BREAKING
September 16, 2024

ပညာေရး

ထားဝယ်တက္ကသိုလ် ကျောင်းဖွင့်ပထမရက် ကျောင်းတက်သူမရှိ

diz_admin

January 7, 2022

ထားဝယ်တက္ကသိုလ်၌ ပထမဆုံး ကျောင်းဖွင့်ရက်တွင် ကျောင်းတက်သူမရှိကြောင်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့မှစပြီး တက္ကသိုလ်အားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်ကြောင်း ကြေညာခဲ့သော်လည်း အထူးပြုဘာသာရပ်အချို့ကိုသာ သင်ကြားနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ထားဝယ်တက္ကသိုလ်တွင် ၂၀၁၈-၁၉ ပညာသင်နှစ် (ဒုတိယနှစ်ဝက်ပညာသင်နှစ်) အတွက် ဥပဒေပညာ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော်ခန့် ကျောင်းတက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းဥပဒေပညာကျောင်းသား၊ ကျောင်းသူများမှာ အာဏာမသိမ်းမီ ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်များ စပိတ်ချိန်ကတည်းက ကျောင်းအပ်ထားကြသူများဖြစ်ကြောင်း ဥပဒေကျောင်းသူတစ်ဦးက ရှင်းပြသည်။ “သိရသလောက် (ကျောင်းဖွင့်ပထမနေ့) ဘယ်သူ့မှ ကျောင်းသွား မတက်ကြဘူး။ နောက်ပိုင်းဆိုရင်တော့ မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။ တက္ကသိုလ်စဖွင့်နေ့ ကျောင်းတက်ရောက်မူအခြေအနေအား အတည်ပြု မေးမြန်းနိုင်ရန် ထားဝယ်တက္ကသိုလ်တာဝန်ရှိသူတို့ထံ ဒီဇင်ဘာလ […]

နိုဝင်ဘာ ၂၁ အထိ ကျောင်း အပ်လက်ခံမည် ဟုဆို

diz_admin

November 10, 2021

ယခုအကြိမ် အခြေခံ ပညာကျောင်းပြန်ဖွင့်ချိန်တွင် နိုဝင်ဘာ ၂၁ ရက်နေ့ အထိ ကျောင်းအပ် လက်ခံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံထံမှ သိရသည်။ စစ်ကောင်စီ လက်ထက် ဒုတိယ အကြိမ်အဖြစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ကျောင်းများ ပြန်ဖွင့်နေခြင်း ဖြစ်ပြီး တနင်္သာရီတိုင်းတွင် နိုဝင်ဘာလ ၉ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကျောင်းတက်နေသူ အခြေခံပညာကျောင်းသား ၄၆၀၀၉ ဦးရှိကြောင်း အထက်ပါ ဌာန၏ စာရင်းအရ သိရသည်။ မေလ ၂၄ ရက်မှ ဇူလိုင်လ ၈ ရက်နေ့အထိ ပထမ အကြိမ် ကျောင်းများဖွင့်လှစ်စဉ် တိုင်းအတွင်း ကျောင်းအပ်သူ တစ်သိန်းကျော် (၁၀၁၀၃၂) ရှိပြီး ကျောင်းတက်သူမှာ ရှစ်သောင်းနီးပါး (၇၉၈၁၈) ဦးရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ […]

မြိတ်တွင် အထက်တန်းကျောင်းရှေ့ ဗုံးပေါက်

diz_admin

November 6, 2021

မြိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးပေါ်ရှိ၊ အထက(၇)အထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၅ ရက်ည ၈ နာရီက ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ယင်းရပ်ကွက်နေပြည်သူများ ကပြောသည်။ “အသံလည်း တစ်အားမကျယ်ဘူး။ ပေါက်သွားတာက”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။ ယင်းသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲနှင့်စစ်သားများ ချက်ချင်းရောက်လာကာ ဦးမြတ်လေးလမ်းဆုံ၌ လမ်းသွားလမ်းလာများအား ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး အနီးအနားရှိ နေအိမ်တစ်ချို့ကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်သားများကပြောပြသည်။ “လူတွေဖမ်းဆီးသွားတာတွေတော့ မကြားရသေးဘူး”ဟု အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုတော့ မသိရသေးပေ။ ကျောင်းမတက်ကြရန် စာဖြန့်ဝေလှုပ်ရှားမှုများ မြိတ်မြို့ရှိ ကျောင်းများရှေ့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက် […]

မွန်တွင် ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းခန့်

diz_admin

November 3, 2021

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု ပြည်နယ်ပညာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ကျောင်းသား ကျောင်းသူ လေးသိန်းကျော်ရှိပြီး ယခုကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျောင်းလာတက်ကြသည်။ ကျောင်းစဖွင့်သည့် ပထမအပတ်တွင် ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူဦးရေနည်းနေသော်လည်း ဒုတိယအပတ်ခန့်တွင် ကျောင်းသား ကျောင်းသူဦးရေ တိုးလာနိုင်သည်ဟုလည်း ပညာရေးဝန်ထမ်းတို့က ခန့်မှန်းထားကြသည်။ “ကျောင်းတက်တဲ့ကလေးက နည်းတယ်၊ စစဖွင့်ချင်းမို့လို့လားတော့ မပြောတတ်ဘူး၊ တချို့ကလည်း စိုးရိမ်ကြလို့ ကလေးကို ပေးမတက်သေးတာလည်းရှိတယ်၊ တဖြည်းဖြည်း များလာမယ် ထင်တာပဲ” ဟု မြို့နယ်ပညာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြို့ပေါ်ရှိကျောင်းများထက် နယ်ဘက်ရှိကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသူကျောင်းသားဦးရေ ပိုများကြောင်း ကျောင်းဆရာ ဆရာမတို့ထံမှ သိရသည်။ ကျောင်းသားမိဘအချို့ကလည်း ကလေးလုံခြုံရေးအတွက် စိုးရိမ်ပြီး […]

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဖြန့်ဝေတော့မည်

diz_admin

January 27, 2021

၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဖြန့်ဝေတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ရန်ကုန်မှ သယ်ယူလာသော တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများမှာ မြို့နယ် ပညာရေးမှူးရုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီးပါက သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးကြည်ရှိန် က ပြောသည်။ “၁၀ တန်းရှိတဲ့ အထက်တန်း ကျောင်းတွေကို ကျောင်းအုပ်ကြီးကနေပြီးမှ သူတို့စာထွက်ထားတဲ့အချိန်မှာ ဘယ်အချိန်ဝေဆိုတာနဲ့ ကျောင်းအုပ်ကြီး ကိုယ်တိုင်ကနေပြီးတော့ အမှားအယွင်းမရှိအောင် သူတို့ဖောင်ကို ဖြန့်ပေးရမယ်” ဟု ဦးကြည်ရှိန်က ဆိုသည်။ ကျောင်းသားများလက်ဝယ်သို့ ဖြန့်ဝေပေးရမည့်ရက်ကို ထပ်မံကြေညာ ပေးမည်ဖြစ်ပြီး ကျောင်းသားများ လက်ဝယ်သို့ မဖြန့်ဝေမီ သက်ဆိုင်ရာမြို့နယ်နှင့် ကျောင်းများတွင် လျှိူ့ဝှက်လုံခြုံစွာ ထိန်းသိမ်းထားရမည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။ မိုးမြင့်

အလယ်တန်းကျောင်းများ ဖွင့်လှစ်ရေး စည်းကမ်းချက်ထပ်တိုး

diz_admin

August 17, 2020

တိုင်းအတွင်း အလယ်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းစိစစ်ရေး အဖွဲ့များကို ဖွဲ့စည်းကာ စစ်ဆေးရန် အတွက် တိုင်းပညာရေးမှူးရုံးတွင် ပြင်ဆင်လျက် ရှိသည်။ ယခင်အထက်တန်းကျောင်းများဖွင့် လှစ်ခဲ့စဉ်က စည်းကမ်းချက်အချက် ၈၀ အပြင် နောက်ထပ်တိုးလာသည့် စည်းကမ်းချက် နှစ်ဆယ်ကျော်ပါ ထပ်တိုးပြီး စစ်ဆေးရမည်ဖြစ်ကြောင်း အထက်ပါရုံး ဒုတိယညွန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင် က ပြောသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ထပ်တိုးအချက် နှစ်ဆယ်ကျော်အနက် အဓိကအချက်တစ်ခုမှာ သက်ဆိုင်ရာကျောင်းအုပ်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွန်ကြားသည့် စည်းကမ်းချက်များကို နေ့စဉ် ကြီးကြပ်ရမည်ဆိုသည့်အချက် ဖြစ်သည်။ အလယ်တန်းကျောင်းများ စဖွင့်မည့် အချိန်ကိုမူ တိတိကျကျ မသတ်မှတ်ထားသေးကြောင်း ၎င်းက ပြောသည်။ မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု တပ်ခွင့်ရတော့မည်လော “အထက်တန်းကျောင်းတွေ အားလုံး ဖွင့်ပြီးလို့ သုံးပတ်ခြားပြီးတာနဲ့ အလယ်တန်းကျောင်းတွေကိုဖွင့်မယ်” […]