BREAKING
January 22, 2025

သတင်း

တနင်္သာရီတိုင်းအနီး ဗဟိုပြုနေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မြို့နယ်အချို့တွင် မိုးရွာ

diz_admin

March 20, 2022

မုန်တိုင်းငယ်တစ်လုံးသည် တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် ဗဟိုပြုတိုက်ခတ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းက ထားဝယ်၊ ရေဖြူ၊ ပုလော၊ သရက်ချောင်း၊ လောင်းလုံး အပါအဝင် မြို့နယ်အချို့တွင် မိုးရွာသွန်းကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် တိုင်းတားချက်အရ အဆိုပါ မုန်တိုင်းငယ်သည် ထားဝယ်မြို့မှ အနောက်တောင်ဘက် ရေမိုင် ၃၈၅ မိုင်အကွာ၊ ကော့သောင်းမြို့ အနောက်၊ အနောက်မြောက်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၃၄၅ မိုင်ခန့်အကွာ တွင် ဗဟိုပြု တိုက်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။ ယင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနေသဖြင့် […]

တနင်္သာရီတိုင်းတွင် မိုးထပ်ရွာမည်၊ မိုးကြိုးအန္တရာယ်သတိထားရန် မိုးဇလသတိပေး

diz_admin

February 24, 2022

အရှေ့ဘက်မှ ‌ရွေ့လျားလာသည့် လေပွေလှိုင်းကြောင့် တနင်္သာရီတိုင်းတွင် မိုးထပ်ရွာမည်ဖြစ်ပြီး မိုးကြိုးအန္တရာယ် သတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၄) ထုတ်ပြန်ထားသည်။ အဆိုပါကာလအတွင်း မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး‌ကြွေသည့် အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်း သတိပေးထားသည်။ ပြီးခဲ့သည့် အပတ်ကလည်း တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ သေးသည်။ ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီသူများက ပြောဆိုထားသည်။

ထားဝယ်တွင် ဖျက်မိုးကြောင့် ဆားအထွက်လျော့

diz_admin

February 20, 2022

ထားဝယ်တွင် အချိန်အခါမဟုတ် ရွာသွန်းသည့် ရာသီဖျက်မိုးကြောင့် ဆားအထွက်လျော့သွားကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ မိုးကြောင့် ဆားကွင်းအတွင်း မိုးရေများပြည့်နေသဖြင့် ဆားချက်၍ မရဘဲ လုပ်ငန်းရပ်နားထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ပြင်ကြီးကျွန်းတွင် ဆားကွင်း ဧက ၂၁၀ ခန့်ရှိသည့် ထားဝယ်မြို့မှ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။ “တစ်ပတ်ကျော်ပြီပေါ့။ လုံးဝ နားထားရတယ်။ ကွင်းထဲမှာ မိုးရေချည်းပဲ ပြည့်နေတယ်။ ခါတိုင်းနှစ်ဆို ဒီအချိန်က ကျွန်တော့် ကွင်းအနေအထားနဲ့ဆိုရင် ဆား (ပိဿာ) ငါးသိန်း ခြောက်သိန်းကြားလောက် ရပြီပေါ့။ အခုကျတော့ ဆား တစ်သိန်းခွဲလောက်ပဲ ရသေးတယ်။ အဓိက မိုးကြောင့်ပဲ” ဟု ဦးသန်းဝင်းက ဆိုသည်။ ဖျက်မိုးကြောင့် ဆားအထွက်လျော့သွားသဖြင့် အလုပ်သမားခစရိတ် ကျေအောင်ပင် မနည်းလုပ်ရမည် ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောဆိုသည်။ […]

တနင်္သာရီတိုင်းတွင် ယနေ့ နေရာအနှံ့ မိုးထစ်ချုန်းရွာမည်၊ မြိတ်တွင် ရွာနေပြီ

diz_admin

February 14, 2022

တနင်္သာရီတိုင်းအတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၄) နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ နေရာအနှံ့ မိုးထစ်ချုန်းရွာမည့်အခြေအနေမှာ ရှစ်ဆယ်ရာခိုင်းနှုန်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လာမည့်နှစ်ရက်အတွင်းတွင်လည်း နေရာစိပ်စိပ် မိုးရွာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယနေ့ နေ့လယ် ၁၂ ကျော်က မြိတ်မြို့ပေါ်တွင် မိုးရွာသွန်းခဲ့ပြီး လက်ရှိတွင် မိုးတိတ်သွားသည်။ ကျေးရွာအချို့တွင်မူ မိုးရွာသွန်းနေဆဲဖြစ်သည်။ ထားဝယ်မြို့နှင့် ကံပေါက်ဒေသတွင် နေသာ နေသော်လည်း တိမ်အနည်းငယ်ရှိနေသည်။

ကော့သောင်းတွင် ရေငန်ပုစွန်မွေးရန် ဒီရေတောလျှောက်ထားမှု ရွာသားများကန့်ကွက်

diz_admin

January 22, 2022

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စုတွင် ရေငန်ပုစွန်မွေးမြူရန် ဒီရေတော လျှောက်ထားမှုကို ရွာသားများက ကန့်ကွက်စာ ပေးပို့လိုက်ကြောင်း ဒေသခံများနှင့် ဦးဆောင်သူများထံမှ သိရသည်။ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဧရိယာအတွင်းရှိ ဒီရေတော ၆၀၆ ဧကအား ရေငန်ပုစွန်မွေးရန် Golden Panda ကုမ္ပဏီက လျှောက်ထားခြင်းကို ရွာသား ၄၂ ဦးက လက်မှတ်ရေးထိုးကာ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းသို့လျှောက်ထားမှုကို ဒေသခံများက ဇန်နဝါရီလ ၂၁ ရက် နောက်ဆုံးထား၍ ကန့်ကွက်နိုင်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကော့သောင်းခရိုင် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာနက နို့တစ်စာ လာရောက်ကပ်ကြောင်း ရွာသားများက ပြောသည်။ ထို့ကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ရွာသားများက ဆိုသည်။ “စာလာကပ်ထားတာ ရက်နီးမှ သိလိုက်ရတော့ […]

ပင်လယ်ရေ မြင့်တက်မှုကြောင့် ဆားထုတ်လုပ်မှုစရိတ် ပိုကြီး

diz_admin

December 3, 2021

ပင်လယ်ရေမျက်နှာပြင် ဒီရေမြင့်တက်လာမှုကြောင့် ထားဝယ်ခရိုင် ဆားလုပ်ငန်းတွင် ဆားထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုကုန်ကျကြောင်း ဆားလုပ်ငန်းရှင်းအချို့က ပြောသည်။ ယခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင် ၆ လက်မခန့် မြင့်တက်နေသဖြင့် တာဘောင်များကို မြေထပ်မံဖို့ကာ ခိုင်ခံ့အောင် ပြုလုပ်ရကြောင်း၊ ထို့ကြောင့် ဆားထုတ်လုပ်မှု ကုန်ကျစရိတ်က ယခင်နှစ်ကထက် ပို၍ ကုန်ကျကြောင်း ထားဝယ်မြို့မှ နေလှန်းဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။ “ဒီနှစ်က ဘာဖြစ်သွားလဲ ဆိုတော့ ထူးကဲဒီရေတက်သွားတယ်၊ ထူးကဲဒီရေတက်သွားတော့ ဆားကွင်းကို လုံအောင်ပတ်ထားတဲ့ တာတွေ လေးနေရာလောက် ပျက်သွားတယ်။ အဲဒီတော့ စရိတ်နည်းနည်း ပိုကုန် တယ်။ အမှန်က ဒီဟာကို ဆားကွင်းပြင်တဲ့ထဲ ထည့်ရမယ့်အစား အပြင် ရေငန်မဝင်အောင် တားထားတဲ့ ပတ်တာအတွက် ကုန်သွားတာပေါ့” ဟု ဦးသန်းဝင်းက ဆိုသည်။ ဆားကွင်းပြင်ရမည့် […]

ပါချန်မြစ်ဘေး ဒီရေတောအပင် ငါးရာခန့် ပိုစိုက်

diz_admin

October 26, 2021

ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ဘေးရှိ ဒေသအခေါ် ဝဲကြီး ဝဲငယ်ကျေးရွာ(အောင်မေတ္တာကျေးရွာ)တွင် ယမန်နှစ်ထက် ဒီရေတောအပင် ငါးရာခန့် ပိုမိုစိုက်ပျိုးခဲ့ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်က အထိမ်းအမှတ်နေ့များတွင်သာ ဒီရေတောအပင် ၁၀၀၀ ခန့် ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ ယခုနှစ်တွင်မူ ဒီရေတောအပင် ၁၅၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ရွှေဖန်(ခ) ကိုမျိုးဇော်ဦးက ပြောသည်။ “ပါချန်ထဲကို ဆင်းတိုင်း ဆင်းတိုင်း ဒီရေတောအပင်တွေ ဆင်းစိုက်တယ်။ ပါချန်ထဲကို အလကားဆင်းတာမဟုတ်ဘူး သစ်ပင်ဆင်းစိုက်တာ၊ အလည်သွားရင်းနဲ့ သားငယ်တွေကို ခေါ်ဆောင်ပြီး သားငယ်တွေကလည်း အိမ်ထဲမှာပဲ နေရတယ်ဆိုတော့” ဟု ကိုရွှေဖန်က ဆိုသည်။ ပါချန်မြစ်ထဲသို့ အလည်သွားတိုင်း အထက်ပါရွာမှ […]

တနင်္သာရီတိုင်းတွင် ယခုလကုန်အထိ မိုးကြီးနိုင်ဟု မိုး/ဇလ ပြော

diz_admin

October 15, 2021

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် အောက်တိုဘာလကုန်အထိ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)ထံမှ သိရသည်။ လတ်တလော မိုးကြီးနေရခြင်းမှာ ဗီယက်နမ်နိုင်ငံအထက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်သွားသည့် အပူပိုင်းမုန်တိုင်း ‘ကွန်(မ်)ပစု’ ၏ အရှိန်ကြောင့်ဖြစ်ကြောင်း မိုး/ဇလ ဌာနက ထုတ်ပြန်ထားသည်။ ပုံမှန်အားဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ဘက်ပိုင်းမှ မုတ်သုံလေ ဆုတ်ခွာလေ့ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ သို့သော်လည်း တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းအရှိန်ရှိနေခြင်း၊ လာနီညာရာသီဥတုအားကောင်းနေခြင်းတို့ကြောင့် မိုးနှောင်းကာလတွင် တိုင်းအတွင်း မိုးပိုကြီးနေကြောင်း ဦးကျော်မိုးခိုင်က ဆိုသည်။ “ပုံမှန်ဆိုရင်တော့ ဒီရက်တွေမှာ မုတ်သုံ ဆုတ်တာပဲ။ ဒါပေမယ့် ဒီမှာက တောင်တရုတ်ပင်လယ်ပြင်က မုန်တိုင်းရဲ့ ဆွဲယူချက်ကလည်း ရှိနေတဲ့အတွက် ပင့်တင်ထားသလိုဖြစ်နေတာ” ဟု ၎င်းကဆိုသည်။ […]