BREAKING
September 19, 2024

ပညာေရး

Grade-11 သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာခွင့်ပြုမည်

diz_admin

August 4, 2020

Grade-11 (ဒသမတန်း) သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာ ပြောင်းလဲဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက တိုင်းပညာရေးမှူးရုံးသို့ ဇူလိုင်လ ၂၄ ရက်နေ့က အကြောင်းစာပေးပို့ထားသည်။ ဒသမတန်းသင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ပင်ရင်းဘာသာရပ် သုံးခုနှင့် စိတ်ကြိုက်ဘာသာရပ် သုံးခုပါဝင်သော ဘာသာတွဲရှစ်တွဲဖြင့် စစ်ဆေးကျင်းပမည်ဖြစ်ပြီး မိမိတို့ စိတ်ပါဝင်စားသည့် ဘာသာတွဲအား ရွေးချယ်သင်ယူခွင့် ရှိကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ဘာသာတွဲ ရှစ်တွဲအနက် တစ်ခုခုကို ရွေးချယ်ဖြေဆိုရန် လျှောက်လွှာတင်သွင်းပြီးသော ဘာသာတွဲမှ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုလိုပါက ကြိုတင် လျှောက်ထားရမည်ဖြစ်သည့်အပြင် တစ်ကြိမ်သာ ပြောင်းလဲဖြေဆိုခွင့်ပြုမည် ဟု ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာတွဲပြောင်းလဲဖြေဆိုခွင့်ကို ယခင်ကတည်းက ခွင့်ပြုပေးထားသော်လည်း အထက်ပါညွှန်ကြားစာကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်သည်ကိုမူ မသိရကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ […]

မွန်ရှိ တိုင်းရင်းသားလူမျိုးများအကြောင်း သင်ကြားမည်

diz_admin

July 28, 2020

မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ယခုပညာသင်နှစ်မှစကာ အစိုးရစာသင်ကျောင်းများတွင် သင်ကြားသွားမည်ဟု သိရသည်။ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုအကြောင်းကို ငယ်စဉ်ကတည်းက လေ့လာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် သင်ရိုးညွှန်းတမ်း ရေးဆွဲခဲ့ကာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စတင်သင်ကြားသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။ “သင်ရိုးညွှန်းတမ်းကတော့ အဓိက ကိုယ့်ရဲ့ဒေသက တိုင်းရင်းသားလူမျိုး တွေအကြောင်း ကိုယ့်ဒေသအကြောင်းတွေ ကိုယ့်ပြည်နယ်အကြောင်းကို ကလေးတွေကို ရုပ်ပုံလေးတွေနဲ့ သင်ပေးတာ ပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။ သင်ရိုးညွှန်းတမ်းတွင် မွန်၊ ကရင်၊ ဗအိုဝ်း၊ ဗမာတိုင်းရင်းသားလူမျိုးဆိုင်ရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ အထိမ်းအမှတ်သင်္ကေတ၊ အခေါ်အဝေါ်များအပြင် မွန်ပြည်နယ်အကြောင်း အထင်ကရ နေရာများ၊ သဘာဝအရင်းအမြစ်၊ […]

အားလုံး တန်းတူ ကျောင်းတက်လိုပါသည်

diz_admin

July 27, 2020

အထက်တန်းကျောင်းသား တစ်သောင်းခွဲ ကျောင်းနှင့် ဝေးဆဲ ကိုဗစ်ကာလတွင် ကျောင်းဖွင့်ရသည်မှာ သာမန် အချိန်နှင့်မတူသည်ကို သူလက်ခံထားသည်။ အလုပ်ရှုပ်မည် စိတ်ရှုပ်ရမည်ကိုလည်း သူကြိုတွက်ထားပြီးသား ဖြစ်သည်။ ကိုဗစ်ကာလအတွင်းဖြစ်နေသော်လည်း ဇူလိုင်လ ၂၁ ရက်တွင် အထက်တန်းကျောင်းများဖွင့်ရမည်ဆိုသောကြောင့် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်းအုပ် ဒေါ်အေးအေးလွင်တစ်ယောက် အလုပ်များရတော့သည်။သို့သော် သူက ကျောင်းဆရာမ တစ်ယောက်မဟုတ်လား။ ကျောင်းဆရာမတစ်ယောက်ဆိုသည်ထက် ကျောင်းအုပ်ဆရာမ တစ်ယောက်ဖြစ်နေသဖြင့် တစ်ကျောင်းလုံးက ကိစ္စအဝ၀ကို ကျောင်းမဖွင့်ခင်ကတည်းက သူစီမံရမည့်တာဝန်က ရှိနေသေးသည်။ ထိုကြောင့် သူစိတ်ညစ်သော်လည်း ကြိုပြင်ဆင်စရာရှိသည်ကို သူတတ်နိုင်သလောက် ကြိုပြင်ထားလိုက်သည်။ “စိတ်ညစ်တယ်ဆိုလည်း ဘယ်တတ် နိုင်မလဲ။ ကျွန်မတို့တာဝန်ပဲကိုလေ” ဟု ဒေါ်မိုးမိုးလွင်က ဆိုသည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ သို့သော် အမှန်တကယ် ဇူလိုင်လ ၂၁ ရက် ကျောင်းဖွင့်သောအခါ […]

အွန်လိုင်းပညာရေးအပေါ် ကျောင်းသားများ၏ သဘောထား စစ်တမ်းကောက်

diz_admin

July 27, 2020

တက္ကသိုလ်များတွင် အွန်လိုင်းမှ ပို့ချရန် စီစဉ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ၏ သဘောထား စစ်တမ်းတစ်ခုကို အွန်းလိုင်းမှတဆင့် ကောက်ခံနေကြောင်း ယင်းတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာခင်အေးသန်း က ပြောသည်။ အွန်လိုင်းမှ ပို့ချပါက ကျောင်းသားများအတွက် မည်သည့်အခက်အခဲများ ရှိနေသည်ကို သိရှိနိုင်ရန်နှင့် ယင်းအခက်အခဲများကို မည်သို့ဖြေရှင်းမည်ကို သိနိုင်ရန်အတွက် သဘောထား စစ်တမ်းကောက်ခြင်းဖြစ်ကြောင်း ဒေါက်တာခင်အေးသန်းက ပြောသည်။ “ကျောင်းသားတွေမှာရှိတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း သိချင်လို့ပါ။ အဲလို သိရပြီဆိုရင် သူတို့ကို ဘယ်လိုမျိုးဖြေရှင်းပေးလို့ရှိရင် အဆင်ပြေမလဲပေါ့။ အဲတာလေး သိချင်တာပေါ့လေ၊ အဓိကကတော့” ဟု ၎င်းက ဆိုသည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ အဆိုပါ သဘောထားစစ်တမ်းကို ဇူလိုင်လ တတိယအပတ်မှ စတင်ကောက်ယူနေခြင်းဖြစ်ကြောင်း ထားဝယ်ကွန်ပျူတာ တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ […]

မသန်စွမ်းကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေး ပေးမည်

diz_admin

July 21, 2020

အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများကို ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ပညာသင်ထောက် ပံ့ကြေးပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ မသန်စွမ်းကျောင်းသူ ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက စာရင်းတောင်းယူထားသော်လည်း တစ်ဦးလျှင် ငွေကြေးမည်မျှ ထောက်ပံ့ပေးမည်ကိုမူ မသိရသေးကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။ “သူတို့တွေ ပုံမှန်ကလေးတွေနဲ့ယှဉ် ပြီးတော့မှ ပညာသင်ယူတဲ့အခါကျတော့ သူတို့မိဘတွေအနေနဲ့ ဖြည့်ဆည်း မပေးနိုင်တဲ့ အတွက်ကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်အား ငယ်နေရမယ်လေ။ တခြားလူတွေနဲ့ ယှဉ်ရင်၊ အဲတော့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးတဲ့သဘော၊ သူတို့ရဲ့အခက်အခဲတွေကို အမှန်တကယ်လိုအပ်လို့ ဖြည့်ဆည်းပေးတဲ့ သဘောနဲ့ ထောက်ပံ့ပေးတဲ့ သဘောဖြစ်မှာပေါ့နော်” ဟု ဦးအောင်စိုးက ပြောသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည် ပြီးခဲ့သည့် […]

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည်

diz_admin

July 21, 2020

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်သင် ကျောင်းသူ ကျောင်းသားများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အပြင် ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်တို့ကိုပါ ထောက်ပံ့ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်များက မူလတန်းကျောင်းသူ ကျောင်းသားများကိုသာ ဗလာစာအုပ်တစ်ဒါဇင် ထောက်ပံ့ပေးခြင်းရှိသော်လည်း ယခု ပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ ကျောင်းသားများကိုပါ ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ယခုပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများကို ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ၊ ဘောပင်များကိုပါ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း MRTV-4 သတင်းဌာနတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ဖြေကြားထားသည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ […]