် စစ်ကောင်စီဝါဒဖြန့်၊ ထိရောက်သည့် အကူအညီမရဟု ဒေသခံများဆို

Dawei Watch

May 30, 2023

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသမှ ပြည်သူများကို ကူညီနေသည့် ဓာတ်ပုံများ၊ အကြောင်းအရာများပါသော စာရွက်များကို ဖြန့်ဝေခြင်းအားဖြင့် စစ်ကောင်စီက ထားဝယ်မြို့တွင် ဝါဒဖြန့်လျက်ရှိသော်လည်း ရခိုင်ဒေသခံများကမူ ထိရောက်သော အကူအညီမရဟုဆိုသည်။ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါလက်ကမ်းစာစောင်များကို ဝေငှနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတို့ကဆိုသည်။ “ကမြောကင်းတံတား( စစ်ဆေးရေးဂိတ်) မှာတော့ စစ်သားတစ်ယောက် ( လက်ကမ်းစာစောင်) ဝေနေတာတွေ့တယ်။ လမ်းသွား၊ လမ်းလာတွေကို” ဟု ခရီးသည်တစ်ဦးကဆိုသည်။ “နစကအစိုးရအနေဖြင့် စီမံခန့်ခွဲမှု၊ ကြိုတင်မျှော်တွေးမှုနဲ့ ပြည်သူများရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် မိုခါမုန်တိုင်းကို မြန်မာပြည်သူတွေ ကြံ့ကြံခံတွန်းလှန်နိုင်ခဲ့ပြီဖြစ်ပါတယ်” ဟု လက်ကမ်းစာစောင်တွင် ရေးသားထားသည်။ ယင်းအပြင် “ တပ်မတော်ဟာ တိုင်းပြည်အတွက်ဖြစ်ပြီး တိုင်းပြည်ကလိုအပ်လာတဲ့အချိန်တိုင်းမှာ အမြဲအသင့်ရှိနေတာ သမိုင်းအစဉ်အဆက်ဖြစ်ပါတယ်” ဟုလည်းဖော်ပြထားသည်။ မြေပြင်တွင်မူ စစ်ကောင်စီအနေဖြင့် ထိထိရောက်ရောက် ကူညီမှုမပေးနိုင်ဘဲ လမ်းပေါ်လဲကျနေသည့် သစ်ပင်ချုံနွယ်များကို […]