BREAKING
September 8, 2024

မှုခင်း

အသက်ငါးဆယ်ကျော် အမျိုးသမီးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိ

diz_admin

May 25, 2020

ကော့သောင်းမြို့နယ်တွင် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့နယ်၊ ထုံပရိကျေးရွာအနီးရှိ အထက်ပါ အမျိုးသမီးနေထိုင်သည့်အိမ်ကို မေလ ၁၉ ရက်နေ့က မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဝင်ရှာစဉ် အသက် ၅၃ နှစ်ရှိ အဆိုပါအိမ်ရှင်အမျိုးသမီးနှင့်အတူ ရွှေပြည်သာရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုအိမ်အားရှာဖွေရာ WY စိတ်ကြွဆေး ၃၁၇၂ ပြားနှင့် ဆေးရှူကိရိယာနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းနောက် အိမ်ရှင်အမျိုးသမီးအားစစ်ဆေးရာ မူးယစ်ဆေးများကို အထက်ပါ အမျိုးသားက ယူလာသည်ဟု ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို ဆက်လက်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့စစ်ဆေးရာ မူးယစ်ဆေးများကို အမည်မသိအမျိုးသားတစ်ဦးထံမှ […]

သားရှိနွားမကြီးအား ခိုးယူသတ်စားသူများကို ဖမ်းမိ

diz_admin

May 25, 2020

ရေဖြူမြို့နယ်တွင် သားပေါက်ရှိသည့်နွားမကြီးကို ခိုးယူပြီး သတ်ဖြတ်စားသောက်သူ လေးဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါမြို့နယ် ကျောက်ထောင့်ကျေးရွာ ဥယျာဉ်ခြံအတွင်းရှိ နွားတင်းကုပ်တွင် အသက် ၁ နှစ်အရွယ် နွားသားပေါက်နှင့် မိခင်နွားမကို ချည်နှောင်ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ထိုသို့ချည်ထားစဉ် မေလ ၁၅ ရက်တွင် မိခင်နွားမကြီးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ နွားမကြီး ပျောက်ဆုံးနေသဖြင့် ပိုင်ရှင်အမျိုးသားက လိုက်လံစုံစမ်းရာ ကျောက်ဝှက်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးထံ မေလ ၁၇ ရက်နေ့က နွားမဦးခေါင်းကို အမျိုးသားနှစ်ဦးက လာရောင်းခဲ့သည်ကိုသိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ နွားမဦးခေါင်း လာရောင်းသည့် အဆိုပါအမျိုးသားနှစ်ဦးမှာ ချခတ္တပင်အင်းကျေးရွာနေ အသက် ၂၅ နှစ်နှင့် ၂၇ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့စုံစမ်းသိရသဖြင့် ဆက်လက်စုံစမ်းရာ […]

ဆန်းချီလမ်းဆုံ ဆိုင်ကယ်တိုက်မှု အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေ

diz_admin

May 25, 2020

အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည့် ဆိုင်ကယ်တိုက်မှုတစ်ခု ထားဝယ်မြို့၊ ဆန်းချီလမ်းဆုံအနီး ကမြောကင်းလမ်းတွင် မေလ ၂၁ ရက်ညက ဖြစ်ပွားခဲ့သည်။ တိုက်မိသည့် ဆိုင်ကယ်နှစ်စီးစလုံးမှာ ဆိုးရွားစွာပျက်စီးသွားပြီး မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။ “နှစ်ယောက်လုံးက အမှန်မှာ ဒီနေရာမှာ တစ်ခါတည်း ပွဲချင်းပြီးနေတာ။ ဒါပေမယ့် တစ်ယောက်က ရုတ်တရက်ကြည့်လိုက်တာ အသက်ရှူနေတဲ့အနေအထားမျိုးတွေ့ရလို့ လိုအပ်တဲ့ဆေးဝါးစောင့်ရှောက်မှုတွေလုပ်ပေးရင်း တစ်ခါတည်းဆေးရုံခေါ်သွားတာ” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။ ကမြောကင်းလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိကာ လူသေဆုံးမှုဖြစ်လေ့ ရှိသည့်အတွက် သံဃာတော်များဖြင့် ပရိတ်ရွတ်ဖတ်ခဲ့ဖူးသည်။

၁၄ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သူကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ချ

diz_admin

May 19, 2020

ထားဝယ်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။ ယမန်နှစ် ဇူလိုင်လတွင် မုဒိမ်းမှု၊ လူခိုးမှုဖြင့် စတင်တရားစွဲဆိုခဲ့သည့် ယင်းအမှုတွင် တရားခံဖြစ်သူ ဦးထွန်းမင်းကို ယခုနှစ် မေလ ၁၅ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်သည်။ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်က အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးကို အထက်ပါအမျိုးသားက မိန်းကလေးငယ်နေထိုင်သည့် အိမ်အောက်တွင် မုဒိမ်းကျင့်ခဲ့သည့်အမှု ဖြစ်သည်။ အဆိုပါအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု) ပထမအပိုဒ်အရ ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် […]

မြိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တစ်ဦးသေဆုံး

diz_admin

May 12, 2020

မြိတ်မြို့ လေယာဉ်ကွင်းလမ်းမကြီးတွင် မေလ ၃ ရက်နေ့က အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မော်တော်ယာဉ်မှာ ပုလဲမွန်လမ်းဆုံဘက်မှ လေယာဉ်ကွင်းဘက်သို့ မောင်းနှင်လာပြီး လမ်းခုလတ်တွင် ယာဉ်လမ်းအလယ်ကြောမှ ပြန်လှည့်ရန်ပြုလုပ်နေစဉ် နောက်မှလိုက်လာသည့် မော်တော်ဆိုင်ကယ်က ယာဉ်နောက်ဘက်မှဝင်တိုက်မိခဲ့ကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး‌နောက် ဒဏ်ရာရသည့် ဆိုင်ကယ်စီးအမျိုးသားအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ရာညဘက်တွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါစခန်းမှူးက ပြောသည်။ လက်ရှိတွင် မော်တော်ယာဉ်မောင်းနှင်လာသူအား မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။ မြင့်မိုရ်(မြိတ်)

ဆယ်မိုင်တွင် စိတ်ကြွဆေးပြား သုံးရာကျော် ဖမ်းမိ

diz_admin

April 28, 2020

ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် ဧပြီလ ၂၀ ရက်က စိတ်ကြွဆေးပြားသုံးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါကျေးရွာအုပ်စုရှိ ပါဆယ်ပါညန်းကျေးရွာနေ အသက် ၃၀ နှစ် အရွယ် အမျိုးသား၏နေအိမ်ကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ရှာဖွေစဉ် အထက်ပါနေအိမ်တွင် လာရောက်နေထိုင်သည့် ပိတောက်ရွှေဝါရပ်ကွက်နေ အမျိုးသားတစ်ဦးနှင့် ဘုတ်ပြင်းမြို့နယ်နေ အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ပိတောက်ရွှေဝါရပ်ကွက်နေ အမျိုးသားထံမှ WY စိတ်ကြွဆေးပြား ၁၁ ပြားနှင့် အိမ်ရှေ့ခန်းရှိ ဗီဒိုပေါ်တွင် ၃၂၄ ပြားကိုဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့်အမျိုးသားနှစ်ဦးကိုစစ်ဆေးရာ အဆိုပါဆေးများကို ပြန်လည်ရောင်းချရန် အိမ်ရှင်ဖြစ်သူထံမှဝယ်ယူထားသည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မူးယစ်ဆေးဖမ်းမိမှုနှင့် ပတ်သက်၍ အဆိုပါအမျိုးသားသုံးဦးကို သက်ဆိုင်ရာမူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မရဲစန်းတွင်အမှုဖွင့်ထားကြောင်း […]