BREAKING
January 22, 2025

သတင်း

မိုးကြောင့် ဆားကွင်းများ တစ်လစော၍ရပ်နားရပြီး ဆားဈေးတက်

diz_admin

June 1, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယခုနှစ် ဆားအထွက်နှုန်းလျော့ကျပြီးနောက် ဆားဈေးမှာ တစ်ပိဿာ ကျပ်တစ်ရာကျော် ဈေးမြင့်တက်နေကြောင်း ဆားလုပ်ငန်းရှင်အချို့နှင့် ဆားဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ်ကဲ့သို့ပင် ရာသီဖျက်မိုးကြောင့် ဆားအထွက်လျော့ကျခဲ့ပြီး ဆားထုတ်လုပ်ချိန် တစ်လခန့် စော၍ လုပ်ငန်းရပ်နားလိုက်ရကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က မီးချက်ဆား တစ်ပိဿာလျှင် ၃၀၀ ကျပ်သာရှိပြီး နိုဝင်ဘာလခန့်တွင် ၄၀၀ ကျပ်အထိ ဖြစ်လာခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ မီးချက်ဆားထုတ်လုပ်သည့် တောင်သူ ဒေါ်မြင့်စန်းက ပြောဆိုသည်။ ယခုနှစ်ဆားထွက်ရာသီတွင် မီးချက်ဆား တစ်ပိဿာ ၅၀၀ ကျပ်ခန့်ဖြင့် ရောင်းချနေရကြောင်း ၎င်းက ဆိုသည်။ “ဒီနှစ် ဆားက မရမှ မရကြဘဲ။ ကုန်ကျစရိတ်ကလည်း (ပိဿာ နှစ်သောင်းခွဲလောက်ပဲထွက်ပေမယ့်) ငါးသောင်းထွက်နှုန်းအတိုင်း ကုန်ကျတာဆိုတော့ ဆားဈေး မတင်လို့မရပြီ။ စက်သုံးဆီဈေးကလည်း […]

တနင်္သာရီတိုင်းတွင် ရေကြီး၊ မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုးဇလသတိပေး

diz_admin

May 22, 2022

တနင်္သာရီနှင့် မွန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ရေကြီခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၂၂) သတိပေးချက် ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မေ ၂၂ မှ မေလ ၂၆ ရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ မိုးကြီး၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ရေကြီး၊ မြေပြိုနိုင်သည့်နေရာများတွင် နေသူများ သတိထားနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။ ယင်းအပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများနှင့် လေကြောင်းခရီးစဉ်သွားမည့်သူများလည်း သတိထားကြရန် သတိပေးထားသည်။ ယခုအပတ်တွင်လည်း မွန်နှင့် တနင်္သာရီတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့သည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး ရေးမြို့ […]

တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

diz_admin

May 10, 2022

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသေးသော်လည်း မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေရာကွက်၍ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်၊ ပုလော၊ ကော့သောင်း စသည့် မြို့နယ်များတွင် မေလ ၅ ရက်နေ့မှ စတင်ကာ နေရာအချို့တွင် မိုးရွာသွန်းမှုများ ရှိနေကြောင်း‌ ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ […]

စိုက်ပျိုးစရိတ်ကြီးသဖြင့် လယ်သမားများ မိုးစပါးစိုက်ရန်အခက်ကြုံ

diz_admin

May 4, 2022

စိုက်ပျိုးစရိတ် ကြီးမြင့်သဖြင့် မြိတ်ခရိုင်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က လယ်တစ်ဧကလျှင် လယ်ထွန်စက် ငှါးရမ်းခ တစ်သောင်းရှစ်ထောင်ကျပ်ရှိခဲ့ရာမှ ယခုနှစ်မိုးရာသီလယ်လုပ်ချိန်တွင် သုံးသောင်းဝန်းကျင် ခန့်ရှိနေသည်။ အလားတူ ဓါတ်မြေသြဇာသည်လည်း တစ်အိတ်လေးသောင်းကျပ်မှ လက်ရှိတွင် တစ်သိန်းငါးထောင်ကျပ်အထိ စျေးထိုးတက်လာကြောင်း လယ်သမားများကပြောသည်။ “စားစရိတ်ကလည်းစျေးကြီး အလုပ်သမားခလည်း စျေးကြီးနဲ့ ဒီနှစ်အရှုံးပေါ်ဖို့များတယ်”ဟု မြိတ်မြို့နယ်၊တောင်ရှည်ကျေးရွာအုပ်စုနေ လယ်သမားတစ်ဦးကပြောသည်။ ယင်းသို့စရိတ်ကြီးမြင့်ခြင်းကြောင့် ယခုနှစ်မိုးရာသီ လယ်လုပ်ကြသူ ယခင်ထက်နည်းကြောင်း မြိတ်မြို့နယ်အတွင်းရှိ လယ်သမားများကပြောသည်။ “သိရသလောက်ကတော့ လယ်သမားသုံးပုံမှာတစ်ပုံလောက် ဒီနှစ်လယ်မလုပ်ကြတော့ဘူး မြင့်တက်နေတဲ့ ကုန်ကျစရိတ်တွေနဲ့ လုံးဝမကိုက်ကြဘူး”ဟု မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာအုပ်စုမှ လယ်လုပ်တောင်သူတစ်ဦး ကပြောဆိုသည်။ ပြီးခဲ့သည့်နှစ်က စပါးဝတ်ပန်းလန်းချိန် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူအများအပြား အထွက်နှုန်းလျော့ပြီး အရှုံးပေါ်ကြရသည်။ “ဒီနှစ်ကပိုဆိုးမယ် စရိတ်တွေကကြီး အမတော်ချေးငွေကလည်း(ရ/မရ)မသေချာ ခုတောင်သူလက်ထဲမှာ လယ်လုပ်ဖို့   ကြေးပြား(ငွေ)မရှိကြတော့ဘူး”ဟု […]

မြိတ်နှင့် ကော့သောင်းတွင် လေပြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ပျက်စီး

diz_admin

April 19, 2022

မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာတွင် ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင် အပါအဝင် လူနေအိမ် ၁၂ လုံး ထိခိုက် ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ “နေအိမ်ခြောက်လုံးက လုံးဝပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းအပါအဝင်ခြောက်လုံးက အမိုးလန်သွားတယ်” ဟု ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ အဆိုပါထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာသို့ မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ယနေ့ (ဧပြီ ၁၉) တွင် လာရောက်၍ ဆန်အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ငွေများ လာရောက် ပေးအပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ယင်းနေ့ ညနေပိုင်းက ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် […]

အနီရောင်အဆင့် မုန်တိုင်းကြောင့် ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ခေတ္တရပ်နား

diz_admin

March 22, 2022

ကျွန်းစုနှင့် မြိတ်သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ လက်ရှိဖြစ်ပေါ်နေသည့် အနီရောင်အဆင့် မုန်တိုင်းကြောင့် ယနေ့ (မတ် ၂၂) မှ စတင်ကာ ခေတ္တရပ်နားထားရကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသွားပြည်သူများထံမှ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးနှင့် ကုန်တင်လှေအားလုံးကို မုန်တိုင်း အန္တရယ်ကြောင့် သက်ဆိုင်ရာက ခေတ္တရပ်နားခိုင်းထားကြောင်း အမြန်ယာဉ်ပိုင်ရှင်များက ပြောသည်။ “မုန်တိုင်းအခြေအနေကို ကြည့်ပြီးနားခိုင်းထားတာ။ ဘယ်နှစ်ရက် နားရမလဲဆိုတာတော့ ပြောလို့မရဘူး။ မုန်တိုင်းအပေါ် မူတည်တယ်” ဟု အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိရာသီဥတုအနေအထားအရ အနည်းဆုံး သုံးရက်ခန့် ရပ်နားထားရနိုင်ကြောင်း အမြန်ရေယာဉ်ပဲ့နှင်း တစ်ဦးက ဆိုသည်။ “အရေးပေါ်မဖြစ်မနေသွားရမယ့် ခရီးသည်တွေက အမြန်ယာဉ်မထွက်လို့ သဗ္ဗန်လှေငယ်တွေ ငှားပြီးသွား နေကြတယ်” ဟု အမြန်ရေယာဉ်ပိုင်ရှင် တစ်ဦးက ပြောပြသည်။ ကျွန်းစုမြို့နှင့် […]

ကျွန်းစုတွင် လေပြင်းကြောင့် နေအိမ်ငါးလုံးပျက်စီး

diz_admin

March 21, 2022

အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် ကျွန်းစုမြို့နယ်၊ သဲချောင်း ကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာတွင် နေအိမ်ငါးလုံးပျက်စီးကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။ လူနေအိမ် ငါးလုံးမှာ အမိုးအကာပျက်စီးခြင်း၊ နေအိမ်အနောက်ခန်းပြိုကျခြင်း၊ ဝရန်တာပြိုကျခြင်း စသဖြင့် နေအိမ် တစ်စိတ်တစ်ပိုင်းပြိုကျခြင်းများရှိကြောင်း အထက်ပါဌာနမှ ခရိုင်ဦးစီးမှူးက ပြောသည်။ ယင်းဖြစ်ရပ်တွင် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။ နေအိမ်ပျက်စီးသဖြင့် ယင်းနေအိမ်တွင် နေထိုင်သူများကို မည်သည့်နေရာ ပြောင်းရွှေ့ထားသည်ကိုမူ မြို့နယ်အဆင့်က ပေးပို့သည့် သတင်းတွင် မပါသေးသဖြင့် မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ မြိတ်ခရိုင်ကျွန်းစုမြို့နယ်အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသနှင့် နီးသည့် ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ကျွန်းစုမြို့နယ်မှ ဒေသခံအချို့က ပြောသည်။ မောင်းမကန်ပင်လယ်ကမ်းခြေတွင်မူ ရေအနည်းငယ်တက်လာသည်မှလွဲ၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများမရှိကြောင်း […]

မိုးကြောင့် ဆားလုပ်ငန်းများ ရပ်ထားရပြန်ပြီဟုဆို

diz_admin

March 21, 2022

အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မိုးရွာနေသဖြင့် တနင်္သာရီတိုင်းတွင် ဆားထုတ်လုပ်မှု ရပ်နားထားရ ပြန်ပြီဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီလတွင်လည်း ရာသီဖျက်မိုးရွာသွန်းမှုကြောင့် ဆားအထွက်လျော့ခဲ့ပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် လုပ်ငန်းများ ထပ်မံရပ်နားထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ “ဒီနှစ်လုပ်ရတဲ့ အခြေအနေက ဘယ်လိုလဲဆိုတော့ အရူးမကို လင်လုပ်ရသလိုပဲ။ မိုးကခြိမ်းလာလိုက် ဆားက ပြန်ပျက်လိုက်နဲ့ ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး။ ဒီနှစ်လုပ်ရ အရမ်းခက်တယ်။ ဒီနှစ် ရာသီတအား ဆိုးတယ်” ဟု ထားဝယ်မြို့၊ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ဆိုသည်။ လက်ရှိတွင် အားကောင်းသည့် မုန်တိုင်းငယ်အဆင့်ဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ပါ ရောက်သွား နိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် မတ်လကုန်အထိ တိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်မတိုင်ခင် ရှေ့တစ်နှစ်က ဆားပိဿာချိန် ၂၈ […]