ဓားသွေးကျောက်ရွာ သားအဖနှစ်ဦး အသတ်ခံရမှု မကြာမီဖော်ထုတ်နိုင်မည်ဟုဆို
diz_admin
July 20, 2020ထားဝယ်မြို့နယ်၊ အညာဖျား ကျေးရွာအုပ်စုတွင် သားအဖနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့်အမှုကို မကြာမီဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ အညာဖျားကျေးရွာအုပ်စုရှိ ဓားသွေးကျောက်ကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် နံနက်စောစောအချိန်က အသက် ၇၈ နှစ် အရွယ်နှင့် ၃၈ နှစ်အရွယ် သားအဖနှစ်ဦးကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးချက်များအရ သံသယဖြစ်စေသည့်အချက်များ ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မကြာခင်တော့ ဖော်ထုတ်ရရှိပြီးတော့ အရေးယူဆောင်ရွက်နိုင်မယ်လို့ သုံးသပ်ပြောကြားလိုပါတယ်” ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထားဝယ်ခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် အမှုစစ်အဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ ဇူလိုင်လ ၁၂ ရက် နံနက်စောစောအချိန်တွင် သေနတ်ကိုင်ဆောင်ထားသူများက […]