လောင်းလုံး လူငယ်အုပ်စုလိုက် ရိုက်ပွဲမှ ဖမ်းမိသူများအနက် မူးယစ်တရားခံပြေးတစ်ဦး ပါဝင်နေ
diz_admin
June 15, 2020လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့သည့် လူငယ်အုပ်စုလိုက်ရိုက်ပွဲမှ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ယင်းသုံးဦးအနက် တစ်ဦးမှာ မူးယစ်တရားခံပြေးတစ်ဦးဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။ ဖမ်းမိလူငယ်သုံးဦးအနက်တစ်ဦးမှာ ကိုးတန်းကျောင်းသားအရွယ်ဖြစ်သောကြောင့် ခံဝန်ထိုးခိုင်းကာ မိဘထံပြန်အပ်ပေးခဲ့ပြီး ကျန်လူငယ်တစ်ဦးကိုမူ မော်တော်ယာဉ်ဥပဒေဖြင့်တရားစွဲမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ မူးယစ်တရားခံပြေးတစ်ဦးကိုမူ ထားဝယ်မြို့မရဲစခန်းထံသို့ လွှဲပြောင်းပေးထားကြောင်း ဦးကံထူးက ပြောသည်။ လူငယ်အုပ်စုလိုက်ရိုက်ပွဲသည် အုန်းသီးပုံဖြင့်အလှဆင်ထားသည့် လောင်းလုံးမြို့အဝင်ဆိုင်းဘုတ်အနီးတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။ ယင်းရိုက်ပွဲမှ ထွက်ပြေးသွားသောအဖွဲ့နောက်သို့ အခြားတစ်ဖွဲ့က ဆိုင်ကယ်များဖြင့် နောက်မှ တုတ်၊ သံချောင်း စသည့် လက်နက်တို့ဖြင့် လိုက်လံရိုက်နှက်ခြင်းဖြစ်ပြီး အင်းဇောက်ကျေးရွာအထိ ရောက်သွားခြင်းဖြစ်သည်။ အင်းဇောက်ကျေးရွာအရောက်တွင် အရိုက်ခံနေရသည်ဟု ယူဆရသော ဆိုင်ကယ်တစ်စီး လဲကျသွားခဲ့ပြီးနောက် […]