BREAKING
September 19, 2024

ပညာေရး

ဘော်ဒါနှင့် ပြင်ပကျူရှင်များအား ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ) ထုတ်ပြန်

diz_admin

June 21, 2020

ထားဝယ်ခရိုင်အတွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း(ဘော်ဒါ) များနှင့် ပြင်ပကျူရှင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ)က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။ အခြေခံပညာအတန်းအချို့နှင့် ကိုယ်ပိုင်အထက်တန်းအချို့ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘော်ဒါနှင့် ပြင်ပကျူရှင်များမပါဝင်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောဆိုထားကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ထားဝယ်ခရိုင်အတွင်းတွင်လည်း တရားဝင်ခွင့်ပြုချက်မရှိသော ကျူရှင်များ၊ စာသင်ဝိုင်းများ ဖွင့်လှစ်နေကြသည့်အချိန်တွင် တရားဝင်မှတ်ပုံတင်ထားသော ဘော်ဒါနှင့် ပြင်ပကျူရှင်များကိုလည်း စည်းကမ်းချက်သတ်မှတ်ကာ ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ယင်းမိသားစု အဖွဲ့ဝင် ပညာကမ္ဘာဘော်ဒါဆောင်ပိုင်ရှင် ဦးသန်းဇော်ဦးက ပြောသည်။ တနင်္သာရီတိုင်းရှိ ကိုယ်ပိုင်ကျောင်း ငါးကျောင်းကို ပညာရေးဝန်ကြီးဌာနက ဖွင့်ခွင့်ပြုထားပြီး ဖြစ်သည်။ […]

တက္ကသိုလ်များ ပြန်ဖွင့်ရန် မညွှန်ကြားသေး

diz_admin

June 21, 2020

တက္ကသိုလ်များ ပြန်ဖွင့်ရေးကိစ္စအတွက် ပညာရေးဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက်အထိ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသေးကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ကျောင်းသားများအကြားတွင်မူ တက္ကသိုလ်များ ဇူလိုင်လအတွင်းပြန်ဖွင့်ကာ ကျန်နေသည့် ဘာသာများ ဖြေရတော့မည်ဖြစ်ကြောင်းနှင့် အဝေးသင်စာစဉ်တင်ခြင်းကို ဇူလိုင်လအတွင်း အပြီးလုပ်ဆောင်ရမည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ တက္ကသိုလ်ကျောင်းသားများနှင့်ဆိုင်သည့် ဖေ့စ်ဘုတ်စာမျက်နှာအချို့တွင်လည်း ယင်းကဲ့သို့ ရေးသားထားကြပြီး အချို့က ဌာနမှူးပြောကြားချက်ဟုဆိုကာ အသံမက်ဆေ့ချ်များပေးပို့ခြင်းတို့ကြောင့် ယင်းကောလာဟလများကို ယုံကြည်နေသူအချို့လည်း ရှိနေသည်။ “သေချာတော့ စာမထွက်သေးဘူး ပေါ့နော်။ (တက္ကသိုလ်ပြန်ဖွင့်ဖို့) ပြောတော့ ပြောနေကြပြီပေါ့နော်” ဟု ဒေါက်တာသိင်္ဂီရွှေက ဆိုသည်။ ယခုအပတ်အတွင်း အွန်းလိုင်းစနစ်ဖြင့်ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် တက္ကသိုလ်ပါမောက္ခချုပ်များကော်မတီ အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းကလည်း တက္ကသိုလ်များပြန်ဖွင့်မည့်ကိစ္စကို ပညာရေးဝန်ကြီးက တစ်စုံတစ်ရာပြောကြားခြင်းမရှိကြောင်း ပြောသည်။ […]

တက္ကသိုလ်တွေ ပြန်ဖွင့်တော့မလား

diz_admin

June 15, 2020

တက္ကသိုလ်များ၏ ဒုတိယနှစ်ဝက် ပုံမှန်ကျောင်းဖွင့်ရက်မှာ ဇွန်လ ၁ ရက် ဖြစ်သော်လည်း တက္ကသိုလ်အတွင်းမှာတော့ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများသာရှိနေပြီး ကျောင်းသူ၊ ကျောင်းသားများ ရှိမနေကြသေးပေ။ တက္ကသိုလ်နေ့သင်တန်းများ၊ အဝေးသင်သင်တန်းများ ပြန်ဖွင့်မည့်အချိန်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက တစ်စုံတစ်ရာညွှန်ကြားလာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။သို့သော်လည်း တက္ကသိုလ်များ၏ လုပ်ငန်းစဉ်အချို့မှာ စတင်အသက်ဝင် လှုပ်ရှားလာနေပြီ ဖြစ်သည်။ ထားဝယ်တက္ကသိုလ်တွင် ပထမနှစ်ဝက် အဖြေလွှာများကို ဇွန်လ ပထမအပတ်မှ စတင်လုပ်ဆောင်နေပြီး ထားဝယ်အဝေးသင်ဌာနတွင်လည်း ဘွဲ့ထောက်ခံစာများ စထုတ်ပေးလျက် ရှိသည်။ အဝေးသင်ပညာရေးကို အွန်လိုင်းမှ သင်ကြားရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသော်လည်း လက်တွေ့သင်တန်းများရှိသည့် သိပ္ပံတွဲဘာသာရပ်များအတွက်မူ အွန်လိုင်းစနစ်မှာ စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထား သည်။ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) တွင်လည်း ကျောင်းမဖွင့်မီ ကွန်ပျူတာပညာရပ်ဆိုင်ရာ ရက်တိုသင်တန်းပို့ချရန် စီစဉ်နေကြောင်း […]

နယ်စပ်ဒေသလူငယ်ဖွံ့ ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားလေးဆယ်ခန့် လက်ခံရန် လျာထား

diz_admin

June 15, 2020

ထားဝယ်မြို့ ကြက်စားပြင်တွင် အသစ်ဆောက်လုပ်ထားသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသား ၄၀ ဦးခန့် လက်ခံရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ကျောင်းသား ၁၆၀ ဦးခန့် လက်ခံရန်လျာထားသော်လည်း ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ကာ ယခု နှစ်တွင် ပဉ္စမတန်းကျောင်းသား ၂၀ ဦး နှင့် ဆဋ္ဌမတန်းကျောင်းသား ကျောင်သား ၂၀ ဦးခန့်ကို စတင်လက်ခံရန်လျာထားသည်ဟု အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းတန်က ပြောသည်။ “ရုံးချုပ်ကို ခွင့်ပြုချက်တင်ထား ပြီးပြီ။ ရုံးချုပ်က ခွင့်ပြုချက်ရတာနဲ့ ဖွင့်ဖို့ စီစဉ်မှာပါ၊ ခုချိန်ထိတော့ ညွှန်ကြားချက် မလာသေးဘူး” ဦးသောင်းတန်က ပြောသည်။ တိုင်းအတွင်း ဒေသအသီးသီးမှ မိဘနှစ်ပါးလုံး မရှိသူ၊ အမိမဲ့၊ အဖမဲ့၊ မိဘနှစ်ပါးလုံးရှိသော်လည်း […]

ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်ရန်ပြင်

diz_admin

June 15, 2020

တိုင်းအတွင်းရှိ ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်းထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် တောင်းယူထားသည့် လူဦးရေစာရင်းကို ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ နေ့စားလပေး ခန့်ထားသည့် ရုံးဝန်ထမ်းများ၏ လက်ရှိ လူဦးရေစာရင်း၊ အလုပ်ထွက်သွားသူ ဦးရေစာရင်း၊ ကျန်ရှိသည့် လူဦးရေစာရင်းနှင့် ဧပြီလထိ လစာထုတ်သူစာရင်း စသည့်အချက်အလက်များကို ရုံးချုပ်မှ တောင်းခံသဖြင့် စာရင်းပြုစုကာ ပေးပို့ထားပြီးဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ “ဒါပေမယ့် မကြာမီလာမည် မျှော် ပေါ့” ဟု ဒေါ်မြင့်စိန်က ဆိုသည်။ပညာရေးဌာနတွင် နေ့စားလပေးအဖြစ် ရုံးစာရေး၊ ရုံးအကူ၊ သိပ္ပံအကူ၊ သန့်ရှင်းရေး၊ ညစောင့်တာဝန်များ ထမ်းဆောင်နေသည့် နေ့စားလပေးရုံး ဝန်ထမ်း ၁၉၀ ဦးခန့်ကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေါ်မြင့်စိန်က ပြောသည်။ အခြေခံပညာ […]

မိဘ/အုပ်ထိန်းသူ တစ်ဦးတည်းသာ ကျောင်း ကြို/ပို့လုပ်ရမည်

diz_admin

June 15, 2020

ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ကျောင်းအကြို/ အပို့ ပြုလုပ်ရာတွင် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးတည်းသာ သီးသန့် ကြို/ပို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောင်းအကြို/အပို့ လုပ်မည့်သူအားလုံးကို စာရင်းကောက်ယူကာ ဖုန်းနံပတ်ယူထားမည်ဖြစ်ပြီး စာရင်းပေးထားသည့် မိဘ သို့မဟုတ် အုပ်ထိန်းသူကသာ ကျောင်းအကြို/အပို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ “တခြားလူရဲ့လာပို့ရင် တစ်ခြား လူကနေ ရောဂါကူးတာတွေ ဖြစ်မှာစိုးလို့၊ နောက်တစ်ခုက ဒီကလေးနဲ့ပက်သက်တဲ့ အကြောင်းအရာကို လာပို့တဲ့သူကိုပဲ ဆက်သွယ်ပြီး ပြောမယ်” ဟု ဒေါ်မြင့်စိန် က ပြောသည်။ ကျောင်းသား၊ မိဘ၊ ဆရာများအနေဖြင့် ကျောင်းသို့ မလာမီ၊ ကျောင်းတက်နေစဉ်နှင့် ကျောင်းလွှတ်ချိန်များတွင် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို […]