BREAKING
December 23, 2024

မှုခင်း

ခရီးသည်ကားပေါ်မှ ဘီယာဖာ လေးရာကျော် ဖမ်းမိ

diz_admin

October 20, 2020

ဘုတ်ပြင်းမြို့နယ် ကိုဗစ်စစ်ဆေး ရေးဂိတ်တွင် ခရီးသည်တင်ကားပေါ်တင် လာသည့် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာဖာ လေးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ကော့သောင်းမြို့ဘက်မှ ဘုတ်ပြင်းဘက်သို့ မောင်းနှင်လာသည့် ရွှေမြိတ် အောင် ခရီးသည်တင်ကားပေါ်တွင် ခွင့် ပြုချက်မရှိဘဲ ဘီယာများတင်လာကြောင်း သတင်းအရ အောက်တိုဘာလ ၇ ရက်နေ့ က စောင့်ဆိုင်း စစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ထိုသို့စစ်ဆေးရာ အဆိုပါကားပေါ် တွင် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာ ၄၄၀ ဖာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် ဘုတ်ပြင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကော့သောင်းတွင် မူးယစ်ဆေးတွေ့သူနှင့် ကွင်းဆက်ထံမှ စိတ်ကြွဆေးပြား ခုနစ်ရာနီးပါး ဖမ်းမိ

diz_admin

October 8, 2020

‌ကော့သောင်းမြို့တွင် မူးယစ်ဆေးတွေ့သူနှင့် ကွင်းဆက်ထံမှ စိတ်ကြွဆေးပြား ခုနစ်ရာနီးပါးဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာတွင် မူးယစ်ဆေးသတင်းအရ စက်တင်ဘာလ ၂၉ ရက်နေ့က စောင့်ဆိုင်းနေစဉ် ဘုတ်ပြင်းဘက်မှ ကော့သောင်းဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့စစ်ဆေးရာ ဆိုင်ကယ် မောင်းသည့် အမျိုးသား၏ဘောင်းဘီအိတ်အတွင်းမှ WY စိတ်ကြွဆေး ၄၁၀ ပြားဖမ်းမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသားကို စစ်မေးရာ အဆိုပါမူးယစ်ဆေးများကို ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းနေရာသို့ သွားရောက်ရှာဖွေရာ အဆိုပါအမျိုးသားကို တွေ့ရပြီး အိပ်ခန်းထပ်ခိုးအပေါ်တွင် ထားသည့် WY စိတ်ကြွဆေး ၂၅၅ ပြားကို […]

ကလေးသူငယ်များ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုများလာ

diz_admin

September 10, 2020

တိုင်းအတွင်း ကလေးသူငယ်မှုခင်းများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ မှုသည် ပြီးခဲ့သည့်နှစ်ကထက် ပိုများလာသည်ဟု တနင်္သာရီတိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်စာ စာရင်းများအရ ကလေးသူငယ်များ မူးယစ်ဆေး ရောင်းချ ခြင်းနှင့် သုံးစွဲခြင်းအမှုပေါင်း ခြောက်မှု သာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခုနစ်လစာ စာရင်းများအရ မူးယစ်ဆေးရောင်း ချခြင်းနှင့် သုံးစွဲခြင်းမှုခင်း ဖြစ်ရပ်ပေါင်း ၁၀ မှုဖြစ်ပွားခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။ ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ “ကလေးသူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပဲလေ။ ဒီအနာဂတ် ကလေး သူငယ်တွေမှာ ဒီလိုပြစ်မှုတွေ များနေတယ်ဆိုတော့ လုံးဝကို […]

အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့်

diz_admin

September 6, 2020

ရေဖြူမြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၂၄ နှစ်အမျိုးသားက မုဒိမ်းကျင့်ရန်ကြိုး ပမ်းခဲ့မှုနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ် နတ်ကြီးစင်ကျေးရွာနေ မိန်းကလေးငယ်ကို နေအိမ်နှင့်မျက်နှာချင်းဆိုင်တွင် နေထိုင်သည့် အဆိုပါအမျိုးသားက ကြံဝယ်ကျွေး မည်ဟုဆိုကာ သြဂုတ်လ ၂၂ ရက်ည ၇ နာရီခွဲခန့်က မိဘထံမှ ခေါ်ဆောင်သွားခဲ့သည်။ ထိုနောက် ည ၁၀ နာရီခန့်တွင် မိန်းကလေးငယ်တစ်ဦးတည်း နေအိမ်သို့ ပြန်လာပြီး ငိုနေသည်ကို မိဘများက တွေ့ရှိသဖြင့် မေးမြန်းရာ အထက်ပါ အမျိုးသားသည် ၎င်း၏နေအိမ်အောက်တွင် မုဒိမ်းကျင့်ရန်လုပ် ဆောင်ခဲ့သည် မိန်းကလေးငယ်က ပြန်ပြောပြခဲ့သည်။ မုဒိမ်းကျင့်ရန် ကြိုးပမ်းချိန်တွင် မိန်းကလေးငယ်က […]

မြိတ်ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ ဓားဖြင့်ခုတ်၊ လူငယ်လေးဦး ဆေးရုံရောက်

diz_admin

September 6, 2020

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြိတ်ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ဓားခုတ် မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ်လေးဦးကို ဆေးရုံတင်ပို့ခဲ့ရကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။ မြိတ်မြို့၊ ရွှေပေးကျေးရွာနေ လူငယ်သူငယ်ချင်း ငါးဦးသည် ကမ်းနားလမ်းသို့ လည်ပတ်ပြီးအပြန် ကုန်တိုက်ရှေ့ အရောက်တွင် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဆယ့်ငါးဦးခန့်မှ ဆဲဆိုရန်စပြီး ၎င်းတို့အား ဝင်ရောက်ထိုးကြိတ်ခဲ့သလို ဓားရှည်များဖြင့်လည်း ခုတ်ခဲ့ခြင်း ဖြစ်သည်။ ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ ဓားခုတ်ခံရသဖြင့် လူငယ်လေးဦးတွင် ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံ သို့တက် ရောက်ကုသခဲ့ရသည်ဟု မြိတ်မြို့မ ရဲစခန်းမှ သိရသည်။ ယင်းနောက် အခင်းဖြစ်ပွားပြီး တစ်ရက်အကြာတွင် ရဲတပ်ဖွဲ့အနေနှင့် ဓားဖြင့်ခုတ်သည့် အုပ်စုဘက်မှ လူငယ် ဆယ်ဦးနှင့် ဓားရှည်သုံးချောင်းကို လိုက်လံ ဖမ်းဆီးနိုင်ခဲ့သည်။ ကျန်လူငယ်တချို့မှာ ထွက်ပြေးတိမ်းရှောင် […]

မြိတ်တွင် WY စိတ်ကြွဆေးပြား နှစ်သောင်းနီးပါး ဖမ်းမိ

diz_admin

September 5, 2020

မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ သန်းဖိုရပ်ကွက်တွင် သြဂုတ်လ ၂၄ ရက်နေ့က WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား နှစ်သောင်းနီးပါးအား ဖမ်းမိခဲ့ကြောင်း မြိတ်မြို့ မြို့မရဲစခန်းထံမှ သိရသည်။ မူးယစ်ဆေးဝါးသတင်းအရ သန်းဖိုရပ်ကွက်ရှိ လမ်းတစ်နေရာတွင် စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် အမျိုးသားတစ်ဦးအားတွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ခန္ဓာကိုယ်အတွင်းမှ WY ဆေးပြား တစ်သောင်းနှင့်အတူ တွေ့ရှိခဲ့ပြီး နေအိမ်၌ ဆက်လက်ရှာဖွေရာ ဆေးပြား ၉၈၀ဝ ပြားအား ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ ဖမ်းမိခဲ့သည့် WY စိတ်ကြွဆေးပြား တစ်ပြားလျှင် ဒေသပေါက်ဈေး သုံးထောင်ကျပ်နှုန်းဖြင့် တွက်ချက်ပါက စုစုပေါင်း ကျပ်သိန်းခြောက်ရာနီးပါးခန့် တန်ဖိုးရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။ ဖမ်းမိခဲ့သည့် အသက် ၃၆ […]

ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ

diz_admin

September 5, 2020

လောင်းကစားဝိုင်းတစ်ခုအား ရဲဝင်ဖမ်းရာ ဆိုင်ကယ်လေးဆယ်ခန့်နှင့် လူလေးဦးဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကန်သာယာရွာအနီး တောင်သုံးလုံးကြားတွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက် ဖမ်းဆီးရာ ဆိုင်ကယ် ၃၇ စီးနှင့် လောင်းကစား ပြုလုပ်သူ အမျိုးသားလေးဦးကို ဖမ်းဆီးမိခဲ့ကြောင်း မြိတ်မြိူ့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။ မြိတ်တွင် WY စိတ်ကြွဆေးပြား နှစ်သောင်းနီးပါး ဖမ်းမိ ဖမ်းဆီးရမိသည့် အမျိုးသားလေးဦးမှာ ရှမ်းတောင်ရွာ၊ ကင်းဆိုးရွာ၊ ရွှေပေးရွာနှင့် မြိတ်မြို့တွင် နေထိုင်သူတစ်ဦး တို့ဖြစ်ပြီး ၎င်းတို့ထံမှ ငွေကျပ်သုံးသိန်းခန့်နှင့် ကြက်နှစ်ကောင်အား သိမ်းဆည်း ခဲ့သည်ဟု ၎င်းက ပြောသည်။ “ရဲလာပြီ ဆိုတာနဲ့ အကုန်ထွက်ပြေး ကြတာ။ ဒီလေးယောက်က ကြက်လိုက် ဖမ်းရင်း ပြေးမခင်(ပြေးမလွတ်)ဖြစ်သွားတာ” […]

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လဆန်းတွင် အမိန့်ချမည်

diz_admin

September 2, 2020

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လထားဝယ်မြို့တွင် လူထုစိတ်ဝင် စားမှုများနေသော KTV ပိုင်ရှင်တစ်ဦး ပါဝင်သည့် လောင်းကစားအမှုကို လာမည့် လဆန်းပိုင်းတွင် အမိန့်ချတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။ အဆိုပါအမှုတွင်KTV ပိုင်ရှင်အပါ အဝင် စုစုပေါင်း ၁၅ ဦးကို လောင်းကစား ဥပဒေပုဒ်မ ၁၆(က)နှင့် ၁၇ (က)တို့ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိအဆိုပါအမှုတွင် ရုံးချိန်း ပေါင်း ၄၄ ကြိမ်စစ်ဆေးထားပြီး တရားလိုပြ သက်သေ ၁၈ ဦးနှင့် တရားခံပြသက် သေ ၄၀ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ထားဝယ်မြို့နယ်တရားရုံး၏ သတင်း ပြန်ကြားရေးအရာရှိဖြစ်သူ တရားသူ ကြီးဒေါ်မြင့်မြင့်စန်းက ဆိုသည်။ အဆိုပါအမှုကို စက်တင်ဘာလ ၂ ရက်နေ့တွင် အမိန့်ချရန် […]