BREAKING
September 16, 2024

ပညာေရး

NUG ၏ ပညာရေးအဖွဲ့ FOEIM မှ အထက်တန်းပြ ဆရာများခေါ်ယူ

diz_admin

May 13, 2022

လာမည့်ပညာသင်နှစ် ၂၀၂၂-၂၀၂၃ အတွက် အခြေခံပညာကျောင်းသားများကို သင်ကြားပေးရန် အထက်တန်းပြများ လျှောက်ထားနိုင်သည်ဟု မေလ ၁၂ ရက်တွင် FOEIM မှ ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ အခြေခံပညာ‌ရေးကို သပိတ်မှောက်ထားသော အထက်တန်းကျောင်းသားများအတွက် FOEIM မှ အစိုးရသင်ရိုးနှင့် GED သင်ရိုးကို ပေါင်းစပ်သင်ကြားသွားရန် ရည်ရွယ်ချက်ဖြင့် အထက်တန်းပြဆရာများကို ခေါ်ယူနေနေင်းဖြစ်သည်။ Free Online Educational Institution Myanmar-FOEIM သည် စဉ်ဆက်မပြတ် ကြားကာလပညာရေးကို Online မှတစ်ဆင့် အခမဲ့သင်ကြားနေပြီး ပညာရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေသော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။ “အရင်က volunteer(စေတနာ့ဝန်ထမ်း) ဆရာတွေကို အင်တာနက်ကြေး၊ ထောက်ပံ့ကြေး သ‌ဘောပေးတာ ရှိတယ်၊ အခု လစာပေးပြီးတော့ တရားဝင်စာချုပ်နဲ့ခေါ်တာ” ဟု FOEIM တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသော ဆရာမတစ်ဦးကဆိုသည်။ ရွေးချယ်ခံရသော ဆရာ၊ဆရာမများကို အတွေ့အကြုံရှိ ဆရာ၊ဆရာမများက လေ့ကျင့်ပေးမည်ဖြစ်ပြီး […]

PPTT တစ်နှစ်သင်တန်းကို ၂ လခွဲသာသင်ပြီး လက်ထောက်မူလတန်းပြများခန့်အပ်

diz_admin

May 4, 2022

ယခင်ကတစ်နှစ်တက်ရသည့် PPTT(လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း) ကို နှစ်လခွဲသာ တက်ခိုင်းပြီး သင်တန်းဆင်းများကို လက်ထောက်မူလတန်းပြများအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ PPTT အမှတ်စဉ်(၇/၂၀)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ၂ လခွဲကျော် သင်တန်းပေးပြီးနောက် အောင်မြင်သူများကို မေလ ၂ ရက်နေ့မှစ၍ လက်ထောက်မူလတန်းပြများ အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။ ယင်းသင်တန်းဆင်းများကို အခြေခံပညာကျောင်းများသို့ မေလ ၂ ရက်နေ့တွင် စတင်ခန့်ထားရာ ထားဝယ်ပညာရေးကောလိပ်မှ အောင်မြင်သူ ၁၀၆ ဦးပါဝင်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ (PPTT) အပတ်စဉ် (၇/၂၀)ကို ၂၀၂၀ […]

B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်

diz_admin

April 24, 2022

ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဆိုင်ရာ (B.Ed.) ဘွဲ့မရသေးသူ ဆရာ၊ ဆရာမများ တက်ရောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းတက်ရောက်ရန်အတွက် ယခင်နှစ်များကဲ့သို့ ဝင်ခွင့်ဖြေစရာမလိုဘဲ လုပ်သက်တန်းစီဇယားအရ သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိရမည်ဖြစ်သည်။ ယခင်နှစ်များတွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် သင်တန်း‌တက်ရောက်ရန်အတွက် လုပ်သက် ၅ နှစ်ပြည့်ပြီးသော အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်များ […]

CDM အခြေခံပညာကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်

diz_admin

April 9, 2022

စစ်ကောင်စီ၏ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့ကြသော CDM ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်လာကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ ကိုဗစ်ကြောင့် ကျောင်းတက်ခွင့်တစ်နှစ် ဆုံးရှုံးနစ်နာခဲ့သော မြန်မာနိုင်ငံမှ ကျောင်းသားများမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ၏ပညာရေးစနစ်ကို သပိတ်မှောက်ပြီး ကျောင်းဆက် မတက်ကြ သဖြင့် ပညာရေးရပ်တန့်မှုများနှင့် ကြုံတွေ့နေကြရသည်။ သို့သော် အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာချိန်တွင်တော့ မြန်မာနိုင်ငံမှ ကျောင်းသားများ ပညာဆက် လက်သင်ယူနိုင်မည့် အခွင့်အလမ်းသစ်များ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ အထက်တန်းအဆင့်တွင် ပညာရေးရပ်တန့်နေသူများမှာ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများဖြစ်သော IGCSE ၊ GED ၊ Cambridge စသည့် သင်ရိုးများကို လေ့လာကာ ဝင်ရောက်ဖြေဆို နိုင်ရေး လုပ်ဆောင်လာကြသည်။ သို့သော် ယင်းစာမေးပွဲများမှာ ငွေကုန်ကြေးကျ များနိုင်သည့်အတွက် ငွေကြေးတတ်နိုင်သူများက အဓိကသွားသည့် […]

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ သုံးပုံတစ်ပုံကျော်သာရှိ

diz_admin

April 1, 2022

စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်တွင် ကျောင်းသား၊ကျောင်းသူ သုံးပုံတစ်ပုံကျော်သာ ဝင်ရောက်ဖြေဆိုကြောင်း ပြည်နယ်ပညာရေးဌာနရှိ စာရင်းများအရ သိရှိရသည်။ ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် ဖြေဆိုသူ ၁၁၀၀၀ ကျော်သာရှိသည်။ “တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ဖြေတဲ့ကျောင်းသားအရေအတွက်က ဒီနှစ်နည်းတယ် ခါတိုင်းနှစ်တွေနဲ့စာရင် သုံးပုံပုံ တစ်ပုံလောက်ပဲရှိတယ်” ဟု ပြည်နယ်ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၄၆ ခု ရှိသည်။ မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် အခြေခံပညာကျောင်းများတွင် လုံခြုံရေးတင်းကြပ်ထားသည်ဟု ကျောင်းသားမိဘတို့ကဆိုသည်။ “လုံခြုံရေးတော့ တော်တော် တင်းကြပ်ထားတယ်၊ မိဘတွေကလည်း စိုးရိမ်တော့ သွားစောင့်နေရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ပညာရေးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်ကပ်ရောဂါ အခြေအနေနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်တန်းစာမေပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

စာမေးပွဲခန်းထဲ ကျောင်းသားများထိုင်နေချိန် ရေဖြူ အထက်တန်းကျောင်းတွင် အသံဗုံးပေါက်ကွဲ

diz_admin

April 1, 2022

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေသည့် ရေဖြူမြို့နယ် အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိနေစဉ် ယနေ့ (ဧပြီ ၁) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အသံဗုံးပေါက်ကွဲကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ စာစစ်ဌာနခြံဝင်းထထဲတွင်ဖြစ်ပြီး စာမေးပွဲမဖြေဆိုမီ ပေါက်ကွဲခြင်းဖြစ်ကာ အခန်းမှန်အချို့ ကွဲသွားသော်လည်း လူထိခိုက်မှု မရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆို ၉၉ ဦး ရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲခန်းထဲတွင် ထိုင်နေစဉ် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီလိုဟာမျိုးလုပ်တဲ့ကိစ္စကတော့ စိတ်မကောင်းဖြစ်တာပေါ့။ ခံစားရတယ်။ တို့လုပ်နေတဲ့ဟာသည် ကလေးတွေဘဝမြှင့်တင်ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ဒီကိစ္စကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲ ရှိလည်း […]