BREAKING
September 19, 2024

ပညာေရး

အခြေခံပညာ ကျောင်းများ ဘယ်လိုပြန်ဖွင့်ကြမလဲ

diz_admin

June 1, 2020

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည်။ ကျန်အတန်းများဖွင့်မည့်အချိန်ကို တိတိကျကျပြောဆိုထားခြင်း မရှိသော်လည်း အထက်တန်းအဆင့်များဖွင့်ပြီးပါက ကျန်အတန်းများကိုလည်း အဆင့်ဆင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောဆိုထားသည်။ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် လုပ်ဆောင်ရမည့်ကိစ္စနှင့်ပတ်သက်ပြီး မေလ ၂၆ ရက်ကပြုလုပ်သော ပညာရေးဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန၊ တိုင်းနှင့်ပြည်နယ်မှ ပညာရေးမှူးများပါဝင်သည့် အစည်းအဝေးတွင် ယင်းသို့ပြောကြားထားခြင်း ဖြစ်သည်။ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကမူ အထက်အတန်းအဆင့်ကို နှစ်ပတ်အကြာစမ်းသပ်ဖွင့်လှစ်ပြီး အခြေအနေကောင်းပါက အလယ်တန်းကို ဖွင့်မည်ဖြစ်ကြောင်း၊ အလယ်တန်းဖွင့်ပြီး တစ်ပတ်အကြာတွင် မူလတန်းကို ဆက်ဖွင့်မည်ဖြစ်ကြောင်း မြန်မာနောင်းသတင်းဌာနကို ပြောဆိုထားသည်။ အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး အဆင့်တိုး ကျောင်းအပ်နှံရာတွင်လည်း အသုတ်သုံးသုတ်ခွဲကာ အပ်နှံရမည်ဖြစ်ပြီး ဇူလိုင်လ ၁၃ မှ ၁၇ ရက်အထိကို အထက်တန်းကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်ထားကြောင်း မေလ […]

ဆရာ၊ ဆရာမ ငါးရာကျော် အသစ်ခန့်

diz_admin

June 1, 2020

ကိုဗစ်ကာလအလွန် ကျောင်းဖွင့် ရာသီအတွက် တနင်္သာရီတိုင်းတွင် ဆရာ၊ ဆရာမ ငါးရာကျော်ကို အသစ်ခန့်ထားပြီး ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အထက်တန်းပြ ၅၂ ဦး၊ မူလတန်းပြ ၄၇၂ ဦး စုစုပေါင်း ဆရာ၊ ဆရာမ ငါးရာကျော်(၅၂၄) ဦးကို အသစ်ခန့်ထား လိုက်ခြင်း ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “အဲဒါတွေခန့်ပြီးပြီဆိုတော့ ကျန်တာကတော့ အဟောင်းတွေကပဲ ဟိုကျောင်းကနေ ဒီကျောင်းတိုး၊ ပြောင်း တာတွေပဲ ရှိတယ်”ဟု ဒေါ်မြင့်စိန်က ပြောသည်။ အထက်တန်းပြအဖြစ် ပညာရေး တက္ကသိုလ်ဆင်း ပညာရေးဘွဲ့ရ(B.Ed) များ၊ မူလတန်းပြအဖြစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းဆင်း(PPTT)၊ လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာသင်တန်းဆင်း (DTEd) တို့ကို ခန့်အပ်ခြင်း ဖြစ်သည်။ တိုင်းပညာရေးမှူးရုံး၏ […]

အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး အဆင့်တိုး

diz_admin

June 1, 2020

တနင်္သာရီတိုင်းတွင် အဆင့်တိုး အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး ရှိကြောင်း အခြေခံပညာ ဦးစီးဌာနက မေလ နောက်ဆုံးအပတ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အထက်တန်းအဆင့်သို့ ၉ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၇ ကျောင်း၊ အလယ်တန်း ၁၀ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၁၇ ကျောင်း၊ မူလတန်းလွန် ကျောင်း ၉ ကျောင်း၊ မူလတန်း ၃ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၃ ကျောင်း စုစုပေါင်း ၅၈ ကျောင်း အဆင့်တိုးခဲ့ သည်။ ကျောင်းသားဦးရေများသည့် ကျောင်းများ၊ သွားလာရခက်ခဲသည့် ဒေသမှ ကျောင်းများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မေးမြန်းရာတွင် ခွင့်ပြု ချက်ရသွားသည့်ကျောင်းများ စသည် တို့ကို အဆင့်တိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ […]

ဆယ်တန်းအဖြေလွှာ စစ်ဆေးတော့မည်

diz_admin

May 25, 2020

ကိုရိုနာဂယက်ကြောင့် ရွှေ့ဆိုင်း ထားသော ဆယ်တန်းအဖြေလွှာများကို ဇွန်လ ၃ ရက်တွင် စတင်စစ်ဆေးရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြား ထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူး ရုံးထံမှ သိရသည်။ တနင်္သာရီတိုင်းမှ ဆယ်တန်းအဖြေ လွှာများကို မော်လမြိုင်တက္ကသိုလ်တွင် စစ်ဆေးမည် ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်ဘက်ကမူ မေလ ၂၂ ရက်အထိ အဖြေလွှာစစ်ဆေး မည့်ကိစ္စကို အကြောင်းကြားလာခြင်းမရှိသေးကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “ရုံးချုပ်ကတော့ ဆရာ၊ ဆရာမတွေ အကုန်လုံးကို သတင်းပို့ ခိုင်းထားတယ်။ ဒါပေမယ့် မော်လမြိုင်တက္ကသိုလ်ကတော့ သီးခြားဘာမှမပြောသေးဘူး”ဟု ဒေါ်မြင့်စိန်က ပြောသည်။ တနင်္သာရီတိုင်းမှ ဆယ်တန်းအဖြေ လွှာစစ်ဆေးမည့် ဆရာ၊ ဆရာမ စုစုပေါင်း ခြောက်ရာကျော်(၆၂၉) ဦးရှိပြီး ယင်း ဆရာ၊ ဆရာမ များကို […]

ဇူလိုင်တွင် ကျောင်းဖွင့်ရန် သေချာဟုဆို

diz_admin

May 18, 2020

အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်ရန် သေချာကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။ ရန်ကုန်ခေတ်သစ် မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထိုသို့ပြောကြားခြင်းဖြစ်ပြီး ကျောင်းဖွင့်မည့် ရက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ကျန်းမာရေးအရ လမ်းညွှန်ချက်နှင့် အညီသာ ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် ပြန်လည် အသုံးပြုနိုင်သော နှာခေါင်းစည်းများ အဆင်သင့် ပြင်ထားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုသည်။ “အများကြီးကြောက်မနေပါနဲ့။ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုပေါင်းပြီးတော့ ကလေး တွေရဲ့ ကျန်းမာရေး Safe ဖြစ်အောင်တော့ ကြိုးစား ပါ့မယ်လို့ ဒါလေးလည်းပဲ မိဘပြည်သူတွေကို အသိပေးစေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာ (Quarantine Center) […]

အင်တာနက်လိုင်း မမိသည့် စာသင်ကျောင်း ငါးရာနီးပါးရှိ

diz_admin

May 18, 2020

တနင်္သာရီတိုင်းတွင် အင်တာနက် လိုင်း မမိသေးသည့် အခြေခံပညာကျောင်း ငါးရာနီးပါးရှိနေကြောင်း တနင်္သာရီ တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ အွန်လိုင်းမှ ပို့ချမည့် Grade 4 ၊ Grade 7 ၊ Grade 10 စနစ်သစ် ပညာရေး သင်တန်းအတွက် အင်တာနက် အသုံးပြု နိုင်ခြင်း မရှိ(အင်တာနက်လိုင်းမမိ)သည့် အခြေခံပညာကျောင်းများစာရင်း ကို ပညာရေးဝန်ကြီးဌာနက ကောက်ခံနေ ခြင်း ဖြစ်သည်။ တိုင်းအတွင်းရှိ အွန်လိုင်းသင်တန်း တက်မည့် ထက်၊ လယ်၊ မူ၊ ဘုန်တော် ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ထောင်ကျော်(၁၃၅၇) ကျောင်းရှိ သည့်အနက် ငါးရာနီးပါး(၄၆၈) ကျောင်း မှာ လက်ရှိတွင် အင်တာနက်လိုင်းမမိ သေးသည့် ဒေသတွင်ရှိနေကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။ […]