ထိုင်းနိုင်ငံ အရှေ့မြောက်နှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိ
Dawei Watch
May 28, 2023မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ပင်လယ်ကွေ့တို့တွင် အားအသင့်အတင့် ရှိ အနောက်တောင်မုတ်သုံလေအပြင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် လေဖိအားနည်း ရပ်ဝန်း ကိုပါ တွေ့ရှိရသည့် အတွက် ထိုင်းနိုင်ငံ၏ အရှေ့မြောက် ၊ အရှေ့နှင့်အနောက်တောင် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ လေပြင်းများတိုက်ခတ်နိုင်သည့်အပြင် ကပ္ပလီပင်လယ်ပြင်တွင် နှစ်မီတာမြင့်သော လှိုင်းများ ရှိလာနိုင်ကာ ပင်လယ်ကွေ့တွင် လှိုင်းသည် ၂မီတာ အထိ ရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် မုန်တိုင်းသင့်နိုင်သည့် ဒေသများတွင်မူ ၂မီတာ ကျော်သော လှိုင်းများ ရှိနိုင်သည့်အတွက် ရေလွှာလျှောစီးသူများကို သတိဖြင့် လုပ်ဆောင်ရန် နှင့် အဆိုပါ ဒေသများကို ရှောင်ရှားကြရန် အကြံပြုထားသည်။ မိုးလေဝသဌာန ၏ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ဒေသ၏ ၆၀ […]