နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ
diz_admin
August 24, 2020လောင်းလုံမြို့နယ်၊ သပြေရှောင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်း ပြိုင်လူသတ်မှုမှာ နှစ်လကြာသည့်အထိ တရားခံမမိသေးဘဲ အနည်းဆုံး လူသုံးဆယ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးထားပြီးဖြစ်ကြောင်း လောင်းလုံးမြို့မရဲစခန်းနှင့် သပြေရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ယင်းလူသတ်မှုသည် ဇွန်လ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၈၆ နှစ်အရွယ်နှင့် ၅၄ နှစ်အရွယ် သားအမိနှစ်ဦး အသတ်ခံရခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး အသတ်ခံရသူနှင့် ဆွေးမျိုးတော်စပ်သူ သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း သပြေရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။ ယင်းအပြင် ကျေးရွာသားလေးဆယ် ဝန်းကျင်ခန့်ကိုလည်း အကြိမ်ပေါင်း ခြောက်ဆယ်ခန့် စစ်ဆေးထားပြီးဖြစ် သည်။ အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ ယင်းလူသတ်မှုတွင် မျက်မြင်တွေ့ ရှိသူ တစ်ဦးလည်းရှိနေသည်။ […]