BREAKING
January 27, 2025

ကိုဗစ်အထူး ကဏ္ဍ

တနင်္သာရီတိုင်းရှိ ကမ်းခြေအားလုံး ရက်ပိုင်းအတွင်း ပြန်ဖွင့်မည်

diz_admin

January 22, 2021

Dawei Watch၊ ဇန်နဝါရီ ၂၂ မောင်းမကန်ကမ်းခြေအပါအဝင် တိုင်းအတွင်းရှိ ကမ်းခြေအားလုံးကို ရက်ပိုင်းအတွင်းပြန်ဖွင့်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။ ကိုဗစ်ကပ်ဘေးကြောင့် ကမ်းခြေများကို ပိတ်ထားရာမှ  ပိုးတွေ့နှုန်း ကျဆင်းလာခြင်း အပါအဝင် အခြားအကြောင်းအရာများကြောင့် ကမ်းခြေလည်ပတ်ခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပိုးတွေ့တဲ့ပမာဏ များလာရင် များလာသလို ပြန်ပြီးတော့ တင်းကြပ်တာတို့၊ ကြပ်မတ်တာတို့ လုပ်ကောင်းလုပ်နိုင်တယ်၊ အခုက ပိုးတွေ့တဲ့ပမာဏနည်းလာလို့ နည်းလာတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ဖြေလျော့တဲ့ဟာတွေ တဖြည်းဖြည်းရှိနိုင်ပါတယ်” ဟု ဦးမြင့်မောင်က ပြောသည်။ ကမ်းခြေလည်ပတ်ခွင့်ပြုပြီးပါက မောင်းမကန်ကမ်းခြေရှိ ဆိုင်ခန်းများကိုလည်း သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် A အဆင့်ရှိ ဆိုင်များကို ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မောင်းမကန်ကမ်းခြေ အပါအဝင် […]

မောင်းမကန်ကမ်းခြေ အော်သံ

diz_admin

January 22, 2021

“ထမင်းလိုထမင်းလာယူကြပါခင်ဗျား၊ ဆန်လိုဆန်လာယူကြပါခင်ဗျား” လို့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေတင်ထားတဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာထိုင်ရင်း ကိုဖြိုးကျော်သူက အော်ခေါ်လိုက်ပါတယ်။ ချမ်းစိမ့်စိမ့်နဲ့ တိတ်ဆိပ်နေတဲ့ မောင်းမကန်ကမ်းခြေဆောင်းမနက်ခင်းဟာ သူ့ရဲ့အသံကြောင့် အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့တယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်က ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေဝေဖို့ ကိုဖြိုးကျော်သူ ရွေးထားတဲ့နေရာက မောင်းမကန်ကမ်းခြေ တစ်လျှောက်မှာနေကြတဲ့ သူတွေကိုပဲဖြစ်ပါတယ်။ မောင်းမကန်ကမ်းခြေ စည်းကမ်းထိန်သိမ်းရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်တဲ့ ကိုဖြိုးကျော်သူဟာ ကိုဗစ်ကာလထဲ ကမ်းခြေတွေ ပိတ်ထားတာကြောင့် ရွာထဲကဘုန်းကြီးကျောင်းတွေဆီကနေ ဆွမ်းကျန်ထမင်းတွေ သွားစွန့်လာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို အလှည့်ကျ လိုက်ဝေပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် ဒီလိုလိုက်ဝေပေးနေတာဟာ နှစ်လလောက်ရှိနေပါပြီ။ ဒါကြောင့် ကိုဖြိုးကျော်သူရဲ့ အော်သံကြားတာနဲ့ လိုချင်တဲ့သူတွေက ထည့်စရာခွက်လေးတွေကိုင်ပြီး အိမ်ထဲကနေထွက်လာယူကြပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအများစု ထမင်းတွေလာယူကြပါတယ်။ “ကမ်းခြေမှာ ဝါးတားဂိတ် […]

ရွေးကောက်ပွဲလွန် ကိုဗစ်အခင်းအကျင်းနှင့် လားရာ

diz_admin

November 22, 2020

စံတော်ချိန် နေ့စဉ်သတင်းစာမှ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး လက်ရှိ ပစ္စက္ခကာလ ကိုဗစ် အခင်းအကျင်း၊ ပါတီ အောင်ပွဲခံ လူစုလူဝေးနဲ့ လာမယ့်လားရာကို သိလိုပါတယ်ဟု ဆိုပါသည်။ ကိုဗစ်နဲ့ ကမ္ဘာ့အခင်းအကျင်းယနေ့ ညနေ စာရင်းအရ ကမ္ဘာ့ လူဦးရေ ၅၁၉၀၈၁၅၇ ဦးကူးစက်ခံ ထားရပြီး ယင်းအနက်မှ ၁၂၈၁၂၃၃ ဦး သေဆုံးခဲ့ရကာ ကမ္ဘာ့ကူးစက် ကပ်ဘေးကာလအဖြစ် ကြေညာခဲ့သည်မှာ တစ်နှစ် နီးပါးကြာမြင့်လာပြီ ဖြစ်ပါသည်။ အချို့ ကမ္ဘာ့နိုင်ငံများတွင် တစ် ကျော့ပြန် ကပ်ဘေးကြောင့် ပိတ်ဆို့ တားမြစ်မှုများ အသစ်တဖန် ပြန်လုပ် နေကြရသည့် အခြေအနေ ရှိနေပြီး ယင်းကို ထိန်းချုပ်နိုင်သည်၊ ထိန်းချုပ်နိုင်မည့် အလားအလာ မမြင်ရသေးသလို ကုသ၊ ကာကွယ်နိုင်မည့် ဆေးလည်း တရားဝင် မထွက်ပေါ်လာသေးပါ။ […]

ကုန်ကားသမားတွေ ကိုဗစ်အစစ်ခံပြီးမှ ဆက်သွားခွင့်ရမည်

diz_admin

October 9, 2020

ထားဝယ်ကထွက်မယ့် ကုန်ကားသမားတွေကို ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးနေပါတယ်၊ အဲဒီလိုစစ်ဆေးပြီး ကိုဗစ်ပိုးမတွေ့မှဘဲ ထောက်ခံချက်ပေးပြီး သွားလိုတဲ့ တိုင်းနဲ့ပြည်နယ်ကို သွားခွင့်ပြုနေတာပါ။ တနင်္သာရီတိုင်းထဲကို လာမယ့်ကုန်ကားသမားတွေမှာ ဘာတွေလိုအပ်လဲ၊ တိုင်းထဲက ပြန်ထွက်ရင်ရော ဘာတွေလိုအပ်ပါသလဲ။ နမူနာယူတဲ့နေရာမှာရော ကုန်ကားသမားတွေက ဘာတွေလိုအပ်နေလဲ ၊ဘယ်လိုအခက်အခဲတွေကြုံတွေ့နေရလဲဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်ပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက်

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ မဲပေးရွေးချယ်တဲ့ လွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာ ရှိပါတယ်။ အဲဒီ ၄၃ နေရာအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ပြိုင်မှာပါ။ ဝင်ပြိုင်သူတွေကို မဲဆန္ဒရှင်တွေ အကဲဖြတ်နိုင်ဖို့ သူတို့ရဲ့ အသံတွေကို ဖော်ပြပေးနေပါတယ်။ အခုကတော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထားဝယ်တိုင်းရင်းသားများပါတီက ဝင်ပြိုင်မဲ့ ဦးကျော်မင်းထိုက် ဖြစ်ပါတယ်။ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်မှာပါ။

လေးပစ်ခံရသူ ရွာသားလေးဦး

diz_admin

September 18, 2020

လေးပစ်ခံရသူ ရွာသားလေးဦး တပ်သိမ်းစွန့်လွှတ်မြေကို သွားခုတ်ထွင် ရှင်းလင်းမိလို့ ရွာသားတွေ တရားစွဲခံလိုက်ပါတယ်။ ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာသား လေးဦး တရားစွဲခံခဲ့ရတာပါ။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

diz_admin

September 17, 2020

အခုအခါ မြန်မာနိုင်ငံတွင်းမှာ အချင်းချင်းကူးစက်မှုတွေ များပြားလာပါတယ်။ အဲဒီ ကူးစက်မှု ကွင်းဆက်ကို ဘယ်လို ဖြတ်မလဲ။ ဘယ်မှာနေတာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် အဲဒီ ကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တဲ့နေရာမှာ ပါဝင်ကူညီနိုင်ပါတယ်။ အဲဒီအကြောင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်လေးကို Dawei Watch က ဘာသာပြန်ဆို တင်ဆက်ထားပါတယ်။