BREAKING
September 19, 2024

ပညာေရး

ထိုင်းနိုင်ငံတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းပေးမည်

diz_admin

February 11, 2020

ထိုင်းနိုင်ငံတွင် ဟင်းသီးဟင်းရွက် နှင့် သစ်သီး၀လံ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းတက်လိုပါက ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံစိုက် ပျိုးထုတ်လုပ်သူများအသင်းထံ ဆက်သွယ်နိုင်ကြောင်း ဦးဆောင်စီစဉ်နေသည့် တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံ မှ သိရသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုပါက ထားဝယ်မြို့တွင် ဖွင့်လှစ်ထား သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆိုင်ရာ သင်တန်းကျောင်းရှိ ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံစိုက်ပျိုးထုတ်လုပ်သူများအသင်းထံ ဆက်သွယ်နိုင်ကြောင်း တိုင်းကုန်သည်^ စက်မှုအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။ ထိုင်းနိုင်ငံတွင် မတ်လ ၂၄ ရက်မှ ၂၉ ရက်အထိ ၆ရက်ကြာ သင်ကြားပေးမည့် သင်တန်းသို့ သင်တန်းသား ၄၀ ဦး စေလွှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ သင်တန်းတက်ရောက်လိုသူများ၏ ပညာအရည်အချင်း၊ ကျားမ၊ အသက် အရွယ်ကို ကန့်သတ်ထားခြင်းမရှိဘဲ […]

အခြေခံပညာကျောင်းများတွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးရန် ညွှန်ကြား

diz_admin

February 11, 2020

တိုင်းအတွင်းရှိ အခြေခံပညာကျောင်း များတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွား သော အဆုတ်ရောင်ရောဂါနှင့် ပတ်သက် သည့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၄ ရက်က မြို့နယ်ပညာရေးမှူးရုံးများသို့ ညွှန်ကြား ထားကြောင်း တိုင်းပညာရေးမှူးရုံး (ပညာရေးရာဌာန) ထံမှ သိရသည်။ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်း လမ်းများ စသည့် အသေးစိတ်အချက် အလက်များကို ကျောင်းသူ၊ ကျောင်းသား များအား အသိပညာပေးရန် ဖေဖော်ဝါရီ လ ၃ ရက်က အခြေခံပညာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်က ညွှန်ကြားထားသည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော အဆုတ်ရောင်ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် အခြေခံပညာကျောင်း များနှင့် ညှိနှိုင်းဆောင်ရွက်ရန် အထက်ပါ […]

အခြေခံပညာကျောင်းဖွင့်ရက် ထပ်မံဖြေလျော့

diz_admin

February 11, 2020

ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ကျောင်းဖွင့်ရက်များကို ထပ်မံ ဖြေလျော့ပေးလိုက်ပြီ ဖြစ်ကြောင်း တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ကျောင်းဖွင့်ရက် ထပ်မံဖြေလျော့ ပေးချက်အရ (Grade-5) စတုတ္ထတန်း နှင့် (Grade-9) အဋ္ဌမတန်း စာမေးပွဲ များကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက်အထိ၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ကျန်အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ကို မတ်လ ၄ ရက်မှ ၁၀ ရက်အထိ တစ်ရက်နှစ်ဘာသာနှုန်းဖြင့် ကျင်းပမည် ဖြစ်ပြီး နှစ်ဆုံး စာမေးပွဲများပြီးပါက နွေ ရာသီကျောင်းပိတ်ပြီဖြစ်ကြောင်း ဒေါ်မြင့်စိန် က […]

ဆလုံစာသင်ရန်ဆရာ/ဆရာမများ လိုအပ်ပါက တင်ပြပါ

diz_admin

February 6, 2020

ဆလုံတိုင်းရင်းသား ကျေးရွာများ တွင် ဆလုံစာပေသင်ကြားရန် ဆရာ/ဆရာမလိုအပ်ကြောင်း ဒေသခံများက တင်ပြလာပါက ဆောင်ရွက်ပေးမည် ဟုတနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ဇန်နဝါရီလ၃၁ရက်တွင်ကျင်းပ သည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဘုတ်ပြင်းမဲဆန္ဒနယ်မှတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်မန်းဆွေ မြင့်၏ဆလုံစာကိစ္စနှင့်ဆရာ/ဆရာမ ခန့်ထားရေးကိစ္စ မေးမြန်းမှုကိုယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဆလုံစာပေသင်ရိုး စာအုပ်များကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရုံးသို့ တင်ပြထား ပြီးဖြစ် ကြောင်းဦးကျော်မင်းက ဖြေဆိုခဲ့သည်။ Dawei Watch

မတ်လအထိ ကျောင်းဖွင့်မည့်ကိစ္စ အခြေခံဆရာနှင့် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်း ဆန္ဒပြမည်

diz_admin

January 28, 2020

မတ်လအထိ ကျောင်းဖွင့်မည်ကို ကန့်ကွက်သည့်အနေဖြင့် ထားဝယ်ခရိုင်ရှိ အခြေခံ ဆရာ၊ ဆရာမအချို့နှင့် ထားဝယ် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း ယင်းဆန္ဒထုတ်ဖော်မည့် ကိစ္စ ဦးဆောင်နေသူအချို့ထံမှ သိရသည်။ တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ကျောင်းသားများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက မတ်လအထိ ကျောင်း ဖွင့်မည့် ကိစ္စကို အကြိမ်ကြိမ်ထောက်ပြ ပြောဆိုနေသော်လည်း ပညာရေးဝန်ကြီး ဌာနမှ ကျောင်းတက်ရက်ကို မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆရာဝေယံစိုးက ပြောသည်။ ဆန္ဒထုတ်ဖော်ဖြစ်ပါက ထားဝယ် ပညာရေးကောလိပ် တွင်လူစုကာ ဆေးရုံလမ်းအတိုင်း တိုင်းပညာရေးမှူးရုံးကို ချီတက်မည်ဖြစ်ပြီး ယင်းမှတဆင့် အာဇာနည်လမ်းအတိုင်း ချီတက်လာကာ ဗိုလ်ချုပ်အောင်ဆန် အဝိုင်းပတ်တွင် အဆုံးသတ်မည်ဟု ကနီဦးစီစဉ်ထားကြောင်း ဆရာဝေယံစိုးက ပြောသည်။ […]

ထားဝယ်တွင် ဗုဒ္ဓတက္ကသိုလ် စတင်တည်ဆောက်

diz_admin

January 22, 2020

ထားဝယ်မြို့ ယဉ်ငေးရိပ်သာသာ သနာ့ကျောင်း အတွင်း ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ် ဖောင်ဒေးရှင်းထံမှ သိရသည်။ ထားဝယ်-ဗုဒ္ဓတက္ကသိုလ်ကို ထားဝယ် ခရိုင်လေးမြို့နယ်မှ အလှူရှင်များနှင့် ထိုင်းနိုင်ငံမှ အလှူရှင်များမှ လှူဒါန်း ထားသော ငွေကျပ်သိန်း ၂၀၀ ကျော်ခန့်ဖြင့် ဇန်နဝါရီလ ၉ ရက်က ပန္နက်တင်မင်္ဂလာပွဲ ပြုလုပ်ကာ စတင်တည်ဆောက်နေပြီဖြစ် ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ်မှ မော်ကွန်းထိန်း ဦးစိန္နိတက မိန့်ကြားသည်။ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် အတွက် မတည်အလှူရှင်များလိုအပ် နေပြီး ခန့်မှန်းခြေ ကျပ်သိန်း ၆၀၀၀ ခန့် ကုန်ကျမည်ဟု လျာထားကြောင်း ဦးစိန္နိတက မိန့်ကြားသည်။ “ဆရာတော်က ဦးစီးလုပ်ထားတာ ဆိုတော့ ပြီးမယ်ဆိုတာ ယုံကြည်ထား တယ်။ ခန့်မှန်းခြေအရ နှစ်နှစ်လောက်ဆို အဆောက်အအုံကြီးလုံး၀မပြီးဘူးဆိုရင် တောင် […]