BREAKING
January 27, 2025

ကိုဗစ်အထူး ကဏ္ဍ

စပိန်က ကိုဗစ် ဒုတိယလှိုင်း

diz_admin

September 2, 2020

ကိုဗစ်ကပ်ဘေး ကာလအတွင်း စပိန်ကို မူလက တင်းတင်းကျပ်ကျပ် အသွားအလာ ကန့်သတ်ထားသည်။ သို့သော် ကန့်သတ်မှုများ ပြန်ဖွင့်ပြီးနောက် ပိုးကူးစက်နှုန်း ခပ်မြန်မြန် ပြန်ဖြစ်လာ သည်။ အခုတော့ ဥရောပမှာ ကူးစက်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာ ပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပတ်အထိ စာရင်းအရ ပျှမ်းမျှ လူတစ်သိန်းမှာ ၁၄၂ ဦး ကူးစက်ခံနေရသည်။ထိန်းချုပ် ကန့်သတ်မှုများ မဖွင့်မီ ဇွန်လ ၂၁ ရက်နေ့အထိ ကူးစက်မှုနှုန်း တစ်ရက်လျှင် ၁၀ဝ မှ ၁၅၀ အကြားသာ ရှိခဲ့သည်။ သို့သော် ယခုတော့ ၃၀ဝ၀ အထိ တက်လာသည်။ကမ္ဘာပေါ်တွင် လူ ၂၄ သန်းခွဲ နီးပါး ရောဂါကူးစက်ခံခဲ့ရပြီး ရှစ်သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ကူးစက်မှုနှုန်း ဆက်တက်ဆဲလည်း […]

ပိုမိုဘေးကင်းလုံခြုံသော ကိုဗစ်လွန်ကမ္ဘာဆီသို့

diz_admin

August 26, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုများမှာ ကမ္ဘာတစ်ဝန်း၌ အရှိန်ကောင်းကောင်းဖြင့် တိုးနေဆဲဖြစ် သည်။ မျိုးဗီဇ ပြောင်းလာသော အသွင်သစ်ဗိုင်းရပ်စ်က ကူးစက်နှုန်း ပိုမြန်သဖြင့် ဒုတိယလှိုင်း အန္တရာယ်က စိုးရိမ်စရာ ကောင်းလှသည်။ သို့သော် တစ်ဘက်၌လည်း ကာကွယ်ဆေး ရှာဖွေထုတ်လုပ်မှုဆိုင်ရာ သတင်းကောင်းများ ခပ်စိပ်စိပ် ကြားလာရသည်။ ရုရှားအစိုးရက ကိုဗစ်-၁၉ ကာကွယ် ဆေးအား အချိန်အတိုဆုံးဖြင့် ဖော်ထုတ် အတည်ပြုခဲ့သလို တရုတ်၊ အင်္ဂလန်နှင့် အိန္ဒိယတို့သည်လည်း ၎င်းတို့ ရှာဖွေ ဖော်ထုတ်နေသည့် ကာကွယ်ဆေးများ၏ အလားအလာကောင်းကို ထုတ်ဖော် သတင်းပါးလျက်ရှိသည်။ အချိန်တိုတွင်း ကပ်ဘေးဆိုးကြီး အဆုံးသတ်သွားမည်ဟု မမျှော်လင့်နိုင် သေးသည့်တိုင် ကိုဗစ်လွန်ကာလတို့ ကမ္ဘာမြေသို့ အနှေးနှင့် အမြန် ရောက်လာဦးမည် ဖြစ်ပါသည်။ကိုဗစ်လွန်ကမ္ဘာဆီသို့ မျှော်ကြည့်သည့်အခါ ရှင်သန်နေထိုင်မှု ပုံစံဟောင်းကို […]

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး

diz_admin

August 24, 2020

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေးလူတစ်ဦးချင်း နှာခေါင်းတပ်ခြင်း မတပ်ခြင်း ဆုံးဖြတ်ချက် က အဖိုးအခကြီးပါတယ်။ လူတစ်ဦးချင်းစီသာ နှာခေါင်းစည်း တပ်ကြရင် ကူးစက်မှုနှုန်း ကျလာမယ်၊ အဲဒီ က တစ်ဆင့် တစ်တိုင်းပြည်လုံးရဲ့ စီးပွားရေး ထိခိုက်မှုကိုလည်း သက်သာစေပါတယ်။ အဲဒီသဘောတရားကို ကောက်ယူပြီး အမေရိကန်ပြည်ထောင်စုမှာ တစ်ဦးချင်းစီကသာ နှာခေါင်းစီး တပ်ကြရင် တိုင်းပြည်စီးပွားရေး ဘယ်လောက် သက်သာမလဲ ဆိုတာကို The Economist က တွက်ပြထားပါတယ်။ နှာခေါင်းစည်းတစ်ခုရဲ့ စီးပွား တန်ကြေးက ဘယ်လောက်လဲပေါ့။ အဲဒီအကြောင်း ဒီဗီဒီယို လေးမှာ ရှင်းပြထားပါတယ်။ Dawei Watch TV

ဒုတိယလှိုင်း သတိထားပါ

diz_admin

August 21, 2020

သြဂုတ်လ ၂၁ ရက်နေ့မှာ လူ ၁၀ ဦးအထိ ကူးစက်မှု အစုလိုက်တွေ့ရှိရပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်း ဂရုစိုက်ဖို့ အစိုးရက သတိပေးထားပါတယ်။

ကပ်ရောဂါ၏ အကြောင်းခံများ

diz_admin

August 19, 2020

ကွန်ပျူတာ၊ အင်တာနက်နှင့် ဉာဏ်ရည်တုကို တီထွင်ဖန်တီးနိုင်ခြင်းက ကမ္ဘာကြီး၏ ပစ္စုပ္ပန်နှင့် အနာဂတ် အတွက် ကြီးစွာသော ပြောင်းလဲတိုး တက်မှုများ ဖြစ်သည်။ ထောင်စုနှစ်ချီ မှတ်တမ်းတင်လာခဲ့သော လူသားသမိုင်းတစ်လျှောက် ၂၁ ရာစု၏ တိုးတက်မှုများက မည်သည့်ခေတ်အခါနှင့်မျှ နှိုင်းမရအောင် အံ့သြလောက်ဖွယ် ဖြစ်ပါသည်။ အင်တာနက်စနစ်ကြောင့် ကမ္ဘာ့အစွန်း တစ်ဖက်စီမှ လူသားအချင်းချင်း စက္ကန့်မခြား တွေ့မြင်ဆက်သွယ်နိုင်သလို ကုန်းရေလေလမ်းကြောင်းစုံတွင် ယာဉ်ရထား အမျိုးမျိုးက ဥဒဟို ကူးသန်းမောင်းနှင်၍ မိုင်ထောင်ချီခရီးအား နေ့မခြားဘဲ အရောက်သွားနိုင်စွမ်း ရှိလာခဲ့ သည်။ စင်စစ်အားဖြင့် လူသားတို့သည် လူသားတစ်ဦး၏ ကိုယ်ပွားကိုပင် ဖန်တီးနိုင်စွမ်း ရှိနေပြီဖြစ်သည်။ များမကြာမီ အနာဂတ်တွင် လူ့ခန္ဓာကိုယ်ရှိ မည်သည့် အစိတ်အပိုင်းမဆို ချို့ယွင်းပျက်စီးခဲ့လျှင် ပြင်ပတွင် အလားတူ အစိတ်အပိုင်းတစ်ခု ဖန်တီး၍ အစားထိုးကာ […]

ကိုဗစ်ကာလမှာ ကလေးများကို စောင့်ရှောက်တဲ့အခါ

diz_admin

August 19, 2020

ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့ပွားမှုကာလအတွင်း ကလေးမိဘတွေအနေနဲ့ ဖြစ်စေ၊ ကလေးများကို စောင့်ရှောက်သူတွေ အနေနဲ့ ဖြစ်စေ အထူးသတိပြုရမယ့်အချက်တွေ ရှိပါတယ်။ ၁။ ကလေးတွေရဲ့စိတ်ဖိစီးမှု၊ ဝမ်းနည်းခြင်း ကြောက်ရွံ့ခြင်းကို အပေါင်းလက္ခဏာဆောင်တဲ့ (ကောင်းမွန်သော) နည်းလမ်းတွေနဲ့ ဖော်ပြနိုင်ဖို့ ကူညီပေးပါ။ ကလေးတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ ဖော်ပြနိုင်ကြပါတယ်။ တစ်ခါတလေ သူတို့ သဘောကျတဲ့ ကစားနည်းတွေ ကစားရင်းဖြစ်စေ၊ ပုံဆွဲရင်းဖြစ်စေ ကလေးတွေရဲ့ အတွေးနဲ့ ခံစားချက်ကို ဖော်ပြနိုင်ဖို့ စီစဉ်ပေးသင့်ပါတယ်။ ကလေးတွေက လုံခြုံပြီးကူညီဖေးမမှုရှိတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ ခံစားချက်ကို ဖော်ပြလိုက်တဲ့အတွက် သူတို့ရဲ့ စိတ်သောကတွေ လျော့ပါးသွား စေနိုင်ပါတယ်။ ၂။ ကလေးတွေအတွက် စိတ်ချရတယ်လို့ ယူဆရင် သူတို့ကို မိဘဆွေမျိုးတွေနဲ့ နီးနီးကပ်ကပ် နေထိုင်နိုင်ဖို့ စီစဉ်ပါ။ သူတို့ကို […]