BREAKING
September 19, 2024

ပညာေရး

တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်း ခွင့်ပြုချက်မရှိဘဲ မထုတ်ပြန်ရ

diz_admin

August 11, 2020

တက္ကသိုလ်ဝင်အောင်ချက် ရာခိုင်နှုန်းများကို အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ထုတ်ပြန်ခွင့် မပြုတော့ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ တစ်နိုင်ငံလုံးမှ တက္ကသိုလ်ဝင် အောင်ချက်ရာနှုန်းများကို အခြေခံပညာ ဦးစီးဌာနက တွက်ချက်အတည်ပြုပြီး ထုတ်ပြန်ပေးမှာသာလျှင် သက်ဆိုင်ရာ ကျောင်းအသီးသီးက ထုတ်ပြန်ရမည်ဖြစ်ကြောင်း အထက်ပါရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင်က ပြောသည်။ တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်း ရှစ်နှစ်အတွင်း အောင်ချက်ရာနှုန်းအနည်းဆုံး အဆိုပါတားမြစ်ချက်ထဲတွင် အစိုးရပိုင်ကျောင်း၊ ဘုန်တော်ကြီးသင် ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင် ဘာသာရပ်သင် သင်တန်း (ဘော်ဒါ) များအားလုံးအကျုံးဝင်မည်ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်နီးအချိန်တွင် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခင်ကမူ သက်ဆိုင်ရာကျောင်းများက ကိုယ့်ဘာသာတွက်ချက်ပြီး အောင်ချက်ရာနှုန်းကို ထုတ်ပြန်လေ့ရှိသည်။ ယင်းကဲ့သို့ ထုတ်ပြန်ရာတွင် အချို့သော ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါ၊ အစိုးရကျောင်း စသည့်တို့သည် […]

တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်း ရှစ်နှစ်အတွင်း အောင်ချက်ရာနှုန်းအနည်းဆုံး

diz_admin

August 10, 2020

ကိုဗစ်ကာလအတွင်း ထုတ်ပြန်လိုက်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် တနင်္သာရီတိုင်း၏ အောင်ချက်ရာခိုင်နှုန်းမှာ ရှစ်နှစ်အတွင်း အနည်းဆုံးဖြစ်သည်။ ဖြေဆိုသူ နှစ်သောင်းကျော် (၂၃၆၈၆ ဦး) အနက် ခုနစ်ထောင်နီးပါး (၆၇၆၈ ဦး) အောင်မြင်ခဲ့ပြီး အောင်ချက်ရာနုန်း ၂၈ ဒသမ ၅၇ ရာနှုန်းသာရှိသည်။ ကွမ်းသမားနှင့် ကိုဗစ် ယခုနှစ်အတွက် တက္ကသိုလ်ဝင် အောင်ချက်ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိရာ တနင်္သာရီတိုင်း၏ အောင်ချက်သည် တစ်နိုင်ငံလုံးပျမ်းမျှ ရာခိုင်နှုန်းထက်လည်း နည်းပါးခဲ့သည်။ တိုင်းနှင့် ပြည်နယ်အလိုက် အောင်ချက်အကောင်းဆုံးမှာ မန္တလေးတိုင်းဒေသကြီးက ၃၇ ရာခိုင်နှုန်းကျော်ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးက ၃၅ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယ၊ မွန်ပြည်နယ်က ၃၄ ရာခိုင်နှုန်းကျော်ဖြင့် တတိယဖြစ်သည်။ စာမေးပွဲဖြေဆိုသူ ကိုးသိန်းကျော် […]

ပညာရေးတက္ကသိုလ်တက်မယ်

diz_admin

August 10, 2020

မခိုင်ဝတ်ရည်ထွန်း (တစ်နိုင်ငံလုံး အမှတ်အများဆုံး စာရင်းဝင်) မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဝိပ္ပံတွဲတွင် စုစုပေါင်း ရမှတ် ၄၉၅ မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ဆယ်ဦး စာရင်းဝင်သော လေးဘာသာဂုဏ်ထူးရှင် မခိုင်ဝတ်ရည်ထွန်းနှင့် တနင်္သာရီအပတ်စဉ် ဆက်သွယ်မေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။ မခိုင်ဝတ်ရည်ထွန်းသည် မောင်နှမလေးဦးတွင် အကြီးဆုံးဖြစ်ပြီး သင်္ချာ၊ ဓာတု၊ ရူပနှင့် ဘောဂဗေဒ တို့တွင် ဂုဏ်ထူးထွက်ခဲ့ခြင်းဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် “အောင်စာရင်းမထွက်ခင်တုန်းကတော့ ဂုဏ်ထူးငါးဘာသာလောက်တော့မှန်းထားတာပေါ့နော်။ အခုထွက်လာတော့ လေးခုနဲ့ Top Ten (တစ်နိုင်ငံလုံး အမှတ်အများဆုံး စာရင်းဝင်) ဝင်တယ်ဆိုတော့ ဂုဏ်ထူးကတော့ မှန်းထားသလောက် မရဘူးဆိုပေမဲ့ Top Ten မှာလည်းဝင်တယ်ဆိုတော့ ကိုယ်မှန်းထားတာထက် အောင်မြင်တယ်ပေါ့နော်။ မှန်းထားထက်ကို ပိုနေတယ်။ […]

ကိုဗစ်ကာလ ကျောင်းဖွင့်ရက်များ၏ အခြားဘက်မျက်နှာစာ

diz_admin

August 5, 2020

မကြာမီတွင် နေသားတကျအခြေအနေသို့ ရောက်ရှိလာတော့မည့် ကိုဗစ် ကာလကျောင်းဖွင့်ရက်များ၏ နောက်ကွယ်တွင် မြုပ်နေသည့်အကြောင်းအရာအချို့ ရှိနေပါသေးသည်။ နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာ (Face Shield) တို့ ဝတ်ဆင်ပြီးမှ ကျောင်းသို့လာရောက်ရသည်မှာ ဆရာ၊ ဆရာမများအတွက်ရော၊ ကျောင်းသား၊ ကျောင်းသူများအတွက်ပါ အစောပိုင်းရက်များတွင် အဆင်မပြေလှပေ။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ ဆရာ၊ ဆရာမများဆိုလျှင် စာသင်ပြီဆိုလျှင် အသံသည် ရှေ့သို့မရောက်ဘဲ မိမိအနားတွင်သာ ပျံဝဲနေသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ပို၍လည်း ကျယ်ကျယ်အော်ရသည်။ “ပထမဆုံး တစ်ရက်နှစ်ရက်ဆိုရင် ဆရာမတွေ တော်တော်များများက စာသင်ချိန်မှာကို အဆင်မပြေဘူးပေါ့နော်။ စိတ်က ကိုယ်ပြောသံကြီး ကိုယ်ပြန်ကြား နေရတယ်ဆိုတာမျိုးဖြစ်နေတယ်ပေါ့နော်။ ခြောက်ပေအကွာနဲ့ သင်ရတော့ အသံကလည်း နှစ်ဆကူရတယ်” ဟု ထားဝယ်မြို့၊ အ.ထ.က (၁)မှ အထက်တန်းပြ ဆရာမတစ်ဦးက […]

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း သြဂုတ် ၉ ကြေညာမည်

diz_admin

August 4, 2020

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် သြဂုတ်လ ၉ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ခွင့်စာမေးပွဲ အောင်စာရင်းကို သတင်းစာနှင့် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တို့မှ တစ်ဆင့်အသိပေးထုတ်ပြန်မည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများသို့ အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ အခြေခံပညာကျောင်းများ၌ အောင်စာရင်းကပ်ချိန်တွင် လူစုလူဝေး မဖြစ်ပေါ် စေရန် တစ်ဦးနှင့် တစ်ဦး ၆ ပေ ခြားစီ တန်းကြည့်ရှုနိုင်ရန်အတွက် လိုအပ်သလို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အောင်စာရင်းထုတ်ပြန်ရန်အတွက် အရေးကြီးစာရွက်စာတမ်းများလာယူရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလာခြင်းမရှိသေးကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “အခုက ကိုဗစ်ကာလကြောင့်မို့ သွားယူစရာမလိုပြီလား။ […]

အခြေခံကျောင်းများတွင် ထားဝယ်စာသင်ကြားရေး အဆင့်လေးဆင့် ဖြတ်ရန် ကျန်

diz_admin

August 4, 2020

ထားဝယ်စာပေအား အခြေခံပညာ မူလတန်းအဆင့်တွင် သင်ကြားနိုင်ရန်မှာ အဆင့်လေးဆင့်ကို ဖြတ်ရန်ကျန်နေသေးကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီထံမှ သိရသည်။ မူလတန်းအဆင့်ဖြစ်သော KG ၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် သင်ကြားမည့် ထားဝယ်စာဖြင့် ရေးသားထားသော ဒေသန္တရ သင်ရိုးညွန်းတမ်းသည် ယခင် အစိုးရလက်ထက်ကတည်းက ရေးဆွဲထားခြင်းဖြစ်ကြောင်း အထက်ပါကော်မတီအတွင်းရေးမှူး ဦးတင့်လွင်က ပြောသည်။ ဆိုပါသင်ရိုးညွန်တမ်းပါစာများကို ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သဒ္ဒါပိုင်း ပြင်ဆင်ပြီး တိုင်းအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ‌‌ဒေသန္တရသင်ရိုးညွန်းတမ်း ပြုစုရေးကော်မတီသို့ တင်ပြထားကြောင်း ၎င်းက ပြောသည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု သဒ္ဒါပိုင်းပြင်ဆင်ပြီး တင်ပြထားသည်တို့ကို ကန့်ကွက်ရန်မရှိကြောင်း ‌‌ဒေသန္တရသင်ရိုးညွန်းတမ်း ပြုစုရေးကော်မတီ ဥက္ကဋ္ဌဝန်ကြီး ဦးဟိုပင်က ပြောသည်။ “တို့ဘက်ကတော့ ကန့်ကွက်ရန် မရှိဆိုပြီး ပြောလိုက်ပြီးပြီ” […]