BREAKING
September 19, 2024

ပညာေရး

ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း စာရင်းကောက်

diz_admin

July 7, 2020

တည်ထောင်ဖွင့်လှစ်ခွင့် မှတ်ပုံတင်ဖြင့် ဖွင့်လှစ်ထားသည့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၏ စာရင်းကောက်ယူကာ အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရန် ဇွန်လ ၂၉ ရက်နေ့က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ “အရင်တုန်းက ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းကိစ္စကို ရုံးချုပ်ကနေ တစ်ခါမှ မေးတယ်ဆိုတာ မရှိဘူး။ ဖွင့်လှစ်ခွင့်ပြုဖို့လား ဘာလားဆိုတာတော့ မပြောတတ်ဘူး။ စာရင်းတွေတော့ တောင်းထားတယ်” ဟု အထက်ပါဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘကကျောင်း များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဇူလိုင် ၂၁ ရက်မှ စတင်၍ အထက်တန်းအဆင့်ကို ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းနှင့် ကျူရှင်များကို တရားဝင်ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေးကြောင်း ဦးအောင်စိုးက ဆိုသည်။ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် […]

ကျောင်းဖွင့်အမီ ကိုဗစ်စည်းကမ်းချက်များနှင့် ညီ၊ မညီ စစ်ဆေးမည်

diz_admin

July 7, 2020

အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဌာနက ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ထား ခြင်းရှိ၊ မရှိကို တိုင်း၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးရုံးတို့က ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ စာသင်ခန်းများကို အများဆုံး ကျောင်းသားဦးရေ ၂၀ ဦးအတွက် ပြင်ဆင်ခြင်း၊ လက်ဆေးစင်၊ ရေရရှိမှု၊ ဆရာ၊ ဆရာမ အင်အား အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “ဇူလိုင်လ ၁၀ ရက်နောက်ပိုင်း လောက်ကျရင်တော့ ခရိုင်၊ မြို့နယ်၊ တိုင်းအားလုံလေ ဆင်းစစ်ပြီးတော့ ကြီးကြပ်ပေးမယ်ပေါ့။ လိုအပ်ချက်က ဘာတွေရှိမလဲဆိုတာ ကြည့်မယ်ပေါ့” ဟု ၎င်းက ပြောသည်။ ကျောင်းသားများကို ခြောက်ပေခွာပြီး စာသင်ကြားရမည်ဖြစ်သောကြောင့်၊ ဆရာအင်အားလိုအပ်ချက်နှင့် စာသင်ခန်း လိုအပ်ချက်က အဓိက အခက်အခဲဖြစ်နေကြောင်း […]

ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါးခန့်လျာထား

diz_admin

July 6, 2020

ယခုပညာသင်နှစ်တွင် တနင်္သာရီတိုင်းရှိ အခြေခံကျောင်းများတွင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါး (၄၉၂ ဦး) ခန့်ထားရန် လျာထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ဝိဇ္ဇာ၊ သိပွံရိုးရိုးဘွဲ့ရ ၂၁၆ ဦးကို မူလတန်းပြ၊ ဂုဏ်ထူးတန်းဘွဲ့ရ ၁၉၂ ဦးကို အလယ်တန်းပြ၊ မဟာဘွဲ့ရ ၈၄ ဦးကို အထက်တန်းပြအဖြစ် ခန့်ထားရန် လျာထားကြောင်း အထက်ပါရုံးစာရင်းအရ သိရသည်။ KG+၁၂ (ဆယ်နှစ်တန်း ပညာရေး စနစ်သစ်) ကို အကောင်အထည်ဖော်ရာတွင် ဆရာလိုအပ်ချက် ရှိလာသဖြင့် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ခန့်အပ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဘယ်အချိန်ကို ခေါ်မယ်ဆိုတာကိုတော့ ရုံးချုပ်က မညွှန်ကြားသေးဘူး။ သူက သတင်းစာကနေ ခေါ်မှာဆိုတော့ လျှောက်မယ့်သူတွေကတော့ သတင်းစာကို […]

အခြေခံကျောင်းသားများ အမည် နှင့် မွေးသက္ကရာဇ်ပြောင်းကိစ္စ ဖြေလျှော့ပေး

diz_admin

July 1, 2020

ယခုပညာသင်နှစ်မှစပြီး အခြေခံ ကျောင်းသားများနှင့် မိဘများ၏ အမည်ပြောင်း၊ မွေးသက္ကရာဇ်ပြောင်းခြင်းများကို အခြေခံပညာဦးစီးဌာနက ဖြေလျှော့ပေးလိုက်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ ယခင်က အမည်ပြောင်းလျှောက်လွှာများကို အခြေခံပညာဦးစီးဌာနအထိ တင်ပြရပြီး ယခုဖြေလျှော့ပေးချက်အရ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင်ပင် ယင်းကိစ္စကို ဆောင်ရွက်နိုင်လာမည် ဖြစ်သည်။ ယင်းအပြင် ယခင်က အမည်ပြောင်း လျှောက်လွှာနှင့်အတူ တင်ပြနေရသော ရဲစခန်းထောက်ခံချက်ကိုလည်း တင်ပြရန် မလိုတော့ကြောင်း သိရသည်။ မွေးသက္ကရာဇ်ပြောင်းခြင်းကိုမူ အခြေခံပညာဦးစီးဌာနအထိ တင်ရမည်ဖြစ်သော်လည်း ယခင်က တင်ပြနေရသည့် အချက်များအနက် အချို့အချက်များကို ပြင်ဆင်ဖြေလျော့မှုပေးထားသည်ကို တိုင်းပညာရေးမှူးရုံးထံ ညွှန်ကြားစာများအရ သိရသည်။ ယခင်က မွေးသက္ကရာဇ်ပြောင်းရာတွင် မိဘတစ်ဦး၏ ထောက်ခံချက်နှင့် အခြားမိဘတစ်ဦး၏ ထောက်ခံချက်တို့ကိုပါ တင်ပြရမည့်အစား ကျောင်းအုပ်က လက်မှတ်ရေးထိုးထားသော ကျောင်းဝင် မှတ်ပုံတင်(ခ) စာရင်းကိုသာ တင်ပြရမည်ဖြစ်ကြောင်း […]

နဝမတန်း (ပြင်ပဖြေ) စာမေးပွဲ ဇူလိုင် ၂၁ ရက် ကျင်းပမည်

diz_admin

July 1, 2020

အခြေခံပညာ နဝမတန်း(ပြင်ပဖြေ) စာမေးပွဲကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်နေ့အထိ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အဆိုပါ စာမေးပွဲကို နှစ်စဉ် မေလအတွင်း ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင် ၂၁ ရက်သို့ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင်က ပြော သည်။ “တကယ်ဆို ၅ လပိုင်းမှာ ဖြေရတာ၊ အဲ့ဒီကနေပြီးတော့ ကိုဗစ်ဖြစ်ပြီးတော့ ရက်တွေ ပြောင်းပြောင်း ပြောင်းနဲ့ အခု ဇူလိုင်ရောက်လာတာပေါ့” ဟု ဒေါ်မေစန္ဒာလွင်က ဆိုသည်။ စာမေးပွဲခန်းတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာထားရှိကာ အခန်းတစ်ခန်းတွင် လူဦးရေ ၂၀ နှုန်းဖြင့် ဖြေဆိုရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထားဝယ်ခရိုင်တွင် […]

တနင်္သာရီတိုင်းရှိ အခြေခံကျောင်း တစ်ဝက်ခန့်သာ ပုံမှန်အတိုင်း ပြန်ဖွင့်မည်

diz_admin

June 23, 2020

တနင်္သာရီတိုင်းရှိ အခြေခံပညာကျောင်း တစ်ဝက်ခန့်ကိုသာ ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်နိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းများသည် အသုတ်ခွဲစနစ်ဖြင့် ပြန်ဖွင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ အောင်စာရင်းထုတ်ပြန်ပြီးသော အခြေခံကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်ရာ တနင်္သာရီတိုင်းတွင် ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၃၁၁ ကျောင်းအနက် ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်နိုင်မည့် ကျောင်းမှာ ၅၆၉ ကျောင်းသာရှိပြီး ကျန် ၇၄၂ ကျောင်းမှာမူ အသုတ်ခွဲပြီး ကျောင်းတက်ရမည် ဖြစ်သည်။ အသုတ်ခွဲကျောင်းတက်ရမည့် ကျောင်းများအနက် တစ်ပတ်ခြား ပြန်ဖွင့်မည့်ကျောင်းမှာ ၄၄၈ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် ၂၂၄ ကျောင်း၊ တစ်ပတ်ခြား သုံးသုတ်တက် ၇၀ ကျောင်း စသည်ဖြင့် ၇၄၂ ကျောင်း ရှိသည်။ အတန်းတစ် […]