BREAKING
January 22, 2025

သတင်း

ကံပေါက်ဒယ်(လ်)ကို သတ္တုမိုင်းတွင်းမြေပြိုမူဖြစ်၊ ဒေသခံများစိုးရိမ်

diz_admin

July 16, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်‌ကျေးရွာရှိ ဒယ်(လ်)ကိုကုမ္ပဏီ သတ္တုတူးဖော်ရေး ဧရိယာအတွင်း မနေ့(ဇူလိုင် ၁၅) နေ့လယ်ပိုင်းက မြေပြိုမူတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ မြေမပြိုခင်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုသည့်နေ့တွင်မူ မိုးရွာသွန်းခြင်းမရှိဘဲ ပြိုကျလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပြေမြိုမူကြောင့် ထိခိုက်မူမရှိသော်လည်း မြေပြိုရာမှထွက်လာသည့်နုန်းမြေများ ရဲရင့်ချောင်းအတွင်းစီးဝင်ခဲ့ပြီး ယင်းကဲ့သို့ နောက်ထပ်မြေပြိုကျမည်ကိုလည်း ရဲရင့်ချောင်းနံဘေးတွင် နေထိုင်သူများက စိုးရိမ်လျက်ရှိသည်။ “နောက်ထပ်ဖြစ်မှာကိုစိုးရိမ်တယ်ဆိုတာက ဟိုးအရင်က တစ်ခါအခုလိုပဲမြေပြိုတော့ အိမ်တွေပါသွားဖူးတာကိုး။ အခုလည်း ချောင်းဘေးမှာအိမ်တွေရှိတော့ နောက်တစ်ခါပြိုကျရင် အိမ်တွေပါမှာကို စိုးရိမ်နေရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒယ်(လ်)ကိုသတ္တုမိုင်းတူးဖော်သည့် ဧရိယာအတွင်းလွန်ခဲ့သည့် ၂၀၁၅ ခုနှစ်က မြေပြိုကျခဲ့သဖြင့် ရဲရင့်ချောင်းနံဘေးတွင် နေထိုင်သူများ၏ နေအိမ်များ ပျက်စီးခဲ့ဖူးသည်။ ယင်းအချိန်က နေအိမ်တန်ဖိုးကို ကုမ္ပဏီဘက်က လျော်ကြေးပေးခဲ့သော်လည်း နောက်တစ်ခါ ရဲရင့်ချောင်းနံဘေးတွင် နေအိမ်ဆောက်လုပ် […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာ

diz_admin

July 13, 2022

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ယနေ့ (ဇူလိုင် ၁၃) စိုးရိမ်ရေအမှတ်ရောက်ရှိရန် တစ်ပေကျော်သာလိုတော့ကြောင်း တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေကို သတ်မှတ်ထားသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန် တိုင်းတာချက်အရ ၁၅ ပေ ၂ လက်မခန့်အထိ ရှိနေကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်နှင့်အထက် ကျော်လွန်ပါက နှစ်စဉ်နီးပါး မြို့ပေါ်လမ်းမတို့နှင့် နေအိမ်အချို့ ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ့ ရှိသည်။ တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်နှင့် အထက်ကျော်လွန်ပါက မြို့ပေါ်လူ‌နေအိမ်တို့နှင့် ကျေးရွာအချို့တို့ရှိ နေအိမ်တို့ ရေလွှမ်းမိုးလေ့ရှိပြီး နီးစပ်ရာဆွေမျိုးတို့နှင့် ကယ်ဆယ်ရေးစခန်းများသို့ […]

မြိတ်တွင် လေပြင်းကြောင့် သစ်ပင်လဲကျသဖြင့် နေအိမ်တစ်လုံးပျက်စီး

diz_admin

July 12, 2022

မြိတ်မြို့နယ် ကဟန်းကျေးရွာတွင် ယနေ့ မိုးသက်လေပြင်းများ တိုက်ခတ်သဖြင့် သစ်ပင်တစ်ပင် လူနေအိမ်ပေါ်သို့ လဲကျသဖြင့် နေအိမ်ပျက်စီးကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ အမြင့်ပေ ၅၀၊ လုံးပတ် ၃ ပေခန့်ရှိ သရက်ပင်သည် လေပြင်းများတိုက်မှုကြောင့် ဓနိမိုး၊ ထရံကာနေအိမ်ပေါ်သို့ လဲကျခဲ့ပြီး နေအိမ်တွင် လူမရှိသည့်အတွက် လူထိခိုက်မှုမရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။ မြိတ်မြို့၌ ယနေ့ (ဇူလိုင် ၁၂) တွင် တစ်ရက်လုံး မိုးအဆက်မပြတ် ရွာသွန်းပြီး လေပြင်းများ တိုက်ခိုက်နေသည်။ ဘင်္ဂလာပင်လယ်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ယင်းအခြေအနေကြောင့် တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း ပုံမှန်ထက်မိုပို မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ […]

တနင်္သာရီတိုင်းတွင် မိုးပိုရွာမည်

diz_admin

July 11, 2022

တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း ပုံမှန်ထက်မိုပို မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ ဘင်္ဂလာပင်လယ်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ယင်းအခြေအနေကြောင့် တိုင်းအတွင်း မိုးပိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။ ယင်းကာလအတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရက်မှာ ၇ ရက်မှ ၉ ရက်အထိ ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။ မနက်ဖြန် ဇူလိုင်လ ၁၂ ရက်တွင်မူ တိုင်းအတွင်း ဒေသအလိုက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ ယင်းကဲ့သို့မိုးကြီးပါ တိုင်းအတွင်း ရေကြီး၊ ရေလျှံ၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားလေ့ရှိသည်။ ဇူလိုင်လ ၁၀ ရက်ကလည်း မိုးကြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ထားဝယ်မြို့နှင့် ကော့သောင်းမြို့တို့အပါအဝင် နေရာအချို့တွင် သစ်ပင်များ လဲကျခြင်းနှင့် အသေးစာမြေပြိုကျခြင်းတို့ဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ပထမဆယ်ရက်ပတ် […]

တနင်္သာရီတိုင်းတွင် မိုးဆက်နည်းမည်၊ လယ်သမားများ မိုးမျှော်

diz_admin

June 21, 2022

ဇွန်လနောက်ဆုံးပတ်တွင်လည်း တနင်္သာရီတိုင်းတွင် မိုးရွာသွန်းမူ ဆက်လက်နည်းပါနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန် ၂၁) ထုတ်ပြန်လိုက်သည်။ ဇွန်လ ၂၁ ရက်မှ ၃၀ ရက်အတွင်း တနင်္သာရီတိုင်းတွင် မိုးသွန်းမည့်အ‌ခြေအနေမှာ ပုံမှန်မိုးရွာသွန်းနေသည်ထက် လျော့နည်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလာပင်အော်တို့တွင် အနောက်တောင်မုတ်သုတ်လေ အားနည်းလျှက်ရှိခြင်းကြောင့် ယင်းကဲ့သို့ မိုးနည်းနိုင်ခြေခြင်းဖြစ်သည်ဟုဆိုသည်။ ဇွန်လ ဒုတိယအပတ်ကလည်း တနင်္သာရီတိုင်းအတွင်း မိုးရွာသွန်းမှု နည်းပါးသဖြင့် လယ်သမားများ အခက်တွေ့လျှက် ရှိသည်။ အချို့လယ်သမားများမှာ လယ်ထွန်ယက်ပြီး မျိုးစပါးကြဲပြီးနေချိန် မိုးမရှိသဖြင့် ပျိုးပင်ပေါက်များ ကြွက်ဖျက်ဆီးခြင်းကို ခံရကြောင်း ပြောဆိုကြသည်။ “အခုလယ်ကွင်းတွေ မြေကမာပြီးတော့ ဘောလုံးကန်လို့တောင် ရနေတယ်။ တချို့ဆို လယ်ထွန်ပြီးလို့ ပျိုးကြဲတော့မယ့် အချိန်မှ မိုးက ရုတ်တရက် မရွာတော့ဘူးဆိုတော့ ‌အစကနေ […]

မြိတ်ငါးလေလံဈေးစီမံကိန်းလုပ်ရန် ဒီရေတောများရှင်းနေသဖြင့် ဒေသခံများ အခက်တွေ့

diz_admin

June 15, 2022

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာတွင် အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ငါးလေလံဈေးစီမံကိန်းကြောင့် ဒီရေတောအမှီပြုလုပ်ကိုင်သည့် လုပ်ငန်းများထိခိုက်ရကြောင်း ယင်းကျေးရွာနေသူတို့ထံမှ သိရသည်။ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရင်းနှီးမြှုပ်နှံမည့် ငါးလေလံဈေးကြီးစီမံကိန်းအား မြေဧရိယာဧက ၂၀၀၀ ကျော် ပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက မြိတ်အများပိုင်ကော်ပိုရေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။ စီမံကိန်းဆောင်ရွက်မည့်နေရာ‌တွင် ဒီရေတောနှင့် ဓနိတောတို့အား ခုတ်ထွင်ရှင်းလင်းပြီး သဲဖို့ခြင်းလုပ်ငန်းတို့အား ဆောင်ရွက်နေပြီဖြစ်‌ကြောင်း ကွမ်းသီးချောင်းရွာနေသူအချို့က ပြောပြသည်။ အဆိုပါ ဒီရေတောထဲတွင် ဂရု (ဂရုအိုးစုတ်) ကောက်ခြင်း၊ ဘဝဲနိုက်ခြင်း၊ ကဏန်းခြေးပုံးကောက်ခြင်း၊ သံမြုံးဖြင့် ဂဏန်းထောင်ဖမ်းခြင်းနှင့် ပုဇွန်ဖမ်းခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း ကွမ်းသီးချောင်းရွာနေ အသက် ၄၀ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။ “ထိခိုက်တာက […]

ဆင်ကိုးရပ်ရေတံခွန်တွင် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

diz_admin

June 12, 2022

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆင်ကိုးရပ်ရေတံခွန်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အခြားဒေသတစ်ခုမှ ကံပေါက်ကျေးရွာအနီးရှိ ကန့်ကော်တောင် ကျေးရွာအုပ်စု ဆယ်အိမ်စုရွာရှိ ရာဘာခြံတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ မပပအောင်ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မပပအောင်သည် အဖော်များနှင့်အတူ ဇွန်လ ၁၁ ရက်တွင်  ဆင်ကိုးရပ်ရေတံခွန်သို့ သွားရောက်ခဲ့ပြီး‌ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ယင်းနောက် လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၁၁ နာရီခန့်မှ ရေနစ်သေဆုံးနေသည့် မပပအောင် အလောင်းကို ရေတံခွန်အပေါ်ပိုင်းတစ်နေရာတွင် တွေ့ရှိခဲ့ရကြောင်း ၎င်းကပြောသည်။ “အခုရာဘာခြံထဲမှာ အလောင်းပြင်ထားတယ်” ဟု ၎င်းကဆိုသည်။ မပပအောင်အလောင်းကို မတ်စောက်နေသည့်ရေတံခွန်အတွင်း ဝါးလုံးများဆင်ကာ […]

စပါးပျိုးသွားပို့သော လှေနစ်မြုပ်၊ အမျိုးသမီးတစ်ဦးသေပြီး တစ်ဦးပျောက်ဆုံး

diz_admin

June 11, 2022

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာတွင် ယမန်နေ့(ဇွန် ၁၀)နံနက် ကိုးနာရီ ကျော်ဝန်းကျင်ခန့်က စပါးပျိုးနှင့် ဓာတ်မြေဩဇာ တင်ဆောင်လာသော စက်လှေနစ်မြုပ်သဖြင့် လှေပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။ သကျက်တောအော်ပြင်တွင်ရှိသော လယ်ထဲသို့ စပါးပျိုးနှင့် ဓာတ်မြေဩဇာသွားရောက် ပို့ဆောင်ခြင်းဖြစ်ပြီး လှေနစ်မြုပ်ရာတွင် လယ်ရှင်ဦးမြင့်သန်း၏ အသက် ၂၂ နှစ်အရွယ်ရှိသမီး ဖြစ်သူသေဆုံးပြီး၊ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး (ဦးမြင့်သန်းအစ်မ၏ သမက်)မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ယင်းနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က အနံလေးပေ၊အလျား ၁၂ ပေ ၊အနက် သုံးပေခန့်ရှိသည့် စက်တပ်လှေငယ်တစ်စီးဖြင့် ဦးမြင့်သန်းပိုင်လယ်သို့ စပါးပျိုးအိပ် ဆယ်အိတ်ကျော်ခန့်နှင့် ဓာတ်မြေဩဇာ နှစ်အိတ်၊ လူငါးဦးစီးနင်း လိုက်ပါ‌သွားခြင်းဖြစ်သည်။ လှေပေါ်လိုက်ပါသွားကြသူများမှာ သမီးဖြစ်သူ မနှင်းဝတီလှိုင်၊ ဦးဌေးနိုင်စိုးနှင့်  ဆွေမျိုး […]