နေ့အပူချိန်နှင့် လေပြင်းတိုက်ခတ်မှုကြောင့် မီးဘေးသတိပြုရန် သတိပေး
Dawei Watch
January 10, 2025တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဇန်နဝါရီလအတွင်း နေ့အပူချိန်မြင့်တက်မှုနှင့် လေပြင်းတိုက်ခတ် မှုကြောင့် မီးအန္တရာယ်သတိပြုရန်လိုကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ဇန်နဝါရီလ ၉ရက်တွင် တိုက်တွန်းထားသည်။ တနင်္သာရီတိုင်းတွင် လာမည့် ရက်သတ္တပတ်အတွင်း နေ့အပူချိန် ၃၀ ဒီဂရီဆဲစီးယပ်အထက်တွင် ဆက်ရှိနေမည်ဖြစ်ပြီး ညအပူချိန်မှာ ၂၀ ဒီဂရီဆဲစီးယပ်ဝန်းကျင်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းထားသည်။ စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တနင်္သာရီတိုင်းအတွင်း တိုင်းတာချက်အရ ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အထိ နေ့အပူချိန်များသည် ၃ဝ ဒီဂရီဆဲစီးယပ်ဝန်းကျင်တွင်ရှိခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီးဌာနကလည်း ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်မှ လေများတိုက်ခတ်လာနိုင်ပြီး ကမ်းရိုးတန်းဘက်တွင် လေသည် တစ်နာရီ ဆယ်မိုင်မှ ဆယ်ငါးမိုင်အကြားတွင် တိုက်ခတ်နိုင် […]