BREAKING
September 19, 2024

ပညာေရး

ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါများတွင် ကျောင်းအပ်ရာခိုင်နှုန်း ကျဆင်းသွားနိုင်ဟု ခန့်မှန်း

diz_admin

May 11, 2020

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကြောင့် ငွေကြေးကျပ်တည်းမှုများ ရှိလာ နိုင်သဖြင့် ယခုပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါများတွင် ကျောင်းသူ/သား လာရောက်အပ်နှံနှုန်း ကျဆင်းသွားနိုင်ကြောင်း ထားဝယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါတည်ထောင် သူအချို့က ခန့်မှန်းသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများကို ယာယီပိတ်ထားရ သည့်အပြင် ဒေသတွင်း အလုပ်အကိုင်နှင့် ထွက်ကုန်ရောင်းဝယ်မှုများလည်း ထိခိုက် မှုရှိခဲ့သည်။ ထို့အပြင် တနင်္သာရီတိုင်းသူတိုင်း သားများ အပါအဝင် မြန်မာနိုင်ငံသား သန်းချီ သွားရောက် အလုပ်လုပ်ကိုင်နေ သည့် ထိုင်းနိုင်ငံတွင်လည်း စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသည်ဟု သိရ သည်။ ယင်းကြောင့် ကျောင်းသားမိဘ များတွင် ဝင်ငွေထိခိုက်မှုများ ရှိနိုင်သဖြင့် ယခုပညာသင်နှစ်တွင် ကျောင်းအပ် ရာခိုင်နှုန်း အနည်းငယ်ကျဆင်းသွားနိုင် […]

ကိုဗစ်အတွက် ပြန်အပ်ရသည့် အခြေခံပညာ ရန်ပုံငွေ ကျပ်သန်းငါးထောင်ကျော်

diz_admin

May 11, 2020

တနင်္သာရီတိုင်း အခြေခံပညာ ဦးစီးဌာန ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ပြည်ထောင်စုကို ကျပ်သန်းငါးထောင် ကျော် (ကျပ် ၅၅၀၅ သန်းကျော်) ပြန်အပ် လိုက်ရကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။ တနင်္သာရီတိုင်းမှ ပြန်အပ်လိုက်သည့် ရန်ပုံငွေများမှာ တင်ဒါပိုလျှံငွေမှ ကျပ်သန်း သုံးရာကျော် (ကျပ် ၃၈၂ သန်း ကျော်)၊ ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်သန်းနှစ်ရာနီးပါး (ကျပ် ၁၉၅ သန်း ကျော်)၊ သာမန်အသုံးစာရိတ်မှ သန်း ငါးထောင်နီးပါး (ကျပ် ၄၉၂၇ သန်း ကျော်) ပြန်အပ်လိုက်ရခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး စီမံ^ဘဏ္ဍာဌာန ထံမှ သိရသည်။ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသုံးပြုမည့် ရန်ပုံငွေထဲမှ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် အသုံးပြုရန် […]

ကိုဗစ်အလွန် အခြေခံပညာကျောင်း များ ပြန်ဖွင့်ရန် စဉ်းစားထားချက်များ

diz_admin

May 11, 2020

ကိုဗစ်အလွန် အခြေခံပညာကျောင်း များ ပြန်ဖွင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး အခြေခံပညာဦးစီးဌာနတွင် စဉ်းစားထား ချက် ရှိနေကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေ အနေရှိပါ အခြေခံပညာကျောင်းအချို့ကို နှစ်သုတ်ခွဲပြီး တက်စေသည့်စနစ်၊ ကျောင်း အချို့ကို တစ်ရက်ခြား တက်စေသည့် စနစ်ကို ကျင့်သုံးနိုင်ခြေရှိကြောင်း တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ကျောင်းသားဦးရေများသော ကျောင်းကြီးများကို တစ်ရက်လျှင် နှစ်သုတ်ခွဲ ကျောင်းတက်စေသည့်စနစ်၊ ကျောင်းသားဦးရေ နည်းသည့်ကျောင်းများကို တစ်ရက်ခြားစီ ကျောင်းတက်စေသည့် စနစ်တို့ကို ကျင့်သုံးနိုင်ခြေရှိကြောင်း ဒေါ်မြင့်စိန်က ပြောသည်။ ယင်းသည် အခြေခံပညာ ဦးစီးဌာန က ကိုဗစ်အလွန် ကျောင်းပြန်ဖွင့်မည့် အခြေအနေအတွက် စဉ်စားချက် အဆင့် တွင်သာ ရှိသေးကြောင်း […]

အခြေခံပညာ အတန်းအောင်စာရင်း ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း

diz_admin

April 28, 2020

အခြေခံပညာအတန်းများ အောင် စာရင်းထုတ်ပြန်မည့်ရက်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အခြေခံပညာ အတန်းများ၏ အဖြေလွှာ စစ်ဆေးမှုကို ရပ်နားထားသဖြင့် အဖြေ လွှာစစ်ဆေးမှု ပြီးစီးမှသာ အောင်စာရင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ မြို့နယ်အချို့တွင် အဖြေလွှာစစ် ဆေးမှု ၃၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် သော်လည်း အချို့မြို့နယ်များတွင် အဖြေလွှာစစ်ဆေးမှု လုံး၀မပြုလုပ်သေး ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် မည့်သည့်အချိန်တွင် အဖြေလွှာစစ်ဆေးမည်ကို မသိရသေးကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။ ယင်းသို့သော အခြေအနေများ ကြောင့် အခြေခံပညာကျောင်းဖွင့်ရက်များလည်း နောက်ကျသွားနိုင်သည်ဟု ဒေါ်မြင့်စိန်က ခန့်မှန်းသည်။ ပြီးခဲ့သည့်နှစ်က အခြေခံပညာ အတန်းများ၏ အောင်စာရင်းကို ဧပြီလ ၂၆ […]

အခြေခံကျောင်းသားများ၏ အဆင့်သတ်မှတ်ချက် သိလိုက တောင်းကြည့်နိုင်

diz_admin

March 30, 2020

ပထမတန်းမှ န၀မတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ တစ်နှစ် တာ အဆင့်သတ်မှတ်ချက်ကို အောင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်ပေးခြင်း မရှိသော်လည်း သက်ဆိုင်ရာကျောင်း များတွင် အုပ်ထိန်းသူတစ်ဦးဦးက တောင်း ယူ ကြည့်ရှုနိုင်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ လက်ရှိ အခြေခံကျောင်းသား၊ ကျောင်းသူများ၏ အဆင့်သတ်မှတ် ချက်ကို အမှတ် ၁၀၀ နှင့် ၈၀ အကြားကို အေ(A)၊ ၇၉ နှင့် ၆၀ အကြား ဘီ(B)၊ ၅၉ နှင့် ၄၀ အကြား စီ(C)နှင့် အမှတ် လေးဆယ်အောက်ကို ဒီ(D) ဟု အဆင့် လေးဆင့် ခွဲခြားထားခြင်း ဖြစ်သည်။ လက်ရှိကျင့်သုံးနေသော စနစ်အရ လပတ် အဆင့်သတ်မှတ်ချက်များကို စာမေးပွဲ တစ်ကြိမ်ဖြေပြီးတိုင်း မိဘတို့ […]

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ တစ်ထောင်ကျော်

diz_admin

March 23, 2020

တနင်္သာရီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ နှစ်သောင်းကျော် (၂၃၆၈၆) ရှိသည့်အနက် ပျက်ကွက်သူ တစ်ထောင်ကျော် (၁၅၉၅ ဦး) ရှိပြီး ယင်းသည် ကျောင်းသားတစ်ရာလျှင် ခြောက်ဦးပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှသိရသည်။ မြန်မာစာဖြေဆိုသည့်နေ့တွင် ၁၅၈၁ ဦးပျက်ကွက်ခဲ့ပြီး အင်္ဂလိပ်စာဖြေဆိုမည့်နေ့တွင်နောက်ထပ် ခြောက်ဦး၊ သင်္ချာဖြေဆိုသည့်နေ့တွင် နောက်ထပ်ရှစ်ဦးပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းအရသိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဆေးရုံပေါ်တွင်ဖြေဆိုသည့် ကျောင်းသူလေးဦးနှင့် ကျောင်းသား လေးဦး စုစုပေါင်းရှစ်ဦးရှိခဲ့သည်။ ကျွန်းစုနှင့် သရက်ချောင်းမြို့နယ်တို့မှ မသန်စွမ်းကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့ကလည်း တက္ကသိုလ်ဝင်တန်စာမေးပွဲကိုဝင်ရောက်ဖြေဆိုခဲ့သည်။ ယမန်နှစ်ကမူ အကျဉ်းထောင်မှစာမေးပွဲဖြေဆိုသည့် ကျောင်းသားရှိခဲ့သော်လည်း ယခုနှစ်ဖြေဆိုသူမရှိပေ။ တနင်္သာရီတိုင်းသည် ယမန်နှစ်နည်းတူ စာစစ်ဌာန ၄၈ ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ဆေးနေသည်။ ကျော်သူစိုး