BREAKING
January 22, 2025

သတင်း

စပါးရိတ်သိမ်းချိန် ထားဝယ်နှင့် မြိတ်ခရိုင်တွင် မိုးရွာ၍ လယ်သမားများအခက်တွေ့၊ မိုးဆက်ရွာဦးမည်

diz_admin

November 18, 2022

ထားဝယ်နှင့် မြိတ်ခရိုင်တို့တွင် စပါးရိတ်သိမ်းနေကြပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးရွာနေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ မိုးရွာနေသည်ဟု မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်မှ ဒေသခံအချို့က ပြောသည်။ တနင်္သာရီတိုင်းတွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ နေရာစိပ်စိပ် မိုးရွာမည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ကြေညာထားသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် မိုးရွာနိုင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ နိုဝင်ဘာလ စပါးရိတ်သိမ်းသည့်ကာလတွင် တနင်္သာရီတိုင်းတွင် မိုးရွာနေသဖြင့် တောင်သူများအခက်တွေ့နေကြောင်း လယ်သမားများက ပြောသည်။ […]

တနင်္သာရီဆောင်း အေးလည်းအေးမည်၊ မိုးလည်းရွာမည်

diz_admin

November 1, 2022

‌ဆောင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် အေးလည်းအေးပြီး မိုးလည်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ တနင်္သာရီတိုင်၏ နှစ်သုံးဆယ် ဆောင်းရာသီပျန်းမျှအမြင့်ဆုံးအပူချိန် ၃၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ရှိပြီး ပျန်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၁ ဒဿမ ၃ ဒီဂရီစင်တီဂရိတ် ရှိကြောင်း တနင်္သာရီတိုင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနစာရင်းအရ သိရသည်။ တနင်္သာရီတိုင်းသည် ဆောင်းရာသီ၏ သာမန်အပူချိန်တွင်သာရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းမှ နိုဝင်ဘာလ ၁ ရက် နံနက်‌စောစောအချိန်အထိ ထားဝယ်မြို့၏ အပူချိန်မှာ ၂၇ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်ဂရိတ် ဝန်းကျင်တွင် ရှိနေသည်။ “ညဘက် အိပ်ယာဝင်တဲ့အချိန်ကတော့ ပန်ကာဖွင့်နေရသေးတယ်။ ညနက်လာတော့ အပြင်က လေအေးတိုက်လို့ စောင်ခြုံလိုက်ရတာပေါ့။ မနက်လမ်းလျှောက်ထွက်ချိန်မှာတော့ အနွေးထည်နဲ့မှ သွားလို့ရတော့တယ်။ […]

ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်ရန်အတွက် ရေကာတာအသစ်တည်ဆောက်ရန် စီစဉ်

diz_admin

September 27, 2022

ထားဝယ်မြို့နယ် အရှေ့တောဒေသ ဖောင်းတော‌ကျေးရွာရှိ ရေအားလျှပ်စစ်စက်ရုံငယ်ကို ၂၀ မဂ္ဂါဝပ်ထွက်ရှိသည်အထိ အဆင့်မြှင့်တင်ရန်အတွက် ရေကာတာသစ် တည်ဆောက်ရန် စစ်ကောင်စီက စီစဉ်ကြောင်း သိရှိရသည်။ ယင်းရေအားလျှပ်စစ်စက်ရုံမှာ မူလက ၇ ဒဿမ ၅ မဂ္ဂါဝပ်သာထွက်ရှိပြီး ယခု ၂၀ မဂ္ဂါဝပ်ထွက်ရှိရန် အဆင့်မြှင့်မှုကို လပေါင်း ၂၀ အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုသည်။ အဆိုပါရေအားလျှပ်စစ်သည် ဟိန္ဒားသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန် အဓိကဆောက်လုပ်ထားခြင်းဖြစ်ပြီး ‌အနီးအနားကျေးရွာများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။ လက်ရှိတွင် ဟိန္ဒားသတ္တုတွင်းမှာလည်း တူးဖော်ခွင့်သက်တမ်းကုန်ဆုံးသဖြင့် ရပ်နားထားပြီး ရေအားလျှပ်စစ်သုံး ဓာတ်အားပေးစက်ရုံမှာလည်း ရပ်နားလျက်ရှိသည်။ ကုမ္ပဏီဘက် အစီရင်ခံစာအရ ရေကာတာအသစ်ကို လက်ရှိရေကာတာ၏အထက်ဘက် မီတာ ၁၂၀ အကွာတွင်ဆောက်လုပ်မည်ဟု စုံစမ်းသိရှိရပြီး […]

တနင်္သာရီတိုင်းတွင် နောက်နှစ်ရက်အထိ နေရာကွက်၍ မိုးကြီးနေဦးမည်

diz_admin

September 5, 2022

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်ခန့်အထိ (စက်တင်ဘာ ၇ ရက်အထိ) နေရာကွက်၍ မိုးကြီးနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေကြောင်း ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁ ရက်မှ ၁၀ ရက်နေ့အတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရက် ၇ ရက်မှ ၉ ရက်ခန့်ရှိမည်ဖြစ်ပြီး ရွာသွန်းမြဲထက် မိုးထစ်ချုန်းရွာနိုင်သည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာ ၅ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနေသည်မှာ ၅ ရက် ရှိပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နောက် ၂ […]

တနင်္သာရီတိုင်းတွင် မိုးကြီး၊ လေပြင်းတိုက်မှုနှင့်အတူ ရေကြီးနိုင်ဟု မိုး/ဇလသတိပေး

diz_admin

August 18, 2022

တနင်္သာရီတိုင်းတွင် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့အတွင်း မိုးကြီး၊ လေပြင်းတိုက်ခတ်မူကြောင့် ရုတ်တရက်ရေကြီးခြင်း ဖြစ်လာနိုင်ကြောင်း မိုလေသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။ ယင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ပြီး ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ရှိလာနိုင်ကြောင်း မိုးဇလက သတိပေးထားခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင်လည်း တနင်္သာရီတိုင်းရှိ ဒေသအတော်များများတွင် နေစဉ်ရက်ဆက် မိုးရွာသွန်းခဲ့ပြီး အချို့နေရာများတွင် ရေကြီး၊ ရေလျှံမူများ ဖြစ်ပွားခဲ့သည်။ တနင်္သာရီတိုင်းသည် မိုးအဆက်မပြတ်ရွာသွန်းပါက လေပြင်းတိုက်ခိုက်မှုနှင့်အတူ ရေကြီး၊ ရေလျှံ၊ မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ခံစားရလေ့ရှိသည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှ အနည်းငယ်ပြန်ကျသော်လည်း မြို့ပေါ်တွင် ရေကြီးနေဆဲ

diz_admin

August 12, 2022

စိုးရိမ်ရေအမှတ်ရောက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ ယနေ့တွင် ကိုးလက်မခန့် ပြန်ကျသွားသော်လည်း တနင်္သာရီမြို့ပေါ်တွင် ရေကြီးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလအစမှစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိခဲ့ပြီး နေအိမ်တချို့တို့နှင့် လမ်းပေါ်တို့တွင် ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သည်။ တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်မှာ ၁၇ပေ ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်သည်။ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လာပြီး မြို့တွင်းရှိ လူနေအိမ်အချို့နှင့် လမ်းပေါ်တို့တွင် နှစ်ပေကျော်အထိ ရေကြီးရေလျှံခြင်းခဲ့ကြောင်း ချောင်းကြီးရပ်နေသူအချို့က ပြောသည်။ “အိမ်ထဲအထိ ရေရောက်နေပြီ။ မိုးကလည်း မပြတ်သေးဘူး။ ထုတ်တာပိုးတာတွေတော့ ကြိုလုပ်ထားရတာပေါ့” ဟု ချောင်းကြီးရပ်နေ အသက် […]

မြိတ်တွင် မန်ဂျန်ရှားအပင် စိုက်ပျိုးမှုများရှိလာ

diz_admin

July 26, 2022

မြိတ်မြို့ရှိ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူအချို့ မန်ဂျန်ရှားအပင်အား စိုက်ပျိုးမှုများရှိလာနေကြောင်း ဥယျာဉ်ခြံ လုပ်ငန်း လုပ်ကိုင်များထံမှ သိရသည်။ မန်ဂျန်ရှားပင်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၃၀ မှ ၅၀ အထိရှိပြီး အမြင့်ပေ တစ်ရာနီးပါးအထိ မြင့်တက်နိုင်ကာ ‌ဖြောင့်တန်းသည့်အပင်တစ်မျိုးဖြစ်သည်။ “မနှစ်က မျိုးစေ့ဝယ်ပျိုးပြီး အပင်လေးဆယ်လောက် စမ်းပြီးစိုက်ထားတယ်” ‌ဟု တောင်ပုလဲရွာနေ ဥယျာဉ်ခြံရှင် တစ်ဦးက ပြောသည်။ အဆိုပါ မန်ဂျန်ရှားအပင်တို့အား ပြီးခဲ့သည့်သုံးနှစ်ဝန်းကျင်ခန့်မှစပြီး တစ်ပိုင်တစ်နိုင်ပုံစံဖြင့် စတင်စိုက်ပျိုးလာနေခြင်း ဖြစ်ကြောင်း ဥယျာဉ်ခြံလုပ်ကိုင်နေသူအချို့က ပြောပြသည်။ “တစ်ပိုင်တစ်နိုင်အနေနဲ့ စိုက်တာတွေပဲရှိတယ်။ အကြီးအကျယ်စိုက်တာ မရှိသေးဘူး” ဟု ဒေါရွာနေ ဥယျာဉ်ခြံ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ အဆိုပါ တောင်ပုလဲရွာနှင့် အနီးတဝိုက်တို့ရှိ ကျေးရွာအများတို့တွင် မန်ဂျန်ရှားစိုက်ပျိုးမှု မရှိသေးဘဲ မြိတ်မြို့ အဝင်ရွာ […]

ပါချန်မြစ်ဘေးတွင် ဒီရေတောအပင် ၁၂၀၀ ခန့်စိုက်မည်

diz_admin

July 20, 2022

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်ခြား ပါချန်မြစ်ဘေးရှိ ရေလယ်ကျွန်းတွင် ဒီရေတောအပင် ၁၂၀၀ ခန့် စိုက်ပျိုးမည်ဖြစ်ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။ ဒီရေတော အပင် ၁၂၀၀ ခန့်ကို ဇူလိုင်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့တွင် စိုက်ပျိုးမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ရွှေဖန် (ခေါ်) ကိုဇော်မျိုးဦးက ပြောသည်။ ထိုင်းဘက်ခြမ်းမှ ပါချန်မြစ်ဘေး (ဝဲကြီးရွာအရှေ့ဘက်) ဒီရေတောကို National Park အဖြစ်သတ်မှတ်ကာ ထိန်းသိမ်း ထားသဖြင့် မြန်မာဘက်ရှိ ပါချန်မြစ်ဘေးမှ ဒီရေတောကိုလည်း အပင်မျိုးစုံစိုက်ပျိုးကာ National Park လို ဖြစ်စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ကိုရွှေဖန်က ပြောဆိုသည်။ “National Park မျိုးဖြစ်အောင်လုပ်မယ်ပေါ့။ အပင်မျိုးစိတ်တွေစုံအောင် စိုက်ပေးမယ်” ဟု ၎င်းက ဆိုသည်။ […]