လုံခြုံဘေးကင်းသော စာသင်ကျောင်းအတွက် လမ်းညွှန်စာအုပ်ထုတ်ပြန်
diz_admin
January 22, 2020အခြေခံပညာကျောင်းများကို လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင် ကျောင်းဆောင်လုပ်ရာတွင် လုပ်ဆောင်ရ မည့် လမ်းညွှန်စာအုပ်ကို ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၅ ရက် က မိတ်ဆက်ထုတ်ပြန်ခဲ့သည်။ လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူများ ရုပ်ပိုင်းဆိုင်ရာအား ဖြင့်ဘေးကင်းပြီး စိတ်ပိုင်းဆိုင်ရာအား ဖြင့် လုံခြုံစိတ်ချရအောင် ဖန်တီးဆောက် လုပ်ထားသည့် စာသင်ကျောင်းများကို ဆိုလိုကြောင်း လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။ KG မှ တစ်ဆယ်နှစ်တန်း ပညာရေး သင်ရိုးအသစ်ကို ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေသည်။ ယင်းသင်ရိုးသစ်နှင့် ကိုက်ညီသည့် ကျောင်းဆောင်များလိုအပ်ချက်ရှိလာ သည့်အပြင် ကျောင်းသားဦးရေပါ တိုးလာနေသည့်အတွက်ကြောင့် ယင်းကျောင်း များကို ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ် ကြောင်း လေ့လာဆန်းစစ်အကဲဖြတ်ရေး အဖွဲ့ သုတေသနတာဝန်ခံ ဦးခင်အောင် က ပြောသည်။ […]